Main menu

Background

အောက်တိုဘာလ နောက်ဆုံးရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံရှိ ရာဘာတု (Butadiene rubber) ဈေးကွက် ကျဆင်းခဲ့

Fri, 11/05/2021 - 11:23 -- journal_editor

အောက်တိုဘာလနောက်ဆုံးရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံ၏ ပြည်တွင်းရာဘာတုဈေးကွက် ကျဆင်းခဲ့ပါသည်။ အောက်တိုဘာလ (၂၆) ရက်နေ့တွင် ရာဘာတု တစ်တန်လျှင် ယွမ်ငွေ (၁၄,၈၂၀) ရှိခဲ့ပြီး၊ ၎င်းရက်သတ္တပတ်အစောပိုင်း၌ ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်း တစ်တန်လျှင် ယွမ်ငွေ (၁၅,၂၆၀)မှ (၂.၈၈) ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်ပါသည်။ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း နိုင်ငံတကာ ရေနံစိမ်းဈေးနှုန်း အတက် အကျရှိခဲ့ကာ၊ ကုန်ကျစရိတ်မှာ ပြည်တွင်းဓာတုဗေဒဆိုင်ရာဈေးကွက်တွင် ရေတိုကာလ ဆိုးကျိုးများ ဖြစ်ပေါ်စေပါသည်။

Daqing၊Qilu၊Yanshanနှင့် စီချွမ်းရှိတရုတ်ပြည်တွင်းထုတ်ရာဘာတု၏ ဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၁၄,၄၀၀)မှ (၁၅,၀၀၀) ကြားတွင် ရှိနေပါသည်။ရာဘာတုထုတ်လုပ်ရာတွင် ပါဝင်သည့် butadieneကုန်ကြမ်း၏ ဈေးနှုန်းမှာ  ကျဆင်းနေပါသည်။ အောက်တိုဘာလ (၂၉) ရက်နေ့တွင် butadieneတစ်တန်လျှင် ယွမ်ငွေ (၇,၉၉၁)ရှိခဲ့ကာ၊ ၎င်းရက်သတ္တပတ်အစောပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် တစ်တန်လျှင် ယွမ်ငွေ  (၈,၄၃၅)မှ (၅.၂၇) ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

တစ်ဖက်တွင်မူ ဈေးနှုန်းအကြီးအကျယ် မြင့်တက်ခဲ့ပြီးနောက် အောက်တိုဘာလ (၁၉) ရက်နေ့နောက်ပိုင်းတွင် ပြန်လည်ကျဆင်းခဲ့သည့် သဘာဝရာဘာဈေးနှုန်းမှာ အနည်းငယ် ပြန်လည်မြင့်တက်လာပါသည်။အောက်တိုဘာလ (၂၉) ရက်နေ့တွင် ပြည်တွင်းရှိ သဘာဝရာဘာတစ်တန်လျှင် ယွမ်ငွေ (၁၃,၇၂၃) ဖြစ်ပါသည်။ ၎င်းဈေးနှုန်းမှာ ယင်းရက်သတ္တပတ်အစောပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်း တစ်တန်လျှင် ယွမ်ငွေ  (၁၃,၅၈၃)မှ (၁.၀၃) ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်ပါသည်။

သဘာဝရာဘာဈေးနှုန်း မြင့်တက်လာခြင်းက cis-polybutadieneရာဘာ ကို အကျိုးအမြတ်ရရှိစေနိုင်ပါသည်။ လက်ရှိအချိန်တွင် cis-polybutadieneရာဘာ ဈေးနှုန်း မြင့်နေသော်လည်း၊ ၎င်းရာဘာကို အသုံးပြုသည့်ဈေးကွက်မှာမူ ဈေးနှုန်းကြောင့် ဝယ်လိုအား ရပ်တန့်နေပါသည်။ ထို့ကြောင့် နောက်ပိုင်းတွင် ရာဘာတုဈေးကွက် သိသိ သာသာကျဆင်းနိုင်မည်ဟု SunSirsမှ ဈေးကွက်သုံးသပ်သူများက ခန့်မှန်းထားပါသည်။

ရင်းမြစ်၊ SunSirs (၁-၁၁-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊

စီးပွားရေးသံမှူး