Main menu

Background

တရုတ်နိုင်ငံ၏စီးပွားရေး တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာမည်ဟု မျှော်လင့်

Thu, 07/14/2022 - 13:29 -- journal_editor

တရုတ်နိုင်ငံ၏ကြီးမားသော ကူးစက်ရောဂါ တိုက်ဖျက်ရေးရလဒ်များနှင့်တိုးတက်မှုလိုလားသော မူဝါဒများ သက်ရောက်မှုရှိလာသဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးသည် တဖြည်းဖြည်း  ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်ထား ကြောင်း၊ နိုင်ငံ၏စီးပွားရေးသည် ဧပြီလတွင် ပြည်တွင်း၌ ကိုဗစ်(၁၉) ပြန်လည် ဖြစ်ပွားမှုမှ  ထိခိုက်နစ်နာခဲ့ရသော်လည်း သက်ရောက်မှုများမှာ ခဏတာနှင့်  အပေါ်ယံသာဖြစ်ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS)  မှ ပြောရေးဆိုခွင့် ရှိသူ ဖူလင်းဟွာက မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။တရုတ်စီးပွားရေး၏ အခြေခံအချက်များမှာ မပြောင်းလဲဘဲ ရှိနေကြောင်း၊ စီးပွားရေး အသွင်ကူးပြောင်းမှုနှင့် အဆင့်မြှင့်တင်ရေးနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု၏ အလုံးစုံသော လမ်းကြောင်းများမှာမပြောင်းလဲသေးကြောင်း၊ စီးပွားရေးတည်ငြိမ်ရန်နှင့်  မျှော်မှန်းထားသော ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင် များကို အကောင်အထည်ဖော်ရန် ကောင်းမွန်သော အခြေအနေများစွာရှိ ကြောင်း၊ အလွန်ကြီးမားသော ဈေးကွက်၊ ပြီးပြည့်စုံသော စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များနှင့် ကြီးမားသော ပြည်တွင်းဝယ်လိုအားနှင့်အတူ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးသည် စိန်ခေါ်မှုအမျိုးမျိုးကို တွန်းလှန်ရန် ခံနိုင်ရည်ရှိကြောင်း၊ ကပ်ရောဂါ၏ အကျိုးသက်ရောက်မှုများ ရှိနေသော်လည်း သီးနှံနှင့်  စွမ်းအင်ထုတ်လုပ်မှုသည် ပထမလေးလအတွင်း တိုးတက်မှု ဆက် လက်ထိန်းသိမ်းထားနိုင်ပြီး ကပ်ရောဂါကို တိုက်ဖျက်ရန်နှင့် စီးပွားရေးပြန်လည် ထူထောင်ရန်အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ချထားကြောင်း၊ ယခုနှစ် ဧပြီလတွင် ကျောက်မီးသွေးကုန်ကြမ်း၊ ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ ထွက်ရှိ မှုသည် တစ်နှစ်ထက်တစ်နှစ် အသီးသီး မြင့်တက်ခဲ့ကြောင်း၊ စားနပ်ရိက္ခာနှင့် နေ့စဉ်သုံးပစ္စည်းများ လုံလောက် စွာ ရရှိပြီး ဈေးနှုန်းများ တည်ငြိမ်နေကြောင်း၊ ငွေကြေးဖောင်းပွမှု၏ အဓိကအတိုင်းအတာတစ်ခုဖြစ်သည့် စားသုံးသူဈေးနှုန်း ညွှန်းကိန်းသည် ပြီးခဲ့သည့်လတွင် တစ်နှစ်ထက်တစ်နှစ် ၂ ဒသမ ၁ ရာခိုင်နှုန်း သာ မြင့်တက်ခဲ့ ကြောင်း၊ စွမ်းအင် မြင့် ကားများနှင့် ဆိုလာဆဲလ်များ ထုတ်လုပ် မှုသည် ဧပြီလတွင် တိုးတက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။တရုတ်နိုင်ငံ၏ စားသုံးမှုအားကောင်းမှု၏ သိသာထင်ရှားသော ညွှန်ပြ ချက်ဖြစ်သည့် လူသုံးကုန်ပစ္စည်းများ လက်လီ ရောင်းချမှုသည် ဇန်နဝါရီမှ ဧပြီလ အတွင်း ယွမ် ၁၃ ဒသမ ၈၁ ထရီလီယံ (အမေရိကန် ဒေါ်လာ ၂ ထရီလီယံခန့်) ရာခိုင်နှုန်းအားဖြင့်  သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားကြောင်းNBS  ဒေတာက ဖော်ပြထားသည်။တရုတ်နိုင်ငံ၏ ပို့ကုန်သည် ပထမလေးလအတွင်း ယွမ် ၆ ဒသမ ၉၇ ထရီလီယံနီးပါး ရောက်ရှိခဲ့ပြီး ၁၀ ဒသမ ၃ ရာခိုင်နှုန်း ခုန်တက်သွားခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ပြီးပြည့်စုံသော စက်မှုစနစ်၊ ကုန်ထုတ်လုပ်မှုစွမ်းအား၊ ပိုမိုဖွင့် လှစ်မှ ကုန်သွယ်မှု မိတ်ဖက်များနှင့်အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုနှင့် လွတ်လပ်သော ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်မှုတို့ အပါအဝင် တရုတ်နိုင်ငံ၏ စဉ်ဆက်မပြတ် ပို့ကုန်တိုးတက်မှုကို လွယ်ကူချောမွေ့စေမည့် အခြေအနေများ ရှိကြောင်း၊ရှေ့ကိုမျှော်ကြည့်ပါက တရုတ်နိုင်ငံသည် မက်ခရိုမူဝါဒ ပြုပြင်ပြောင်းလဲမှုကို အားကောင်းစေပြီး စီးပွားရေးကို သင့်လျော်သည့် အတိုင်းအတာတစ်ခုအတွင်း လည်ပတ်နိုင်စေရန် သေချာစေခြင်းဖြင့် ကူးစက်ရောဂါ၏ သက်ရောက်မှုများ ကို လျော့ပါးစေမည်ဖြစ်ကြောင်း ဖူက ပြောကြားခဲ့ သည်။
ရင်းမြစ်- Yunnan Express

ဒေါက်တာဝေရီလင်း (စီးပွားရေးသံမှူး-ကူမင်း)