Main menu

Background

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း တရုတ်ပြည်တွင်းဈေးကွက်၌ စားအုန်းဆီနှင့် ပဲပုပ်ဆီ ဈေးနှုန်းများ စံချိန်တင်မြင့်တက်ခဲ့

Fri, 11/26/2021 - 15:23 -- journal_editor

      နိုဝင်ဘာလ (၉)ရက်နေ့တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းဈေးကွက်၌ စားအုန်း ဆီနှင့် ပဲပုပ်ဆီဈေးနှုန်းများ စံချိန်တင်မြင့်တက်ခဲ့ပါသည်။ ၎င်းဆီနှစ်မျိုးအနက် စားအုန်းဆီ ဈေးမှာ  တစ်တန်လျှင် ယွမ်ငွ (၁၀,၄၀၀)အထိ လျင်မြန်စွာမြင့်တက်ခဲ့ကာ၊ ပဲပုပ်ဆီဈေး ကိုပင် ကျော်လွန်ခဲ့ပါသည်။

        စားအုန်းဆီဈေးတက်သဖြင့် ပဲပုပ်ဆီဈေးများလည်း မြင့်တက်လာရာ နိုဝင် ဘာလ (၁၉)ရက်နေ့တွင် ပဲပုပ်ဆီပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၁၀,၂၉၀) ဖြစ်ပါ သည်။  ၎င်းဈေးနှုန်းမှာ နိုဝင်ဘာလ (၁၀)ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့်ဈေးနှုန်းထက် (၅.၈၆) ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်ပါသည်။ နိုဝင်ဘာလ (၁၉)ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် စားအုန်းဆီပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် ယွမ်ငွေ (၁၀,၄၃၈)ဖြစ်ကာ နိုဝင်ဘာလ (၁၀)ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့်ဈေးနှုန်းထက် (၈.၃၉) ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။

          နိုဝင်ဘာလဆန်းပိုင်းမှစ၍ စားအုန်းဆီနှင့် ပဲပုပ်ဆီတို့ကို ရေတိုကာလ အတွက် ချိန်ညှိခဲ့ရကာ၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ဈေးကွက်ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ် ပါသည်။

        ယခုကဲ့သို့ ဈေးနှုန်းများမြင့်တက်လာရခြင်းမှာ မလေးရှားနိုင်ငံမှ စားအုန်းဆီ များကို ထုတ်လုပ်မှုလျှော့ချလိုက်သဖြင့် ရောင်းလိုအားလျော့လာခြင်း၊ တစ်ဖက်တွင် ပြည်ပ စားအုန်းဆီဈေးကွက် လျင်မြန်စွာမြင့်တက်လာခြင်းနှင့် ပြည်တွင်း စားအုန်းဆီ ကြိုရောင်း ကြိုဝယ်ဈေးနှုန်းများ မြင့်တက်လာခြင်းတို့ကြောင့် ဖြစ်ပါသည်။ စားအုန်းဆီ လက်ငင်း အဝယ်ဈေးနှုန်းမှာလည်း တစ်တန်လျှင် ယွမ်ငွေ (၁၀,၄၀၀) ဖြစ်ခဲ့ကာ စံချိန်တင်မြင့်တက် လာခြင်း ဖြစ်ပါသည်။

           ယခုအခါ တရုတ်နိုင်ငံတွင် ပဲပုပ်ဆီနှင့် စားအုန်းဆီကုန်စည်သိုလှောင်ထားမှု များနည်းပါးနေကာ၊ ပြည်ပမှ ရောင်းလိုအားလျော့နည်းနေသည့်အတွက် ဈေးနှုန်းအမြင့် ပိုင်း၌ ဆက်လက်ရှိနေနိုင်မည်ဟု ခန့်မှန်းပါသည်။

ရင်းမြစ်၊ SunSirs (၂၂-၁၁-၂၀၂၁)

ဒေါက်တာရွှေစင်ကို

စီးပွားရေးသံမှူး