Main menu

Background

တရုတ်ဈေးကွက်၌ အဖိုးတန်သတ္တုဈေးနှုန်းများ အမြင့်ပိုင်း၌ရှိနေ ၊ အဖိုးတန်သတ္တုလက်ငင်းအဝယ်ဈေးနှုန်းလမ်းကြောင်းများ

Fri, 11/19/2021 - 14:46 -- journal_editor

         နိုဝင်ဘာလ (၁၂)ရက်နေ့အစောပိုင်း အရောင်းအဝယ်တွင် ငွေသတ္တု၏ ပျမ်းမျှ ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် (၅,၁၆၂.၃၃)ယွမ် ဖြစ်ပါသည်။ ၎င်းဈေးနှုန်းမှာ နိုဝင်ဘာလ (၁) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှဈေးနှုန်း တစ်ကီလိုဂရမ်လျှင် ယွမ်ငွေ (၄,၈၄၆)နှင့် နှိုင်းယှဉ်ပါက (၆.၅၃) ရာခိုင်နှုန်း တက်လာခဲ့ခြင်းဖြစ်ပြီး၊  ယခုနှစ် ဇန်နဝါရီလ (၁)ရက် နေ့တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ကီလိုဂရမ်လျှင် ယွမ်ငွေ (၅,၅၅၀)နှင့် နှိုင်းယှဉ်ပါက (၆.၉၉) ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်ပါသည်။

           နိုဝင်ဘာလ (၁၅)ရက်နေ့တွင်မူ ငွေသတ္တုပျမ်းမျှဈေးနှုန်းမှာ တစ်ကီလိုဂရမ် လျှင် ယွမ်ငွေ (၅,၁၀၀.၆၇) သို့ပြန်လည်ကျဆင်းခဲ့ရာ၊ နိုဝင်ဘာလ (၁၂) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက (၁.၁၉) ရာခိုင်နှုန်း၊ ယခုနှစ် ဇန်နဝါရီလ (၁)ရက် နေ့တွင် ဖြစ်ပေါ်ခဲ့သည့်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက (၈.၁၀) ရာခိုင်နှုန်း ကျဆင်းခဲ့ပါ သည်။

        နိုဝင်ဘာလ (၁၂)ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ရွှေသတ္တုလက်ငင်းဈေးနှုန်းမှာ တစ်ဂရမ်လျှင် ယွမ်ငွေ (၃၈၂.၃၂) ဖြစ်ပါသည်။ ၎င်းဈေးနှုန်းသည် နိုဝင်ဘာလ (၅) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှဈေးနှုန်း တစ်ဂရမ်လျှင် ယွမ်ငွေ(၃၇၀.၅၁)မှ (၁.၉၅) ရာခိုင်နှုန်း တက်လာခဲ့ပြီး၊ ယခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်း တစ်ဂရမ်လျှင် (၃၉၂.၇၀)ယွမ်နှင့်နှိုင်းယှဉ်ပါက (၂.၆၄) ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်ပါ သည်။

           နိုဝင်ဘာလ (၁၅)ရက်နေ့တွင်မူ ရွှေသတ္တုလက်ငင်းဈေးနှုန်းမှာ တစ်ဂရမ်လျှင် ယွမ်ငွေ (၃၈၁.၃၁) ဖြစ်ပါသည်။ ၎င်းဈေးနှုန်းသည် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက  (၀.၂၆) ရာခိုင်နှုန်း၊ ယခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက  (၂.၉၀) ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

(ဒေါက်တာရွှေစင်ကို)

စီးပွားရေးသံမှူး