Main menu

Background

ရေနံစိမ်းထုတ်လုပ်ထွက်ရှိမှုမြင့်မားလာခဲ့ခြင်း

Mon, 11/08/2021 - 15:13 -- journal_editor

               ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်း တရုတ်နိုင်ငံသည် ရေနံစိမ်းတန်ချိန် (၁၆.၆၁) သန်း ထွက်ရှိလာခြင်းကြောင့် ပြီးခဲ့သည့်နှစ်၊ ကာလတူကထက် (၃.၂) ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု တရုတ်အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ကြေညာချက်အရ သိရှိရပါသည်။ အဆိုပါကာလအတွင်း ထုတ်လုပ်ထွက်ရှိမှုသည် ပြီးခဲ့သည့်လနှင့် နှိုင်းယှဉ်ပါက (၀.၉) ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီးနိုင်ငံ၏ နေ့စဉ်ရေနံစိမ်းပျမ်းမျှထွက်ရှိမှုသည် (၅၅၄, ၀၀၀) တန်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ ပထမ (၉) လတာ ကာလ အတွင်း တရုတ်နိုင်ငံ၏ ရေနံစိမ်းထုတ်လုပ်ထွက်ရှိမှုသည် တန်ချိန် (၁၄၉.၈၄) သန်းရှိရာ ပြီးခဲ့သည့်နှစ်၊ ကာလတူကထက် (၂.၅) ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ စက်တင် ဘာလအတွင်း ပြည်ပ နိုင်ငံများမှ ရေနံစိမ်းတင်သွင်းမှုသည် တန်ချိန် (၄၁.၀၅) သန်းရှိသည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူ ကထက် (၁၅.၃) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ပထမ (၉) လတာကာလအတွင်း ရေနံစိမ်း စုစုပေါင်းတန်ချိန် (၃၈၇.၄) သန်း တင်သွင်းခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူကထက် (၆.၈) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

Source: http://www.chinadaily.com.cn/a/202110/24/WS61750af5a310cdd39bc70d8d.html

(ရွှေစင်ဦး၊စီးပွားရေးသံမှူး)