Main menu

Background

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် ပဲပုတ်စေ့တန်ချိန် ၂ဒသမ၂၈၆ သန်း တင်ပို့နိုင်ရန် ခန့်မှန်း

Thu, 12/02/2021 - 12:36 -- journal_editor

ယခုနှစ် နိုဝင်ဘာလအတွင်း ပဲပုတ်စေ့တန်ချိန် ၂ ဒသမ ၂၈၆ သန်းအား တင်ပို့နိုင်ရန်ခန့်မှန်း ထားပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင်တင်ပို့ခဲ့သည့် ပဲပုတ်စေ့တန်ချိန် ၇၇၀,၃၀၀ တန်နှင့် နှိုင်းယှဉ် ပါက ၁၉၆ ရာခိုင်နှုန်း ပိုမိုတိုးတက်နိုင်ကြောင်း၊ ယခုနှစ်အောက်တိုဘာလတွင် ပဲပုတ်စေ့တန်ချိန် ၂ ဒသမ ၉၈၅ သန်းအား တင်ပို့ထားပြီး ၂၀၂၁ ခုနှစ် နှစ်ကုန်ဆုံးပါက စုစုပေါင်းပဲပုတ်စေ့တန်ချိန် ၈၄ဒသမ၂၄၁ သန်း အထိ တင်ပို့နှိုင်ရန် မျှော်မှန်းထားကြောင်း ဘရာဇီးလ်နိုင်ငံ နှံစားသီးနှံတင်ပို့သူများအသင်း (National Association of Cereal Exporters - Anec) က ပြောကြားခဲ့သည်။

              ပဲပုတ်စေ့ထုတ်ကုန် တင်ပို့မှုအနေဖြင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပဲပုတ်စေ့ စားသောက်ကုန်တန်ချိန် ၁ ဒသမ ၂၄၆ သန်းအား တင်ပို့ရန်ခန့်မှန်းထားကြောင်း၊ ယခင်နှစ်ကာလတူတွင် တန်ချိန် ၁ ဒသမ ၃၁၇ သန်း တင်ပို့နိုင်ခဲ့ကြောင်း၊ ယခုနှစ် အောက်တိုဘာလတွင် ပဲပုတ်စေ့တန်ချိန် ၁ ဒသမ ၃၃၇ သန်း တင်ပို့ခဲ့ကြောင်းနှင့် ၂၀၂၁ ခုနှစ် တစ်နှစ်လုံးအတွက် တန်ချိန်စုစုပေါင်း ၁၅ ဒသမ ၃၃၈ သန်း တင်ပို့ရန် မျှော်မှန်းထားကြောင်း အသင်းက ပြောကြားခဲ့သည်။

(ထွန်းအောင်ဇော်)    

စီးပွားရေးသံမှူး     

သတင်းရင်းမြစ် - canalrural.com.br၊noticiasagricolas.com.br