Main menu

Background

အထည်အလိပ်နှင့်ခရီးသွားကဏ္ဍများအပြင် အခြားစီးပွားရေးကဏ္ဍများကိုပါ ချဲ့ထွင်ရန် ကမ္ဘောဒီးယားကြိုးပမ်း

Thu, 07/14/2022 - 15:21 -- journal_editor

အဝတ်အထည်နှင့်အထည်အလိပ်ကဏ္ဍသည် ကမ္ဘောဒီးယားနိုင်ငံ တင်ပို့မှုအားလုံး၏ ၈၀ ရာခိုင်နှုန်းရှိပြီး နိုင်ငံ GDP  ၏ ၃၀ ရာခိုင်နှုန်းအထိရှိကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အလုပ်သမား ရှစ်သိန်းကျော်အား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး လျက်ရှိသောကဏ္ဍဖြစ်သည်။ ခရီးသွားလုပ်ငန်းကဏ္ဍမှ ဝင်ငွေသည် လည်း နိုင်ငံGDP  ၏ ၁၂ရာခိုင်နှုန်းရှိသည်။ ကမ္ဘောဒီးယားနိုင်ငံအနေ ဖြင့် ၂၀၂၅ ခုနှစ်တွင် အဝတ်အထည်နှင့်    အထည်အလိပ် ကဏ္ဍ မဟုတ်သည့် အခြားကဏ္ဍများမှ ၁၅ ရာခိုင်နှုန်း၊ လယ်ယာထုတ်ကုန် ကဏ္ဍမှ ၁၂ ရာခိုင်နှုန်းရရှိရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ကမ္ဘောဒီးယားနိုင်ငံတွင်ကိုရီးယားကုန်ထုတ်လုပ်ငန်းရှင် ပေါင်း ၃၀ဝ ကျော်ခန့်  ကုန် ထုတ် လုပ်ငန်းများ  လုပ်ကိုင်လျက်ရှိပြီး အများစုမှာအိတ်၊ ဖိနပ်၊အဝတ်အထည်ထုတ်လုပ်သည့်လုပ်ငန်း များကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ကမ္ဘောဒီးယားနိုင်ငံသည် ရော်ဘာ၊ သစ်သီးနှင့်ပီလောပီနံဥများ ပါဝင်သည့် လယ်ယာ ထုတ် ကုန်ကြမ်းများသာမက လျှပ်စစ်နှင့် ဆက်စပ်ပစ္စည်းများကို ကိုရီးယားနိုင်ငံသို့တင်ပို့လျက်ရှိပြီး အဆင့်မြင့် နည်းပညာများဖြင့်   အဆင့်မြင့် အီလက်ထရွန်းနစ်နှင့်တပ်ဆင်ပြီး ကုန်စည်များ ပိုမိုထုတ်လုပ်နိုင်ရန်လည်း ကိုရီးယား နိုင်ငံ သည် အရေးပါသောကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။ယခင်နှစ်များကတည်းက   ချမှတ်ဆောင်ရွက်လျက်ရှိသော ကမ္ဘောဒီးယားနိုင်ငံ၏စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုများကြောင့် ကိုရီးယားနိုင်ငံမှ   ရင်းနှီးမြှုပ်နှံ သောလုပ် ငန်းရှင် များမှာ လုပ်သာကိုင်သာရှိလာမည်ဖြစ်သည်။၂၀၂၁ ခုနှစ် အောက်တိုဘာလတွင်   ထုတ်ပြန်ထားသော ရင်းနှီးမြှုပ်နှံမှုဥပဒေအရ   ဦးစားပေးကဏ္ဍ(၁၉)ခုတွင်   အရင်းအနှီး များသော စီမံကိန်းများ လုပ်ကိုင် မည်ဆိုပါက  ရင်းနှီးမြှုပ်နှံမှု  ပြုလုပ် မည့်လုပ်ငန်းရှင်များသည် ဝင်ငွေခွန်ကင်းလွတ်ခွင့်များ၊    သီးခြား တန်ဖိုးလျှော့ခြင်းလုပ်ငန်းစဉ်များဖြင့် ကုန်ထုတ်လုပ်ငန်းတွင် အသုံး ပြုမည့်ကာလရှည် ပိုင်ဆိုင်မှုများအပေါ် ပေးအပ်မည့်  အထူးတန်ဖိုး လျှော့ထောက်ပံ့ ကြေး များ၊ ကုန်စည်တင်ပို့ခြင်းဆိုင်ရာအကောက်ခွန် ကင်းလွတ်ခွင့်များ ပေးအပ်မည်ဖြစ်သည်။ကမ္ဘောဒီးယားအစိုးရသည် အလုပ်သမားများ   လူနေမှုဘဝ မြှင့်တင်နိုင်ရေးအတွက် ပင်စင်ဆိုင်ရာ အစီအစဉ်သစ်တစ်ခုကို  မိတ် ဆက်ခဲ့ပြီး အလုပ်သမား ဥပဒေကိုလည်း ပြင်ဆင်မှုများပြုလုပ်ခဲ့သည်။အဆိုပါ အစီအစဉ်သစ်အရ   အလုပ်သမားများအတွက် လူမှု ဖူလုံရေး အကျိုးခံစားခွင့် အမျိုးအစားသစ် လေးခုကို မိတ်ဆက်ပေးခဲ့ ရာ သက်ကြီးပင်စင်၊ မသန် စွမ်းပင်စင်၊ ကျန်ရစ် သူပင်စင်နှင့် နာရေး ကူညီမှုစရိတ် စသည်တို့ ပါဝင်သည်။အလုပ်သမားဥပဒေ ပြင်ဆင်ရာတွင် စီးပွားရေးလုပ်ငန်းများ အလုပ်ချိန်ကို အဆိုင်းသုံးဆိုင်းခွဲ၍ ဆောင်ရွက်ရန်နှင့်  လုပ်ငန်းခွင် တွင်း ပြဿနာများကို မဖြေရှင်း နိုင်ပါက တရားရုံးသို့ တင်ပြလျှောက် ထားရန်အချက်များ ပါဝင်သည်။ကမ္ဘောဒီးယားအစိုးရအနေဖြင့်  ပြုပြင်ပြောင်းလဲမှုများသည်နိုင်ငံ၏ယှဉ်ပြိုင်နိုင်စွမ်းကို မြင့်မားစေသည့်အပြင် ၂၀၃၀ပြည့်နှစ်တွင်အလယ်အလတ်ဝင်ငွေရှိသောနိုင်ငံဖြစ်လာ ရန်နှင့်  ၂၀၅၀ ပြည့်နှစ်တွင်ဝင်ငွေမြင့်နိုင်ငံဖြစ်လာရန်အထောက်အကူပြုမည်ဟုမျှော်လင့်ထားသည်
Source: ASEANBriefing
လဲ့လဲ့နှင်း