Main menu

Background

လာမည့် ငါးနှစ်အတွင်း ကွမ်ရှီး၏နယ်စပ်ဂိတ်များအားလုံးကို အဝေးပြေးလမ်းများဖြင့် ချိတ်ဆက်သွားရန်ရှိလာမည့် ငါးနှစ်အတွင်း ကွမ်ရှီး၏နယ်စပ်ဂိတ်များအားလုံးကို အဝေးပြေးလမ်းများဖြင့် ချိတ်ဆက်သွားရန်ရှိ

Thu, 12/23/2021 - 15:43 -- journal_editor

 ယခုအခါ ကွမ်ရှီး၏ နယ်စပ်ဂိတ် ကိုးခုအနက် လေးခုတို့မှာ အဝေးပြေး လမ်းများဖြင့် ချိတ်ဆက်ထားပြီးဖြစ်ကာ ကျန်ငါးခုထံသို့လည်း  အဝေးပြေးလမ်း များမှ ဝင်ရောက်နိုင်ရေးအတွက် တည် ဆောက်ရေးလုပ်ငန်းများ  ဆောင်ရွက် နေပြီဖြစ်သည်။   Dong zhong?  Yueyu  နှင့် Pingmeng ဂိတ်များသို့  ဆက်သွယ် ထားသည့်      အဝေးပြေးလမ်းများမှာ ၂၀၂၄ခုနှစ်တွင်လည်းကောင်း၊ Aidian   သို့   ဆက်သွယ်ထားသည့် အဝေးပြေး လမ်းမှာ ၂၀၂၃ ခုနှစ်တွင်လည်းကောင်း စတင်အသုံးပြုနိုင်တော့မည်ဖြစ်သည်ဗီယက်နမ်နှင့်  ကီလိုမီတာ  ၅၀ဝ ကျော် နယ်နိမိတ်ချင်း  ထိစပ်နေသည့် ချုံးကျိုd(Chongzuo)တွင် နယ်စပ်ဂိတ် ပေါက်    ငါးပေါက်ရှိသည့်အနက်   နှစ် ပေါက်သာ   အဝေးပြေးလမ်းနှင့်ဆက် သွယ်ထားကြောင်း၊      လာမည့်ငါးနှစ် အတွင်း  ဂိတ်ပေါက်အားလုံးကို အဝေး ပြေးလမ်းများနှင့်  ချိတ်ဆက်သွားမည် ဖြစ်ကြောင်း၊  ချုံးကျိုမှာ အာဆီယံနှင့် တရုတ်ကို     ဆက်သွယ်ပေးထားသည့် အဆင်အပြေဆုံး ဝင်/ထွက်ပေါက်ဖြစ် ကြောင်း၊ ယခုကဲ့သို့  သယ်ယူပို့ဆောင် ရေး အထောက်အကူများကို အကောင်း ဆုံးဖြစ်စေရန်  ဆောင်ရွက်ပေးခြင်းမှာ ချုံးကျိုနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့်ကုန်သွယ်ရေး  ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန် ကူညီပေး ရာလည်းရောက်ကြောင်း  ချုံးကျို ဖွံ့ဖြိုး ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်Li Li  က မှတ်ချက်ပြုပြောကြားသည်။ကွမ်ရှီးကျွမ့်  ကိုယ်ပိုင်အုပ်ချုပ်  ခွင့်ရဒေသတွင် ချုံးကျိုမြို့သည် ပို့ကုန် သွင်းကုန် ပမာဏအားဖြင့် ၁၂ နှစ်ဆက် တိုက်     ထိပ်တန်းနေရာတွင်ရှိခဲ့ပြီး ပို့ကုန်မှာလည်း    ၁၄ နှစ်ဆက်တိုက်  ထိပ်တန်းနေရာတွင် ရှိခဲ့သည်။  
ရွှေစင်ကို (စီးပွားရေးသံမှူး)
(မြန်မာသံရုံး၊ နန်နင်းမြို့)