Main menu

Background

တရုတ်နိုင်ငံတွင် ဆေးဝါးကုန်ကြမ်းဈေးကွက် အမြင့်ပိုင်း၌ ဆက်လက်ရှိနေ

Fri, 11/26/2021 - 15:21 -- journal_editor

        နိုဝင်ဘာလ (၂၀)ရက်နေ့တွင် တရုတ်ဆေးဝါးကုန်ကြမ်းအညွှန်းကိန်းမှာ (၁,၃၄၁)မှတ်ဖြစ်ခဲ့ပြီး၊ စံချိန်တင်မြင့်မားခဲ့ပါသည်။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့ တွင် ဖြစ်ပေါ်ခဲ့သည့်အနိမ့်ဆုံးအမှတ် (၉၇၅)မှတ်နှင့် နှိုင်းယှဉ် ကြည့်ပါက (၃၇.၅၄) ရာခိုင် နှုန်း မြင့်တက်လာခြင်း ဖြစ်ပါသည်။

         နိုဝင်ဘာလ ဒုတိယရက်သတ္တပတ်အတွင်း တရုတ်ဆေးဝါးကုန်ကြမ်းစာရင်း အနက် အမယ် (၂)မျိုးဖြစ်သည့် Angelica နှင့် Ophiopogon တို့၏ ဈေးနှုန်းများမှာ (၁.၀၃) ရာခိုင်နှုန်းနှင့် (၀.၇၄) ရာခိုင်နှုန်း အသီးသီးမြင့်တက် လာပြီး၊ အမယ် (၆)မျိုးမှာ ဈေးနှုန်း တည်ငြိမ်နေကာ၊ ဈေးနှုန်းကျဆင်းသွားသည့် ကုန်ကြမ်းအမယ်မရှိကြောင်း သိရပါသည်။

Angelica               

       Angelicaမှာ လက်ရှိထုတ်လုပ်နေသည့် ကုန်ပစ္စည်းအသစ်ဖြစ်ပြီး၊ ဈေးကွက် ပေါက်ဈေးမှာ တစ်ကီလိုဂရမ်လျှင် ယွမ် (၄၀)ဝန်းကျင် ရှိပါသည်။ အရည်အသွေးကောင်းမွန်သည့် ကုန်ကြမ်းဖြစ်လျှင်  (၄၆) ယွမ်မှ (၅၅) ယွမ်ကြား ဈေးပေါက်ပါသည်။ ဆေးဝါးထုတ်လုပ်သည့်စက်ရုံများသို့ ရောင်းချသည့်ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် (၃၅) ယွမ်မှ (၃၆.၅) ယွမ်ကြား ဖြစ်ပါသည်။

        Angelicaအပိုင်းအစအသေးများ၏ ဈေးနှုန်းမှာ တစ်ကီလိုလျှင် (၃၆.၅) ယွမ်မှ (၃၇.၅) ယွမ်ကြား၊ အလယ်အလတ်အရွယ်အစားမှာ တစ်ကီလိုလျှင် (၃၈) ယွမ်မှ (၄၀) ယွမ်ကြား၊ အကြီးစား အပိုင်းအစများမှာ တစ်ကီလိုလျှင် (၄၁) ယွမ်မှ (၄၃) ယွမ်ကြား ဈေးရှိပါသည်။ လတ်ဆတ်သည့် Angelicaကုန်ပစ္စည်းများကို တရုတ်ပြည်တွင်းမှ အမှာရှိ ပါက အဓိကရောင်းချပြီး ဈေးနှုန်းမှာ တစ် catty  လျှင် (၄.၅) ယွမ်မှ (၆.၅) ယွမ်ကြား ဖြစ် ပါသည်။

Ophiopogon japonicas

     မကြာသေးမီက ရှဉ့်မတက်ပင်မျိုးအုပ်စုဝင် Ophiopogonjaponicas ဆေးဝါးကုန်ကြမ်းအမယ်ကို ကုန်သည်အချို့က လိုက်လံဝယ်ယူနေကာ၊ ရောင်းချသူများက လက်နှေးနေကြသည့်အတွက်  ဈေးနှုန်းတက်လာပါသည်။  အလယ်အလတ်တန်းမှ အထက်တန်း အရည်အသွေးရှိသည့် Ophiopogonjaponicas ကုန်ကြမ်းများကို (၇၅)ယွမ်ဝန်းကျင်တွင် ရောင်းချကြပါသည်။  ဒုတိယတန်းမှ တတိယတန်း ကုန်ကြမ်းများကို ဆေးဝါးထုတ်လုပ်သည့်ကုမ္ပဏီများသို့ ရောင်းချကြကာ၊ ကုန်ပစ္စည်း၏ အရည်အသွေးဖော်ပြချက်အပေါ် အဓိကထားကြည့်ရှု၍ ဝယ်ယူကြပါသည်။

Codonopsis

      Codonopsisအမျိုးအစားမှာ အများအားဖြင့် ဈေးနှုန်းကြီးမြင့်ပါသည်။ ၎င်းဆေးဝါးကုန်ကြမ်းကို အခြောက်ခံရာတွင် ပြဿနာကြုံတွေ့ရတတ်သဖြင့် ဝယ်သူ များက သတိကြီးစွာထား၍ ဝယ်ယူလေ့ရှိပါသည်။ မှာယူပြီးနောက် ကုန်ကြမ်းပစ္စည်း ပို့ဆောင်ချိန်မှာလည်း နှေးကွေးကြာမြင့်တတ်ပြီး အခြေခံအားဖြင့် ဈေးနှုန်းတည်ငြိမ်ပါ သည်။ စက်ရုံသုံး Codonopsisကုန်ကြမ်းအသစ်၏ ဈေးနှုန်းမှာ တစ်ကီလိုလျှင် (၄၂) ယွမ်မှ (၄၄) ယွမ်ကြားရှိပြီး၊ ပိုမိုခြောက်သွေ့လေ ပိုမိုကောင်းမွန်လေဖြစ်ပါသည်။ (၀.၄ - ၀.၆) အမျိုးအစားမှာ တစ်ကီလိုလျှင် (၄၂ - ၄၇) ယွမ်ကြား၊ (၀.၆ - ၀.၈) အမျိုးအစားမှာ တစ် ကီလိုလျှင် (၅၀ - ၅၅) ယွမ်ကြား၊ (၀.၈ - ၁.၀) အမျိုးအစားမှာ တစ်ကီလိုလျှင် (၅၅ - ၆၄) ယွမ်ကြား၊ ၁.၀ နှင့်အထက် အမျိုးအစားမှာ တစ်ကီလိုလျှင် (၆၈) ယွမ် ဈေးနှုန်းအသီးသီး ရှိပါသည်။

      လတ်ဆတ်သည့် Codonopsisများကို ရောင်းဝယ်သည့်ရာသီမှာ ကုန်ဆုံး ကာနီးပြီ ဖြစ်ပါသည်။  Codonopsisအပိုင်းအစအသေးများအတွက် ဈေးနှုန်းမှာ တစ် shijinလျှင် (၄.၅ - ၅.၅) ယွမ်ကြား၊ စံသတ်မှတ်ထားသည့် Codonopsisအပိုင်းအစများမှာ တစ် shijinလျှင် (၆.၅) ယွမ်၊ Codonopsisအပိုင်းအစအကြီးများမှာ တစ် shijinလျှင် (၇.၀ - ၈.၅) ယွမ်ကြား  အသီးသီးရှိပါသည်။

Panaxnotoginseng

       Panaxnotoginsengမှာ အသစ်ပေါ်သည့်ရာသီဖြစ်နေပြီး၊ ဈေးနှုန်းအတက် အကျအနည်းငယ်ရှိပါသည်။ ဈေးကွက်အတွင်းရောင်းချလိုသူများနေသောကြောင့် အရောင်း နှေးကွေးနေပါသည်။ လက်ရှိဈေးကွက်ပေါက်ဈေးမှာ အတက် (၁၂၀)လျှင် (၁၂၅)ယွမ်၊ အတက် (၈၀)လျှင် (၁၃၂)ယွမ်၊ အတက် (၆၀) လျှင် (၁၄၀) ယွမ်၊ အတက် (၄၀)လျှင် (၁၆၀) ယွမ်၊ အတက် (၃၀)လျှင် ယွမ် (၂၀၀)နှင့် အတက် (၂၀)လျှင် ယွမ် (၄၀၀) ဖြစ်ပါသည်။ ယခုနှစ်တွင် PanaxNotoginsengအထွက်နှုန်းကျဆင်းနေသော်လည်း ယခင်ထွက်ရှိထား သည့်ကုန်စည်များမှာ လုံလောက်နေသောကြောင့် ရေတိုကာလတွင် ဈေးကွက်၌ ရုန်းကန်ရ နိုင်သည်ဟု ခန့်မှန်းထားပါသည်။

ပန်းနု (Astragalus)

      ပန်းနု (Astragalus)ကို Jiezi and stocksတွင် အဓိက  ရောင်းဝယ်နေဆဲ ဖြစ်ပါသည်။ ဈေးကွက်အတွင်း ရောင်းဝယ်နေသည့် နိုင်ငံခြားကုန်သည်အနည်းငယ်နှင့် Jiezi suppliesမှ ရောင်းချသည့်ဈေးမှာ  တစ်ကီလိုဂရမ်လျှင် ယွမ် (၄၀)ခန့် ဖြစ်ပါသည်။ ဝယ်ယူမှု လွန်စွာမများသည့်အတွက် ဤဈေးနှုန်းဝန်းကျင်တွင် တည်ငြိမ်နေပြီး၊ ကုန်စည် ရောင်းလိုအားမှာလည်း တည်ငြိမ်ကြောင်း သိရပါသည်။

      (၀.၆ - ၀.၈) စင်တီမီတာ အရွယ်အစားရှိသည့် Astragalusmembranaceus၏ ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် (၂၉ - ၃၂) ယွမ်၊ (၁.၀ - ၁.၂) စင်တီမီတာ အရွယ် အစားရှိသည့် Astragalusmembranaceus၏ ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် (၄၀ - ၄၆) ယွမ်ဖြစ်ပါသည်။  လတ်ဆတ်သည့် astragalusအပိုင်းအစအသေးများမှာ (၅၀၀)ဂရမ်လျှင် (၃ - ၃.၂) ယွမ်၊ ယေဘုယျအရွယ်အစားမှာ (၅၀၀)ဂရမ်လျှင် (၃.၃- ၃.၅) ယွမ်၊ အပိုင်းအစ အကြီးများမှာ (၅၀၀)ဂရမ်လျှင် (၃.၆- ၄) ယွမ် အသီးသီးရှိပြီး၊ အရောင်၊ အရွယ်အစား၊ အထွက်နှုန်းပေါ်မူတည်၍ ဈေးနှုန်းကွာခြားကြောင်း သိရပါသည်။

ပျားရည်စုပ်ပန်း (Honeysuckle)

       ယခုအခါ တရုတ်နိုင်ငံမြောက်ပိုင်းဒေသတွင် ရာသီဉတုအေးခဲလာပြီ ဖြစ်သဖြင့် ပျားရည်စုပ်ပန်း (honeysuckle)ကို ဝယ်ယူလိုကြောင်း မေးမြန်းလာမှုများ များပြားလာသည်ဟု သိရပါသည်။ရှန်တုန်း၊ ပင်းဂျိ ထုတ်လုပ်ရာဒေသမှ ပျားရည်စုပ်ပန်း ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လာကာ တစ်ကီလိုလျှင် ပျမ်းမျှ (၅)ယွမ်မှ (၁၀)ယွမ်ကြား ဈေးပေါက်ပါသည်။ ဆေးဝါးထုတ်လုပ်သည့်စက်ရုံများသို့ ရောင်းချသည့်ဈေးနှုန်းမှာ (၆)ယွမ်မှ (၁၀)ယွမ်ကြား ဖြစ်ပါသည်။ ဈေးကွက်အတွင်း ကုန်လက်ကျန်အများအပြား ရှိ နေသဖြင့် ဤဈေးနှုန်းဝန်းကျင်၌သာ ရှိနေဉီးမည် ဖြစ်ပါသည်။

Forsythia

     Forsythia suspensaအဓိကစိုက်ပျိုးရာဒေသများတွင် ရာသီဉတုပုံမှန် မဟုတ်သောကြောင့် ပန်းများ စောစီးစွာ ပွင့်ခဲ့ပြီး၊ ယခင်နှစ်ကထက် ကုန်ကြမ်းပိုမိုထွက်ရှိ ခဲ့သည်ဟု သိရပါသည်။  အရည်အသွေးကောင်းမွန်သည့် ကုန်ကြမ်းမှာ (၁၁၆) ယွမ်မှ (၁၂၀)  ယွမ်ကြားတွင်ရှိပါသည်။ ဗိန္ဓောဆေးကျမ်းပါ စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် ပြုတ်ထား ပြီးသား ကုန်အမယ်မှာ ယွမ် (၁၁၀)ဝန်းကျင်ခန့် ဈေးနှုန်းရှိပြီး၊ စံချိန်မမီသည့် ကုန်အမယ်မှာ ယွမ် (၁၀၀)ဝန်းကျင်ခန့် ဈေးနှုန်းရှိပါသည်။

Goji berries

    နင်းရှတွင် Goji berriesအမျိုးအစား အမျိုးမျိုးရှိပါသည်။ ဈေးကွက်တွင် လည်း ရောင်းဝယ်အားကောင်းနေပြီး အလုံးရေ (၂၈၀)ပါဝင်သည့် အထုပ်တစ်ထုပ်လျှင် (၅၈) ယွမ်မှ (၆၅) ယွမ်ကြား၊ အလုံးရေ (၃၈၀) ပါဝင်သည့် အထုပ်တစ်ထုပ်လျှင် (၄၅)ယွမ်မှ (၅၅)ယွမ်ကြား ဈေးရှိပါသည်။

ဆေးဝါးကုန်ကြမ်းဈေးကွက်သုံးသပ်ခန့်မှန်းချက်

   တရုတ်နိုင်ငံ၏ ဆေးဝါးကုန်ကြမ်းဈေးကွက်တွင် ရောင်းလိုအား ရှိနေသော် လည်း၊ ကုန်အမယ်များ၏ ဈေးနှုန်းများမှာ အမြင့်ပိုင်း၌ ရှိနေဆဲဖြစ်ကြောင်း တွေ့ရပါသည်။ ဖြစ်နိုင်ခြေရှိသည်မှာ ယခုနှစ်တွင် နိုင်ငံတစ်ဝှမ်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုများနှင့် ရာသီ ဉတုပုံမှန်မဟုတ်မှုများကြောင့် အထွက်နှုန်းများ ကျဆင်းနိုင်မည်ဟု ခန့်မှန်းကြသဖြင့် ယခုကဲ့သို့ ဈေးနှုန်းမြှင့်ထားကြကာ၊ ဈေးကွက်ကို သတိထား၍ စောင့်ကြည့်နေကြကြောင်း၊  ရေတိုကာလတွင် ယခုဖြစ်ပေါ်နေသည့် ဈေးနှုန်းများဝန်းကျင်၌သာ အတက်အကျ အနည်းငယ်ဖြစ်နိုင်ဖွယ်ရှိကြောင်း သုံးသပ်ရရှိပါသည်။

ရင်းမြစ်၊ SunSirs (၂၂-၁၁-၂၀၂၁)

ဒေါက်တာရွှေစင်ကို

စီးပွားရေးသံမှူး