Main menu

Background

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ထိရောက်စွာ အသုံးချနိုင်ရေးစီမံကိန်းထုတ်ပြန်ခဲ့ခြင်း

Mon, 11/08/2021 - 15:15 -- journal_editor

          တရုတ်နိုင်ငံ၏ (၁၄) ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ ဖြစ်သည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအား ထိရောက်စွာအသုံးပြုနိုင်ရန် စီမံကိန်းတစ်ရပ်အား တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ ထုတ်ပြန်ခဲ့ရာတွင် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ အရည်အသွေးမြင့်မားသည့် အရင်းအမြစ်များ အား ဆွဲဆောင်နိုင်စေရေးအတွက် ဖွင့်လှစ်ပေးမှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအားထိရောက်စွာအသုံးပြုရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တည်ငြိမ်မှု ရှိစေရေးတို့ကို ပိုမိုတိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များသည် စက်မှုလုပ်ငန်းများ၊ တန်ဖိုးချိတ်ဆက်ကူးပြောင်းမှုများ ပိုမိုတိုးတက်လာစေရန်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် ဝန်းကျင်ကောင်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်မှု မြင့်မားသည့်နိုင်ငံများအနက် ထိပ်တန်းမှ ရပ်တည်လျက်ရှိသည့်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုထိရောက်စွာအသုံးပြုသည့်နိုင်ငံအဖြစ် ရပ်တည်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသုံးပြုသည့်ပုံစံ ပိုမိုတိုးတက်လာစေရန်၊ ပြည်ပနိုင်ငံများသို့ သွားရောက် ရင်းနှီးမြှုပ်နှံမှု၊ ပြည်ပကုန်သွယ်မှုနှင့် ပြည်တွင်းဝယ်လိုအားတို့အကြား ချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးလာစေရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် (၁၃)ကြိမ်မြောက် ငါးနှစ်တာ စီမံကိန်းကာလအတွင်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ(၆၉၈.၉)ဘီလီယံ အသုံးပြုခဲ့ရာ (၁၂)ကြိမ်မြောက် ငါးနှစ်တာ စီမံကိန်းကာလကထက် (၁၀.၄) ရာခိုင်နှုန်းအထိ တိုးတက် ခဲ့ပြီး စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: http://www.chinadaily.com.cn/a/202110/25/WS61761d7ca310cdd39bc710cc.html

 (ရွှေစင်ဦး၊စီးပွားရေးသံမှူး)