Main menu

Background

တရုတ်နိုင်ငံ၏ မက်ခရိုစီးပွားရေးအခြေအနေများ

Fri, 11/19/2021 - 14:32 -- journal_editor

           စီးပွားရေးအခြေအနေကို တိုင်းတာရာတွင်  အရေးကြီးသည့်အညွှန်းကိန်းဖြစ် သော တရုတ်နိုင်ငံ၏တန်ဖိုးဖြည့် စက်မှုကုန်ထုတ်လုပ်မှုမှာ အောက်တိုဘာလအတွင်း (၃.၅) ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ စက်တင်ဘာလအတွင်းက တိုးတက်မှုနှုန်းမှာ (၃.၁) ရာခိုင် နှုန်းဖြစ်ကြောင်း အမျိုးသားစာရင်းအင်းဗျူရို၏ အချက်အလက်များအရ သိရပါသည်။

       အောက်တိုဘာလအတွင်း တရုတ်နိုင်ငံ၏ လက်လီရောင်းချမှုတွင် (၄.၉) ရာခိုင်နှုန်းတိုးတက်ခဲ့ကာ၊ အိမ်ခြံမြေဈေးကွက်မှာမူ ပိုမိုတင်းကြပ်လာသည့် ဈေးကွက်စည်းမျဉ်းများအောက်တွင် ဆက်လက်ကျဆင်းလာကြောင်းသိရ ပါသည်။

         စက်တင်ဘာလမှ အောက်တိုဘာလကြားတွင် ပထမတန်းမြို့ကြီး (၄)မြို့မှ အိမ်အသစ်ဈေးနှုန်းများ အပြောင်းအလဲမရှိခဲ့သော်လည်း၊  အိမ်အသစ်ဈေးနှုန်းမှာ အောက်တိုဘာလအတွင်း ဒုတိယတန်းမြို့ပေါင်း (၃၁) မြို့တွင် (၀.၂) ရာခိုင်နှုန်းနှင့် တတိယအဆင့် မြို့ပေါင်း (၃၅)မြို့တွင် (၀.၃)ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ပါသည်။               

ရင်းမြစ်၊ Xinhua (၁၅-၁၁-၂၀၂၁)

(ဒေါက်တာရွှေစင်ကို)

စီးပွားရေးသံမှူး