Main menu

Background

တရုတ်နိုင်ငံ၏ပြည်ပစီးပွားရေးဆိုင်ရာ အချက်အလက်များ ( ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ)

Mon, 12/06/2021 - 15:08 -- journal_editor

ဝန်ဆောင်မှုလုပ်ငန်းများထံသို့ ရင်းနှီးမြှုပ်နှံမှုစီးဝင်သည့်ပမာဏ မြင့်တက်ခဲ့ခြင်း

          ၂၀၂၁ ခုနှစ်၊ ပထမ (၁၀) လတာကာလအတွင်း တရုတ်နိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ စီးဝင်မှုမြင့်တက်လာခဲ့ကြောင်း၊ ယခုကဲ့သို့ ဆက်လက်စီးဝင်မည်ဆိုပါက ပြီးခဲ့သည့်နှစ်၊ ကာလတူက ထက် ၂ ဆအထိ တိုးတက်လာနိုင်ဖွယ်ရှိကြောင်း၊ တရုတ်နိုင်ငံ၊ ဗဟိုအစိုးရနှင့် ဒေသန္တရအစိုးရများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင်နိုင်ရန်  အစွမ်းကုန်အားထုတ်ကြိုးပမ်းခဲ့ခြင်းကြောင့် နိုင်ငံ အတွင်းသို့ ရင်းနှီး မြှုပ်နှံမှုများ မျှော်မှန်းထားသည်ထက် ပိုမိုလျင်မြန်စွာဝင်ရောက်လာခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ပထမနှစ်ဝက်တာကာလအတွင်း၌ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၈၅၂) ဘီလီယံ စီးဆင်းခဲ့သည့်အတွက် တစ်ကမ္ဘာလုံးအတိုင်း အတာဖြင့်မျှော်မှန်းထားသည်ထက် ပိုမိုလျင်မြန်စွာ ပြန်လည်တိုးတက်လာခဲ့သည်ဟု တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Mr. Shu Jueting မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ထို့အပြင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် တည်ငြိမ်စွာဖြင့် ဆက်လက်တိုးတက်လျက်ရှိခြင်း၊ စက်မှုလုပ်ငန်းများအပေါ် လိုအပ်သည်များ ထောက်ပံ့ပေးခြင်း၊ အခြေခံအဆောက်အဉီများ၊ လူ့စွမ်းအား အရင်းအမြစ်များနှင့် လုပ်ငန်းများအပေါ် ကောင်းမွန်သည့်ဝန်းကျင်များဖန်တီးပေးဖြင့် ဘက်စုံပြီးပြည့်စုံ ၍ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်အားသာချက်များကြောင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာစေရန် ဆွဲဆောင်လျက်ရှိိကြောင်း၊ တရုတ်နိုင်ငံ၏ ကြီးမားသည့်ဈေးကွက်ကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများသည် ခိုင်မာသည့်မျှော်မှန်းချက်များ၊ ယုံကြည်ချက်များဖြင့် ပိုမိုရင်းနှီးမြှုပ်နှံမှုများ လာ ရောက်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ ပထမ (၁၀) လတာကာလအတွင်း တရုတ်နိုင်ငံသို့ ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံသည့်ပမာဏ အမေရိကန်ဒေါ်လာ(၁၄၇ဒသမ၈)ဘီလီယံ ရှိသည့် အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူကထက်(၁၇ဒသမ၈)ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ လာရောက် ရင်းနှီးမြှုပ်နှံမှုများအနက် ဝန်ဆောင်မှုကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ တရုတ်ယွမ်ငွေ(၇၅၂ဒသမ၅၂)ဘီလီယံ ရှိသည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူကထက် (၂၀ဒသမ၃) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ အလား တူပင် နည်းပညာ မြင့်မားသည့်လုပ်ငန်းများသို့ လာရောက်ရင်းနှီးမြှုပ်နှံမှုသည်လည်း (၂၃ဒသမ၇) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံအတွင်းသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ စီးဝင်မှု လျင်မြန် စွာ တိုးတက်လာခြင်းသည် ပြည်ပရင်းနှီးမြှုပ်နှံသူများအနေဖြင့် တရုတ်နိုင်ငံအပေါ် ယုံကြည်ချက်ရှိခြင်း ကို ပြသလျက်ရှိကြောင်း၊ အလားတူပင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ၏ စိတ်ဝင်စားမှုနှင့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးချိတ်ဆက်ကူးပြောင်းမှုများလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် အထောက်အပံ့ဖြစ်စေမည်ဟု ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: https://enapp.chinadaily.com.cn/a/202111/19/AP6196e160a310b7d50bab7bba.html

ကွေ့ကျိုးပြည်နယ်နှင့် ရှရှားနိုင်ငံသို့ ကုန်သေတ္တာတင်မီးရထားစတင်ပြေးဆွဲခဲ့ခြင်း

          တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ကွေ့ကျိုးပြည်နယ်နှင့် ရှရှားနိုင်ငံ၊ မော်စကိုတို့အကြား တရုတ်-ဥရောပကုန်သေတ္တာသယ်ဆောင်သည့်မီးရထားဝန်ဆောင်မှုအား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ၊ တတိယပတ်အတွင်း၌ စတင်ပြေးဆွဲနိုင်ခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါမီးရထားသည် လမ်းကြောင်း တစ် လျှောက်လုံးတွင် မည်သည့်နေရာတွင်မှ ရပ်နားခြင်းလုံးဝပြုလုပ်မည်မဟုတ်ကြောင်း၊ အဆိုပါမီးရထား သည် တရုတ်-ရှရှားနယ်စပ်ရှိ ကုန်းတွင်းဆိပ်ကမ်း ဖြစ်သည့် မန်ကျိုးလီမှတစ်ဆင့် ဖြတ်သန်းပြေးဆွဲမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်းဒေသရှိ ကွေ့ကျိုးပြည်နယ်မှ ရှရှားနိုင်ငံ၊ မော်စကိုသို့ ကုန်စည်များအား ပင်လယ်ရေကြောင်းဖြင့် သယ်ဆောင်ပါက သယ်ယူပို့ဆောင်သည့်ကာလ (၅၃) ရက် အထိ ကြာမြင့်ကြောင်း၊ ယခုဖွင့်လှစ်ခဲ့သည့်မီးရထားလမ်းကြောင်းအသစ်အရ (၁၅) ရက်သာ ကြာမြင့် မည်ဖြစ်ကြောင်း၊ ယခင်က ကွေ့ကျိုးပြည်နယ်မှ ကုန်စည်များအား ဥရောပသမဂ္ဂ နိုင်ငံများနှင့် အာရှ အလယ်ပိုင်းဒေသရှိနိုင်ငံများသို့ ပို့ဆောင်နိုင်ရန်အတွက် ချုံချင်း၊ ချန်ဒူးနှင့် ရှီအန်းအပါအဝင် တရုတ်-ဉရောပကုန်သေတ္တာသယ်ဆောင်သည့် မီးရထားလမ်းကြောင်းများရှိသည့် မြို့ကြီးများအပေါ် မှီခို နေရကြောင်း၊ ကုန်းတွင်းပြည်နယ်ဖြစ်သည့် ကွေ့ကျိုးပြည်နယ်အနေဖြင့် ပိုလန်နှင့် ဂျာမဏီ စသည့် နိုင်ငံများအထိ ပို့ဆောင်နိုင်မည့် တရုတ်-ဉရောပကုန်သေတ္တာသယ်ဆောင်သည့် မီးရထားလမ်းကြောင်း များ ထပ်မံဖွင့်လှစ်နိုင်မည့်စီမံကိန်းများ ချမှတ်လုပ်ဆောင်လျက်ရှိကြောင်း ကွေ့ကျိုးပြည်နယ်၊ ကူးသန်း ရောင်းဝယ်ရေးဌာနမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: https://www.chinadaily.com.cn/a/202111/19/WS61971266a310cdd39bc7656f.html

(ရွှေစင်ဦး)     

စီးပွားရေးသံမှူး  

မြန်မာသံရုံး၊ ပေကျင်းမြို့