Main menu

Background

၂၀၂၂ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၁၂၈.၃ သန်းသို့ ရောက်ရှိနိုင်

Tue, 11/02/2021 - 13:15 -- journal_editor

             ၂၀၂၂ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၁၂၈.၃၅၆ သန်းအထိ ရောက်ရှိနိုင်ရန်ခန့်မှန်းထားကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံမှ ပြောင်းတန်ချိန် ၉၈.၈၈၇ သန်း စိုက်ပျိုး ထုတ်လုပ်ခဲ့ကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေးနှင့်အကြံပေးကုမ္ပဏီ Safras & Mercado ကုမ္ပဏီ၏သတင်းတွင် ဖော်ပြထားသည်။

               ၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံမှ ပြောင်းတန်ချိန် ၁၈.၀၈၀ တန်အား တင်ပို့နိုင်ရန်ခန့်မှန်း ထားပြီး ၂၀၂၂ ခုနှစ်တွင် ပြောင်းစေ့တန်ချိန် ၃၇.၇ သန်းအထိ တင်ပို့နိုင်ရန်မျှော်မှန်းထားကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ဘရာဇီးလ် နိုင်ငံ၏ပြောင်းတင်သွင်းမှုသည် တန်ချိန် ၁.၅၁ သန်း ရှိနိုင်ရန်ခန့်မှန်းထားပြီး ယခုနှစ်တင်သွင်းသည့် ပြောင်းပမာဏအောက် ၃.၀၆၀ သန်း လျှော့ကျနိုင်ရန် မျှော်မှန်းထားသည်။ ဘရာဇီးလ်နိုင်ငံ၏ပြောင်းလက်ကျန်သည် ယခုနှစ်တွင် တန်ချိန် ၄.၂၉၃ သန်း ရှိရန်ခန့်မှန်း ထားပြီး ၂၀၂၂ ခုနှစ်တွင်ပြောင်းတန်ချိန် ၁၁.၅၂၅ သန်းအထိရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

               ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ပြောင်းစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၁.၁၉၇ ဘီလီယံ အထိ ရောက်ရှိနိုင်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လအထိ ပြောင်းစိုက်ပျိုးထွက်ရှိမှုသည် တန်ချိန် ၁.၁၈၆ ဘီလီယံရှိပြီဖြစ်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန(the United States Department of Agriculture - USDA)၏ သတင်းတွင်ဖော်ပြထားသည်။ ၂၀၂၁-၂၀၂၂ ခုနှစ် သီးနှံကာလတွင် ကမ္ဘာ့ပြောင်းလက်ကျန်သည် တန်ချိန် ၂၈၄.၆၃ သန်း မှ ၂၉၇.၆၃ သန်းအထိရှိနိုင်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန(USDA)က ခန့်မှန်းတွက်ချက်ထားသည်။

           ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် အမေရိကန်နိုင်ငံ၏ ပြောင်းစိုက်ပျိုးထွက်ရှိမှုသည် တန်ချိန် ၃၈၀.၉၃ သန်းအထိ ရှိနိုင်ကြောင်း၊ ယခုနှစ်ဩဂုတ်လအထိ ပြောင်းစိုက်ပျိုးထွက်ရှိမှုသည် တန်ချိန် ၃၇၄.၆၈ သန်းအထိ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ဘရာဇီးလ်နိုင်ငံမှ ပြောင်းတန်ချိန် ၁၁၈ သန်း၊ အာဂျင်တီးနားနိုင်ငံမှ ပြောင်းတန်ချိန် ၅၃ သန်း၊ ယူကရိန်းနိုင်ငံမှ ပြောင်း တန်ချိန် ၃၉ သန်း၊ တောင်အာဖရိကနိုင်ငံမှ ပြောင်းတန်ချိန် ၁၇ သန်းနှင့် တရုတ်နိုင်ငံမှ ပြောင်းတန်ချိန် ၂၇၃ သန်းတို့ အသီသီး စိုက်ပျိုးထွက်ရှိနိုင်ကြောင်း USDA ၏သတင်းတွင် ခန့်မှန်းထားသည်။

              ၂၀၂၀-၂၀၂၁ ခုနှစ်သီးနှံရာသီတွင် ကမ္ဘာ့ပြောင်းလက်ကျန်သည် တန်ချိန် ၂၈၆.၄၈ သန်း ရှိခဲ့ပြီး အမေရိကန်နိုင်ငံမှ ပြောင်းတန်ချိန် ၃၆၀.၂၅ သန်း၊ ဘရာဇီးလ်နိုင်ငံမှ ပြောင်းတန်ချိန် ၈၆ သန်း၊ အာဂျင်တီးနာနိုင်ငံမှ ပြောင်းတန်ချိန် ၅၀ သန်း၊ ယူကိရိန်းနိုင်ငံမှ ပြောင်းတန်ချိန် ၃၀.၃ သန်း၊ တောင်အာဖရိကနိုင်ငံမှ ပြောင်းတန်ချိန် ၁၇.၂ သန်းနှင့် တရုတ်နိုင်ငံမှ ပြောင်းတန်ချိန် ၂၆၀.၆၇ သန်း အသီးသီးစိုက်ပျိုးထုတ်လုပ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

သတင်းရင်းမြစ် - canalrural.com.br

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး