Main menu

Background

အမေရိကန် မီယာမီမြို့တွင် ကုန်စည်ပြပွဲ ကျင်းပမည်

Tue, 08/30/2022 - 15:25 -- journal_editor

12th Annual Miami-Export Import International Trade Exhibition  ပြပွဲကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်အထိ အမေရိကန်ပြည် ထောင်စု မီယာမီမြို့Miami Airport Convention Center တွင် ကျင်းပသွား မည်ဖြစ်ပြီး မြန်မာစီးပွားရေးလုပ်ငန်း ရှင်များအတွက်Myanmar Exports to Global Markets ခေါင်းစဉ်ဖြင့် ပြပွဲတွင် ပါဝင်ပြသနိုင်ရေး   စီစဉ်ထားကြောင်း သိရှိရသည်။အဆိုပါပြပွဲသို့ မြန်မာစီးပွားရေး လုပ်ငန်းရှင်များ  ပါဝင်ပြသခြင်းဖြင့် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါ၊လက်တင်အမေရိကနှင့် မြေထဲပင်လယ် ဒေသတွင်း ၄၃ နိုင်ငံတို့၏ တင်သွင်း သူများ၊  လက်လီလက်ကား ဝယ်ယူ/ ဖြန့်ဖြူးရောင်းချသူများ၊ ရင်းနှီးမြှုပ်နှံသူ များနှင့်    တိုက်ရိုက်ထိတွေ့နိုင်ခြင်း၊ လာရောက်ပြသသည့် နိုင်ငံများနှင့် သီးခြားတွေ့ဆုံနိုင်ခြင်း စသည့် အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်သည်။12th Annual Miami-Export Import International Trade Exhi- bition တွင် ပါဝင်ပြသလိုသော မြန်မာကုမ္ပဏီလုပ်ငန်းရှင်များ အနေဖြင့် ပြပွဲ နှင့်ပတ်သက်၍  အသေးစိတ် အချက် အလက်များကို  email: info@export- importtradeshow.com  နှင့်  တယ်လီ ဖုန်း အမှတ်- ၃၀၅-၂၆၂-၃၂၀ဝ သို့ တိုက်ရိုက်ဆက်သွယ်   မေးမြန်းနိုင် ကြောင်း သိရသည်။

MITC News