Main menu

Background

လုပ်သားရှားပါးမှုနှင့်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ပြဿနာများကဘယ်လ်ဂျီယံနိုင်ငံ၏စီးပွားရေးနာလန်ထူမှုကိုနှောင့်နှေးစေလျက်ရှိ

Mon, 11/22/2021 - 11:30 -- journal_editor

ဘယ်လ်ဂျီယံနိုင်ငံရှိ ကုမ္ပဏီများ၏လက်ရှိဝင်ငွေမှာ ကိုဗစ်၁၉ကပ်ရောဂါမတိုင်မီကအဆင့်ထက်သာလွန်မှုများရှိလာပြီ ဖြစ်သော်လည်း စီးပွားရေးလုပ်ငန်းအများစုသည် လုပ်သားရှားပါးမှုနှင့်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ ပြဿနာ များကို ရင်ဆိုင်နေကြရကြောင်းနှင့်ယင်းအချက်(၂) ချက်သည်ဘယ်လ်ဂျီယံနိုင်ငံ၏ စီးပွားရေးပြန်လည်နာလန်ထူမှု ကိုနှောင့်နှေးစေလျက်ရှိကြောင်း သိရပါသည်။

ဘယ်လ်ဂျီယံနိုင်ငံအမျိုးသားဘဏ် (National Bank) မှလုပ်ငန်းပေါင်း (၂၀၀၀) ကျော်ကိုကောက်ယူခဲ့သည့် စစ်တမ်းအရ၎င်းလုပ်ငန်းများ၏ ထက်ဝက်ကျော်သည် ဝန်ထမ်းခေါ်ယူမှုပိုင်းတွင် အခက်အခဲများရှိကြောင်း၊ အဆိုပါပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် ၎င်းတို့အနေဖြင့် အလုပ်သမားများအား အလုပ်ခွင်ဆိုင်ရာဖြေလျှော့မှုများဖြင့် ကမ်းလှမ်းခြင်းနှင့်ပို၍မြင့်မားသောလုပ်ခလစာဖြင့် ခေါ်ယူခြင်းများကို ဆောင်ရွက်ကြရကြောင်း သိရပါ သည်။

ဘယ်လ်ဂျီယံရှိကုမ္ပဏီများသည်၎င်းတို့၏လက်ရှိဝန်ထမ်းများကိုထိန်းထားနိုင်ရေး (သို့မဟုတ်) ဝန်ထမ်းသစ်များအားဆွဲဆောင်ခေါ်ယူနိုင်ရေး တို့အတွက်မတူညီသော နည်းဗျူဟာများ ဖြင့်ချမှတ်ဆောင်ရွက်လျက်ရှိကြကြောင်း၊ ဥပမာအားဖြင့် ပုံမှန်ခေါ်ယူနေကျပထဝီဒေသပြင်ပနိုင်ငံများမှ လုပ်သားအသစ်များကိုခေါ်ယူမှုရှိကြောင်း၊ သို့ရာတွင်မြင့်မားသောလုပ်ခလစာများဖြင့် ခေါ်ယူရန်ကမ်းလှမ်းရခြင်းကြောင့် ကုမ္ပဏီများ အတွက် ဖိအားပိုများလာလျက်ရှိကြောင်း သိရပါသည်။

ရင်းမြစ်-   https://www.vrt.be/

ကျော်စိန်ဝင်း၊  

စီးပွားရေးသံမှူး