Main menu

Background

ကမ္ဘာ့ကုန်စည်ထုတ်လုပ်မှုကွင်းဆက်များနှင့် ကပ်ရောဂါကာကွယ်ကုသရေးတို့ကို ပံ့ပိုးကူညီပေးနေသည့် တရုတ်-ဉရောပ အဝေးပြေးမီးရထားလမ်းများ

Thu, 11/11/2021 - 13:58 -- journal_editor

     နိုဝင်ဘာလ (၁၁) ရက်နေ့တွင် တရုတ်နိုင်ငံ၊ ကွမ်ကျိုးပြည်နယ်ရှိ Dalangဘူတာမှ ရုရှားနိုင်ငံ၊ Vorsinoဘူတာသို့ တရုတ်-ဉရောပ အမြန်ရထား X8426ကို စတင် ပြေးဆွဲလိုက်ပြီဖြစ်ပါသည်။ ဤရထားသည် ယခုနှစ်အတွင်း ကွမ်တုန်း-ဟောင်ကောင်- မကာအို မဟာပင်လယ်အော်ဒေသ(GBA)မှ အမှတ်စဉ် (၃၀၀)မြောက်စတင်ခဲ့သည့် တရုတ်-ဉရောပ ရထားဖြစ်ကာ၊ ယခင်နှစ်ကပြေးဆွဲခဲ့မှုထက် (၇၇.၆) ရာခိုင်နှုန်း တိုးတက်လာသည် ကို တွေ့ရပါသည်။

      China Railway Guangzhou Group Co., Ltd.,၏ ပြောကြားချက်အရ ယခု နှစ်အတွင်း GBAမှ ရထားစင်းရေ (၁၅,၀၅၁)စင်းကို ပြေးဆွဲခဲ့ကာ ကုန်စည်တန်ချိန်ပေါင်း (၁၅၆,၉၀၀)တန်ကို တင်ဆောင်နိုင်ခဲ့ပြီး၊  ယခင်နှစ်ကထက် တိုးတက်မှုနှုန်း (၄၀.၃) ရာခိုင်နှုန်းဖြစ်ကြောင်း၊ ယခုနှစ်အတွင်း GBAမှ ရထားစင်းရေ (၃၅၀) ထပ်မံပြေးဆွဲဉီးမည် ဖြစ်၍ စံချိန်တင်မည်ဖြစ်ကြောင်း သိရပါသည်။

      ၂၀၁၃ ခုနှစ်တွင် GBAမှ တရုတ် -  ဉရောပ အဝေးပြေးရထားလမ်းစတင် ပြေးဆွဲချိန်မှစကာ တုန်းကွမ် (Dongguan)၊ ကွမ်ကျိုးနှင့် ရှန်းကျန့်တို့မှာ အချက်အချာနေရာ များ ဖြစ်လာပါသည်။ ဤရထားလမ်း၏ ဆက်သွယ်မှုကြောင့် GBAနှင့် ရထားလမ်း တစ်လျှောက်ရှိ မြို့များနှင့် အခြားနိုင်ငံများကြားတွင် ပိုမိုခင်မင်ရင်းနှီးသည့် ဆက်ဆံရေး များ ရှိလာပါသည်။

    ယခုနှစ်အတွင်း ကွမ်ကျိုးပြည်နယ်၊ Xiayuanမှ ပိုလန်နိုင်ငံ၊ Malaszewiczeသို့လည်းကောင်း၊ ဉဇဘက်ကစ္စတန်နိုင်ငံ၊ Tashkentမှ တုန်းကွမ်ရှိ Changpingသို့လည်း ကောင်း အဝေးပြေးရထားများ စတင်ပြေးဆွဲခဲ့ရာ၊ GBAမှ ထွက်ခွာသည့် တရုတ်-ဥရောပ အဝေးပြေးရထားလမ်းကြောင်းပေါင်း (၁၇) လိုင်းရှိလာပြီဖြစ်ပါသည်။ ၎င်းရထားလမ်းများ ဖြင့် ကုန်စည်အမျိုးအစားပေါင်း (၇၀၀)ကျော်ကို ကုန်သွယ်မှုပြုလျက်ရှိပါသည်။

    ၂၀၂၀ ပြည့်နှစ်မှစတင်ကာ နိုင်ငံဖြတ်ကျော် e-commerceအတွက် တစ်ခုတည်းသော တရုတ် - ဉရောပ အဝေးပြေးမီးရထားလမ်းအဖြစ် ရှန်းကျန့်ဘူတာမှ ရထားတွဲပေါင်း (၃,၆၉၅)တွဲဖြင့် စတင်ပြေးဆွဲပေးခဲ့ကာ၊ မူလက ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်ပြေးဆွဲ ပေးခဲ့ရာမှ နောက်ပိုင်းတွင်  တစ်ပတ်လျှင် လေးကြိမ်ပြေးဆွဲခဲ့ပါသည်။

     တရုတ်နှင့် ဉရောပ အဝေးပြေးမီးရထားလမ်း ဝန်ဆောင်မှုများကို အသုံးပြုလိုအား ပိုမိုများပြားလာကာ၊ လေယာဉ်နှင့် သင်္ဘောတို့ဖြင့် တင်ပို့လိုအား လျော့နည်းလာပါသည်။ အထူးသဖြင့် အွန်လိုင်းမှ ဈေးရောင်းသူများသည် နိုင်ငံခြားမှ ဖောက်သည်များအတွက် ပိုမိုမြန်ဆန်သည့် ရထားလမ်းကို ပိုမိုအသုံးပြုလိုကြပါသည်။

     တရုတ်-ဉရောပ မီးရထားလမ်းမှာ လူသုံးကုန်လုပ်ငန်းနှင့် စက်မှုလုပ်ငန်း ကွင်းဆက်များအတွက် ကုန်စည်ပံ့ပိုးခြင်းအပြင်  ကပ်ရောဂါထိန်းချုပ်ကာကွယ်ရာတွင် လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ တုန်းကွမ် (Dongguan)နှင့် ရှန်းကျန့် တို့မှ အခြားနိုင်ငံများသို့ မီးရထားဖြင့် နှာခေါင်းစည်းနှင့် ဆေးဝါးပစ္စည်းများကဲ့သို့ ကပ်ရောဂါကာကွယ်ရေးပစ္စည်း တန်ချိန်ပေါင်း (၂၁၆,၅၀၀) တန်ကို တင်ပို့ထားပြီးဖြစ် ကြောင်း သတင်းရရှိပါသည်။

ရင်းမြစ်၊ newsgd.com (၅-၁၁-၂၀၂၁)

ဒေါက်တာရွှေစင်ကို    

စီးပွားရေးသံမှူး