Main menu

Background

နိုဝင်ဘာလတွင် ဘရာဇီးလ်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၂.၆ သန်း တင်ပို့နိုင်ရန်မျှော်မှန်း

Thu, 11/11/2021 - 10:09 -- journal_editor

      ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဘရာဇီးလ်နိုင်ငံမှ ပဲပုတ်စေ့တန်ချိန် ၂.၆ သန်းအား တင်ပို့နိုင်ရန်မျှော်မှန်းထားပြီး ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ပဲပုတ်စေ့တန်ချိန် ၂.၉၉ သန်းနှင့် နိုဝင်ဘာလတွင် ပဲပုတ်စေ့တန်ချိန် ၇၇၀,၃၀၀ တန်တို့အား အသီးသီး တင်ပို့ခဲ့ကြောင်း National Association of Cereal Exporters (Anec)၏ သတင်းတွင် ဖော်ပြထားသည်။

       ယခုနှစ် အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၆ ရက်အတွင်း ပဲပုတ်စေ့တန်ချိန် ၃၈၆,၈၀၀ တန်အား တင်ပို့ခဲ့ပြီး နိုဝင်ဘာလ ၇ ရက်မှ ၁၃ ရက်အထိကာလတွင် ပဲပုတ်စေ့တန်ချိန် ၇၀၄,၇၇၀ တန်အား တင်ပို့နိုင်ခဲ့ကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှနိုဝင်ဘာလအထိ ပဲပုတ်စေ့တန်ချိန် ၈၄.၅၆ သန်းအား တင်ပို့နိုင်ရန်မျှော်မှန်းထားကြောင်း ANEC က ပြောကြားခဲ့သည်။

           ပဲပုတ်စေ့စားသောက်ကုန်ပစ္စည်းတင်ပို့မှုတွင် ယခုနှစ် အောက်တိုဘာလတွင် တန်ချိန် ၁.၃၄ သန်းအား တင်ပို့ခဲ့ပြီး နိုဝင်ဘာလအတွင်း တန်ချိန် ၁.၂၂ သန်းအားတင်ပို့နိုင်ရန် ခန့်မှန်း ထားကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ပဲပုတ်စေ့တန်ချိန် ၁.၃၂ သန်းအား တင်ပို့နိုင် ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် နှစ်ကုန်ချိန်တွင် စုစုပေါင်းတင်ပို့မှုသည် တန်ချိန် ၁၅.၃၁ သန်းအား တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း ANEC၏ သတင်းတွင် ဖော်ပြထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br