Main menu

Background

ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုအခြေအနေ

Tue, 08/30/2022 - 14:40 -- journal_editor

ထိုင်းနိုင်ငံသည် ယမန်နှစ်က ရုရှားနိုင်ငံသို့ ဆန်တန်ချိန် ၆၀ဝ၀ ခန့်နှင့် ယူကရိန်းနိုင်ငံသို့ ဆန် တန်ချိန် ၂၀ဝ၀ ခန့်  တင်ပို့ခဲ့ကြောင်း ထိုင်းနိုင်ငံ ဆန်တင်ပို့ရောင်းချသူများအသင်း၏   ဂုဏ်ထူး ဆောင်ဥက္ကဋ္ဌဖြစ်သူ Chookiat Ophaswongse က ပြောကြားခဲ့သည်။
သို့သော် ရုရှားနိုင်ငံမှ ဂျုံတင်ပို့မှုကို ပိတ် ပင်ထားခြင်းကြောင့် အခြေအနေ ပြောင်းလဲသွား နိုင်ပြီး ဆန်နှင့် အခြားသောနှံစားသီးနှံများ ဈေး တက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ အဆိုပါ အခြေအနေသည် အလားအလာရှိသော ဝယ်သူများ၏ အော်ဒါမှာယူမှုများအပေါ် သက် ရောက်မှု ရှိနိုင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံမှ ဥရောပ၊ အထူးသဖြင့် ပြင်သစ်နှင့် အာဖရိကရှိ အဓိကဈေး ကွက်များသို့ ပင်လယ်ရေကြောင်းဖြင့် ဆန်တင်ပို့မှု များသည် ရုရှားနိုင်ငံနှင့် ယူကရိန်းကို ဖြတ်ကျော်မှု မရှိသောကြောင့် ထိခိုက်မှုမရှိကြောင်းChookiat  က ထပ်လောင်းပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်းရှိ နိုင်ငံ တစ်နိုင်ငံချင်းဆီသို့  နှစ်စဉ်  ဆန်တန်ချိန် တစ်သန်းထက်မနည်း တင်ပို့နေ၍ ယခုနှစ်အတွက်  ဆန်တန်ချိန် ခုနစ်သန်း တင်ပို့မည့် လျာထားချက် ကို  ပြည့်မီအောင်  တင်ပို့နိုင်မည်ဖြစ်ကြောင်း Chookiat က ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းဈေးကွက်သည်   ဆန် တင်ပို့မှု ကျဆင်းခဲ့သော်လည်း ၂၀၂၁ ခုနှစ် နှစ် ကုန်ပိုင်းမှစ၍   ပြန်လည်မြင့်တက်လာခဲ့သည်။ ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာန (DFT) သည် ဆန်စပါးကဏ္ဍအတွက် ရေးဆွဲထားပြီးဖြစ် သည့် မဟာဗျူဟာကို လက်ရှိအခြေအနေနှင့်ကိုက် ညီအောင် ပြင်ဆင်ရေးဆွဲ၍ ထိုင်းဆန်အကြောင်း သိရှိမှုမြင့်တက်လာစေရန် အွန်လိုင်းလှုပ်ရှားမှုများ  ပြုလုပ်ရန် စီစဉ်ထားရှိကြောင်း DFT ၏ ညွှန်ကြား ရေးမှူးချုပ်ဖြစ်သူ Pitak Udomwichaiwat  က ပြောကြားခဲ့သည်။
DFT သည် တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူနိုင်ငံတို့နှင့် ကုန် သွယ်မှု ခိုင်မာလာစေရန် အဓိကထား စီစဉ်ဆောင် ရွက်လျက်ရှိသည်။ အလားအလာရှိသော ဝယ်သူ များနှင့် Virtual အစည်းအဝေးများ ကျင်းပခြင်း အပြင် ဆန်တင်ပို့မှုတွင် ထိုင်းနိုင်ငံ၏ နံပါတ် (၁) ပြိုင်ဘက်ဖြစ်သည့်  ဗီယက်နမ်နိုင်ငံနှင့်  ဖြေရှင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို  ရှာဖွေသွား မည်ဖြစ်သည်။  ကွန်တိန်နာပြတ်လပ်မှု  ပြဿနာ လျော့ပါးသွားခြင်းကြောင့်  ထိုင်းနိုင်ငံ၏ ပို့ကုန် ကဏ္ဍသည် ယခုနှစ်တွင် ကောင်းမွန်သင့်သော် လည်း သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များက မြင့်တက်နေသေးကြောင်း  Pitak က ပြောကြား သည်။
ထိုင်းဆန်ဈေးနှုန်းသည်  ငွေလဲလှယ်နှုန်း ထားကြောင့်   ယခုအချိန်အထိ  သင့်တင့်သော ဈေးနှုန်းတွင်ရှိနေပြီး ငွေကြေး ယခုထက်ပို၍ ခိုင်မာ လာခြင်းမရှိပါက အဆိုပါအခြေအနေသည် ဆက် လက်တည်ရှိနေမည်ဖြစ်သည်။  ထို့အပြင် DFT သည် ထိုင်းဆန်ကို နိုင်ငံတကာ ကုန်စည်ပြပွဲများ တွင် ပါဝင်ပြသရန် စီစဉ်လျက်ရှိပြီး လက်ရှိတွင် ဆော်ဒီအာရေးဗီးယားနိုင်ငံဈေးကွက်သို့ တင်ပို့ နိုင်ရန် လေ့လာလျက်ရှိသည်။ DFT က ဆော်ဒီ အာရေဗျနိုင်ငံ၏ အဓိက ဆန်တင်ပို့ရောင်းချသူ များနှင့် ချိတ်ဆက်နိုင်ရန်နှင့် ဈေးကွက်လိုအပ်ချက် များကို သိရှိနိုင်ရန်အတွက် ထိုင်းနိုင်ငံ သံတမန် များကို လေ့လာမှုများပြုလုပ်နိုင်ရန် တောင်းဆို ထားကြောင်း ၎င်းက ပြောကြား သည်။
ကိုဗစ်(၁၉)ရောဂါ   ပြန့်ပွားမှုအခြေအနေ လျော့ပါးလာပါက   DFT သည် ဆန်ပို့ကုန် လုပ်ငန်း ရှင်များနှင့်   ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပြီး
G to G  သဘောတူညီမှုအနေဖြင့် အီရတ်နိုင်ငံနှင့် MoU  ရေးထိုးရန် စောင့်ဆိုင်းလျက်ရှိကြောင်း၊ သို့ရာတွင် ပုဂ္ဂလိကကဏ္ဍမှ အီရတ်နိုင်ငံသို့ ဆန် များ  တင်ပို့လျက်ရှိပြီဖြစ်ကြောင်းဖြင့်  Pitak က ပြောကြားသည်။
Source: Rice News Today
ခက်ခက်နွယ်ဖူး (Myantrade)