Main menu

Background

ပြည်ပကုန်သွယ်မှုတိုးတက်မှုနှုန်းနှေးကွေးလာခဲ့ခြင်း

Mon, 11/08/2021 - 15:14 -- journal_editor

             ၂၀၂၁ခုနှစ်၊ ပထမ(၉)လတာကာလအတွင်းတရုတ်နိုင်ငံ၏ ပြည်ပနိုင်ငံများသို့ ကုန်စည်စုစုပေါင်း ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ(၄.၃၉)ထရီလီယံရရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့်နှစ်၊ ကာလ တူကထက်(၂၂.၇)ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ အဆိုပါကာလအတွင်း တရုတ်နိုင်ငံမှ ပြည်ပနိုင်ငံ များသို့ တင်ပို့မှုပမာဏ၊ တရုတ်ယွမ်ငွေ(၁၅.၅၅)ထရီလီယံရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူ ကထက် (၂၂.၇)ရာခိုင်နှုန်း တိုးတက်လာခဲ့သည့်နည်းတူ သွင်းကုန်ပမာဏ တရုတ်ယွမ်ငွေ (၁၂.၇၈) ထရီ လီယံရရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့်နှစ်၊ ကာလတူကထက်(၂၂.၆)ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ အဆို ပါပမာဏသည် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ပြည်ပကုန်သွယ်မှုပမာဏ(၂၃.၄)ရာခိုင်နှုန်း၊ တင်ပို့မှု(၂၄.၅) ရာခိုင်နှုန်းနှင့် တင်သွင်းမှု (၂၂) ရာခိုင်နှုန်းအသီးသီး တိုးတက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုသည် ၂၀၂၁ခုနှစ်၊ ပထမလေးလပတ်အတွင်း ပြီးခဲ့သည့်နှစ်ကထက်(၂၉.၇)ရာခိုင်နှုန်း၊ ဒုတိယ လေးလပတ်အတွင်း(၂၅.၂)ရာခိုင်နှုန်း၊ တတိယလေးလပတ်အတွင်း (၁၅.၂)ရာခိုင်နှုန်း မြင့်တက်လာခဲ့ သည့်အတွက် နိုင်ငံခြားကုန်သွယ်မှုတိုးတက်နှုန်း ကျဆင်းလာခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ကုန်သွယ်မှု အပေါ် သက်ရောက်နိုင်သည့်အချက်အလက်များစွာရှိနေနိုင်ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုသည် ကုန်သွယ်မှုအပေါ် ဆက်လက်အထောက်အကူပြုစေမည်ဖြစ်သော်လည်း နိုဗယ်ကိုရို နာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာသည့်မသေချာမှုများကြောင့် ရိုက်ခတ်မှုများဖြစ်ပေါ်လာကြောင်း တရုတ် နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
source: https://www.globaltimes.cn/page/202110/1236172.shtml

 (ရွှေစင်ဦး၊စီးပွားရေးသံမှူး)