Main menu

Background

နိုင်ငံခြားသားများကို ကူညီရန် ဘာသာစကားအမျိုးမျိုးဖြင့် hotline စတင်လိုက်သည့် တရုတ်နိုင်ငံ

Fri, 11/05/2021 - 11:17 -- journal_editor

နိုင်ငံခြားရေးရာများ၊ နိုင်ငံခြားနှင့် ဆက်နွယ်နေသည့် လုပ်ငန်းများနှင့် အကူ အညီလိုအပ်နေသည့် ကျွမ်းကျင်သူများကို ကူညီရန် ထိရောက်ပြီး အရည်အသွေးမြင့်သည့် အများပြည်သူဝန်ဆောင်မှုများပေးနိုင်ရေးအတွက် တရုတ်နိုင်ငံက အောက်တိုဘာလ (၂၈) ရက်နေ့တွင် ဘာသာစကားအမျိုးမျိုးဖြင့် ဝန်ဆောင်မှုပေးနိုင်သည့် (၁၂၃၄၅) hotlineကို စတင်လိုက်ပါသည်။

Hotlineနံပါတ် (၁၂၃၄၅) ကို ခေါ်ဆိုပြီး နံပတ် (၃)ကို နှိပ်မည်ဆိုပါက နိုင်ငံခြားသားများအတွက် ကောင်စစ်ရေးရာကိစ္စများ၊ ဗီဇာကိစ္စများ၊ APEC Business Travel Cardကိစ္စများနှင့်  ကာကွယ်ဆေးကိစ္စများအတွက် အသံဖြင့် လမ်းညွှန်ချက်များကို နားထောင်နိုင်မည်ဖြစ်ပါသည်။

ဝန်ဆောင်မှုပေးသည့်အချိန်မှာ တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် (၉) နာရီမှ မွန်းတည့်ချိန်အထိနှင့် နေ့လည် (၂) နာရီမှ ညနေ (၆) နာရီအထိ ဖြစ်ပါသည်။

ဖုန်းအော်ပရေတာများက အင်္ဂလိပ်ဘာသာဖြင့် ဝန်ဆောင်မှုပေးကာ၊ ကျိုးဟိုင်နိုင်ငံခြားရေးရုံးက ဂျပန်၊ ကိုရီးယား၊ ဂျာမန်နှင့် ရုရှားဘာသာစကားများ ပံ့ပိုးကူညီ ပေးပါသည်။

၎င်းဝန်ဆောင်မှုမှာ ကြိုဆိုမှုများနှင့် တာဝန်ယူမှုများကို တပြေးညီဖြစ်စေကာ၊ အချိန်မီ အကြောင်းပြန်ကြားပေးလျက်၊ စောဒကတက်မှုများကို ဖြေရှှင်းပေးခြင်းနှင့် ဝန်ဆောင်မှုအသုံးပြုသူများထံမှ တုံ့ပြန်ချက်များကို ကောက်ယူစုဆောင်းပါသည်။

ယခုကဲ့သို့ ဘာသာစကားအမျိုးမျိုးဖြင့် hotlineဝန်ဆောင်မှုပေးခြင်းမှာ ခေတ်မီ အပြည်ပြည်ဆိုင်ရာအဆင့်မြှင့်တင်ထားသည့် အထူးစီးပွားရေးဇုန်တည်ဆောက်ရေး ကို အရှိန်မြှင့်တင်ကာ၊ ကျိုးဟိုင်၏ အပြည်ပြည်ဆိုင်ရာစီးပွားရေးပတ်ဝန်းကျင်အား အကောင်းဆုံးဖြစ်စေရန်အတွက်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရင်းမြစ်၊ Chinadaily.com.cn(၁-၁၁-၂၀၂၁)

ဒေါက်တာရွှေစင်ကို

စီးပွားရေးသံမှူး