နိုဝင်ဘာလ (၂၃)ရက်နေ့တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းပဲပုပ်ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါသည်။ China Grain Storage Co., Ltd.၏ တိုက်ရိုက် မိတ်ဖက်ကုမ္ပဏီများက သတ်မှတ်ဈေးနှုန်း တစ် cattyလျှင် (၃.၁၅) ယွမ်ဖြင့် ယခု ထွက်ပေါ်လာသောပဲပုပ်အသစ်များကို ဝယ်ယူရန် စာရင်းပေးသွင်းထားကြသည်။
ပဲပုပ်အဓိကထွက်ရှိရာဒေသများတွင် ဖြစ်ပေါ်နေသည့်ဈေးနှုန်းမှာ တစ် cattyလျှင် ယွမ်ငွေ (၃.၀၅) မှ (၃.၁၀)ကြား ဖြစ်သောကြောင့်၊ State Treasuryမှ ကျောထောက် နောက်ခံပြုပေးထားသည့် ဈေးကွက်၏ အဝယ်ဈေးနှင့် ပြည်တွင်းပဲပုပ်ဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။
ရင်းမြစ်၊ SunSirs (၂၄-၁၁-၂၀၂၁)
ဒေါက်တာရွှေစင်ကို
စီးပွားရေးသံမှူး