Main menu

Background

အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအသစ် ကူးစက်မှုမရှိစေရေး ပြည်ပခရီးသည်များအား ဂရုပြုစစ်ဆေးရန် အကြံပြုချက်ထုတ်ပြန်

Tue, 11/30/2021 - 12:54 -- journal_editor

      အိန္ဒိယနိုင်ငံ၌ နိုဝင်ဘာလအစောပိုင်းတွင် နိုင်ငံခြားသားခရီးသည်များ ပြည်တွင်းသို့ လာရောက်လည်ပတ်မှုဆိုင်ရာ ဖြေလျော့မှုအချို့ပြုခဲ့ပြီးနောက် B.1.1.529 ဟု အမည်ပေးထားသည့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအသစ်ကူးစက်မှု ပြန့်ပွားမရှိစေရေးအတွက် တောင်အာဖရိက၊ဟောင်ကောင်၊ဘော့ဆွာနာနှင့်အခြားဘေးအန္တရာယ်မြင့်မားမှုရှိသောနိုင်ငံများမှ လာရောက်သည့်ခရီးသည်များကို အထူးဂရုပြုစစ်ဆေးရန် ပြည်နယ်များအားလုံးထံသို့ အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာနက အကြံပြုချက်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

       နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်သော အဆိုပါအကြံပြုချက်တွင် ယခုအခါ B.1.1.529 ဗိုင်း ရပ်စ် မျိုးကွဲသစ် ကူးစက်ခံရသူလူနာသည် ဘော့ဆွာနာနိုင်ငံ၌ ၃ ဦး၊ တောင်အာဖရိကနိုင်ငံတွင် ၆ ဦးနှင့် ဟောင်ကောင်၌ ၁ ဦး တွေ့ရှိထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းနိုင်ငံများမှဖြစ်စေ၊  ၎င်းနိုင်ငံများကို တစ်ဆင့်ဖြတ်သန်း၍ဖြစ်စေ ပြည်တွင်းသို့ဝင်ရောက်လာသည့် နိုင်ငံတကာ ခရီးသည်များအားလုံးနှင့် အခြားဘေးအန္တရာယ်မြင့်မားမှုရှိသောနိုင်ငံများမှ ခရီးသည်များအား နိုဝင်ဘာ ၁၁ရက်နေ့၌ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော နိုင်ငံတကာ ဆိုက်ရောက်ခရီးသည်များနှင့် သက်ဆိုင်သည့်လမ်းညွှန်ချက်များအတိုင်း တိကျစွာ စစ်ဆေးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ B.1.1.529 ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသည် သန္ဓေပြောင်းလဲမှုကိန်းဂဏန်း သိသာစွာ မြင့်မားမှုရှိသဖြင့် ပြည်သူလူထု၏ ကျန်းမာရေးအပေါ် ပြင်းထန်စွာထိခိုက်သက်ရောက်မှု ဖြစ်စေနိုင်ကြောင်း၊ သို့ဖြစ်ရာ ခရီးသည်၌ Covid-19 ဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု စစ်ဆေးတွေ့ရှိရပါက စစ်ဆေးသည့်နမူနာအား သတ်မှတ်ထားသည့် မျိုးဗီဇစစ်ဆေးရေး ဓာတ်ခွဲခန်းများ (genome sequencing laboratories) သို့ ဆောလျင်စွာ ပေးပို့ရန်ဖြစ်ကြောင်း၊ ထို့အပြင် ၎င်းခရီးသည်များ နှင့်ထိတွေ့မှုရှိခဲ့သူများအား ခြေရာခံ၍ ရောဂါကူးစက်မှုရှိ/မရှိ စစ်ဆေးရမည်ဖြစ်ကြောင်းဖြင့် အဆိုပါဝန်ကြီးဌာနမှ အတွင်းဝန် Mr. Rajesh Bhushan က ညွှန်ကြားထားကြောင်းသိရသည်။

Source:         Govt Orders Rigorous Screening for Travellers From ‘at Risk’ Countries, 26-11-2021, The Wire

 

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့