Main menu

Background

၂၀၂၁ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း ၁၀ ရာခိုင်နှုန်းအထက်သို့ မြင့်တက်နိုင်ကြောင်း ခန့်မှန်း

Fri, 11/26/2021 - 15:22 -- journal_editor

         ၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏စားသုံးသူဆနှုန်းကိန်း(National Broad Consumer Price Index – IPCA)သည် ၉.၇၇ ရာခိုင်နှုန်းမှ ၁၀.၁၂ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း အမြင့်ဆုံး ငွေကြေးဖောင်းပွမှုပမာဏအား ၃.၇၅ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ထားကြောင်း ဘရာဇီးလ်နိုင်ငံဗဟိုဘဏ်၏ခန့်မှန်းထားမှုကို ငွေကြေးအဖွဲ့အစည်း၏ သတင်းတွင်ဖော်ပြထားသည်။

              ဘရာဇီးလ်ကုန်စည်ဈေးကွက်၏ အထွေထွေဈေးနှုန်းညွှန်းကိန်း ခန့်မှန်းချက်သည် ၁၈.၅၄ ရာခိုင်နှုန်းမှ ၁၈.၀၉ ရာခိုင်နှုန်းသို့ ကျဆင်းချိန်တွင် အစိုးရကသတ်မှတ်သည့် ကုန်ဈေးနှုန်းများ၏ တန်ဖိုးမြင့်တက်မှုသည် ၁၅.၇၄ ရာခိုင်နှုန်းမှ ၁၆.၉၅ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

              ၂၀၂၂ ခုနှစ်တွင် စားသုံးသူဈေးဆနှုန်းကိန်းဖြင့်တိုင်းတာတွက်ချက်ထားသည့် ငွေကြေး ဖောင်းပွမှုပမာဏသည် ၄.၇၉ ရာခိုင်နှုန်းမှ ၄.၉၆ ရာခိုင်နှုန်းအထိမြင့်တက်နိုင်ကြောင်း၊ ၂၀၂၁ ခုနှစ် အတွင်း ငွေကြေးဖောင်းပွမှုနှုန်း သတ်မှတ်ချက်ကို ၃.၅၀ ရာခိုင်နှုန်းအား သတ်မှတ်ထားကြောင်း  ငွေကြေးဈေးကွက်၏သတင်းတွင် ဖော်ပြထားသည်။

              ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဘရာဇီးလ်နိုင်ငံ၏ အခြေခံဘဏ်တိုးနှုန်းသည် ၉.၂၅ ရာခိုင် နှုန်းဖြင့် ဆက်လက်တည်ရှိနိုင်ပြီး ၂၀၂၂ ခုနှစ်တွင် ၁၁ ရာခိုင်နှုန်းမှ ၁၁.၂၅ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ကြောင်း ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများက ခန့်မှန်းထားသည်။

              ၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်ကုန်တိုးတက်မှု နှုန်းသည် ၄.၈၈ ရာခိုင်နှုန်းမှ ၄.၈၀ ရာခိုင်နှုန်းသို့ လျှော့ကျနိုင်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ၀.၉၃ ရာခိုင်နှုန်းမှ ၀.၇၀ ရာခိုင်နှုန်းအထိ ဆက်လက်လျှော့ကျနိုင်ကြောင်း ငွေကြေးအဖွဲ့အစည်းများက ခန့်မှန်းထားသည်။ ငွေကြေးဖောင်းပွမှုဆိုင်ရာ လေးလပတ်အစီရင်ခံစာအရ ဘရာဇီးလ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းသည် ၂၀၂၁ ခုနှစ်တွင် ၄.၆ ရာခိုင်နှုန်းရှိနိုင်ကြောင်း ဗဟိုဘဏ်က ဇွန်လက ထုတ်ပြန်ကြေညာထားသည်။

              ၂၀၂၁ ခုနှစ်အတွက် နိုင်ငံခြားငွေရောင်းဝယ်မှုဈေးကွက်တွင် အမေရိကန် ၁ ဒေါ်လာလျင် ၅.၅၀ ရာခိုင်နှုန်း ဖြစ်ပေါ်ရန်မျှော်မှန်းထားပြီး ၂၀၂၂ ခုနှစ်အတွက် ၅.၅၀ ရာခိုင်နှုန်း ဆက်လက် ဖြစ်ပေါ်နိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br