Main menu

Background

နိုင်ငံအများအပြား၌ ငွေကြေးဖောင်းပွမှုကို ကြုံတွေ့နေရဟု ကမ္ဘာ့ဘဏ်က ထုတ်ဖော်ပြောကြား

Tue, 08/30/2022 - 16:11 -- journal_editor

စံချိန်တင် မြင့်မားနေသော စားသောက်ကုန်ဈေးနှုန်းများ ကြောင့် ကမ္ဘာပေါ်ရှိ သန်းနှင့်ချီသော လူဦးရေအား အလွန်အမင်း ဆင်းရဲတွင်းသို့ တွန်းပို့မည့် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပေါ်လာစေပြီး ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှုများ ပိုမိုဖြစ် ပေါ်လာစေကာ  ခက်ခက်ခဲခဲ ဆောင်ရွက်ထားရသည့် ဖွံ့ဖြိုးတိုး တက်ရေးရလဒ်များကို ခြိမ်းခြောက်နေသည်ဟု ကမ္ဘာ့ဘဏ်အုပ်စု က ပြောကြားခဲ့သည်။ကမ္ဘာ့ဘဏ်၏ နောက်ဆုံးရရှိသော စားနပ်ရိက္ခာဖူလုံရေး အချက်အလက်များအရ  ယူကရိန်းပဋိပက္ခ၊  ထောက်ပံ့ရေးကွင်း ဆက်ပြတ်တောက်မှုနှင့် ကိုဗစ်(၁၉) ကပ်ရောဂါကြောင့် စီးပွားရေး ဆက်လက် ကျဆင်းမှုများက ဖွံ့ဖြိုးတိုးတက်မှုရလဒ်များကို ပြောင်း ပြန်လှန်ပစ်ကာ စားနပ်ရိက္ခာဈေးနှုန်းများကို အမြင့်ဆုံးသို့ တွန်းပို့ နေကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်။

ဇူလိုင် ၂၉ ရက်အထိ  စိုက်ပျိုးရေး ဈေးနှုန်းညွှန်းကိန်းမှာ ၂၀၂၁ ခုနှစ်  ဇန်နဝါရီလနှင့်  နှိုင်းယှဉ်ပါက ၁၉ ရာခိုင်နှုန်း ပိုမို မြင့်မားသည်ဟုဆိုသည်။ပြောင်းနှင့် ဂျုံတို့၏ဈေးသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက ၁၆ ရာခိုင်နှုန်းနှင့် ၂၂ ရာခိုင်နှုန်း အသီးသီးမြင့်မား ခဲ့သော်လည်း ဆန်ဈေးမှာမူ ၁၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း နှင့် ကမ္ဘာတစ်ဝန်း ပြည်တွင်းစားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုများ  မြင့်မားနေဆဲဖြစ်ကြောင်း၊ မတ်လမှ ဇွန်လအထိ အချက်အလက် များအရ ဝင်ငွေနည်းနိုင်ငံများနှင့် အလယ်အလတ် ဝင်ငွေနည်း နိုင်ငံ အားလုံးနီးပါးတွင် ငွေကြေးဖောင်းပွမှု မြင့်မားနေကြောင်း၊ ဝင်ငွေနည်းနိုင်ငံများ၏ ၉၃ ဒသမ ၈ ရာခိုင်နှုန်း၊ ဝင်ငွေ အလယ် အလတ် နိုင်ငံများ၏ ၈၉ ဒသမ ၁ ရာခိုင်နှုန်းနှင့် အလယ်အလတ် ဝင်ငွေအထက် နိုင်ငံများ၏ ၈၉ ရာခိုင်နှုန်းတို့တွင် ငွေကြေးဖောင်းပွ မှု အဆင့် ၅ ရာခိုင်နှုန်းအထက်တွင် ရှိနေပြီး နိုင်ငံအများအပြားမှာ ဂဏန်းနှစ်လုံး ငွေကြေးဖောင်းပွမှုနှင့်  ကြုံတွေ့နေရကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားထားသည်။ငွေကြေးဖောင်းပွမှုနှင့် ကြုံတွေ့နေရသည့် ဝင်ငွေမြင့်မား သော နိုင်ငံများလည်း ပိုမိုများပြားလာပြီး ယခုအခါ ဝင်ငွေမြင့် နိုင်ငံများ၏ ၇၈ ဒသမ ၆ ရာခိုင်နှုန်းတွင် စားသောက်ကုန်ဈေးနှုန်း ဖောင်းပွမှုကို ကြုံတွေ့နေရပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က မှတ်ချက် ပြု ပြောကြားသည်။

ကမ္ဘာ့ဘဏ်၏  ၂၀၂၂ ခုနှစ် ဧပြီလCommodity Markets Outlook တွင်လည်း  ယူကရိန်းပဋိပက္ခက ကုန်သွယ်မှု၊ ထုတ်လုပ် မှုနှင့် စားသုံးမှုပုံစံများကို ပြောင်းလဲလိုက်ကြောင်း၊  ၂၀၂၄ နှစ်ကုန် အထိ  သမိုင်းတွင်လောက်အောင် မြင့်မားသည့် စားနပ်ရိက္ခာ ဈေးနှုန်းများ ဖြစ်ပေါ်စေနိုင်ကြောင်း ခန့်မှန်းထားသည်။2022 State of Food Insecurity in the World  အစီရင်ခံစာ အရ ကိုဗစ်(၁၉) ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်က ငတ်မွတ်မှု ဘေးဒဏ်သင့်သူဦးရေမှာ သန်း ၁၅၀ သာရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် ငတ်မွတ်မှုဘေးဒဏ်သင့်သူဦးရေမှာ ၈၂၈ သန်းရှိခဲ့ကာ ၂၀၂၀ ပြည့်နှစ်ကထက် ၄၆သန်းခန့် တိုးလာကြောင်း သိရသည်။

 

ရင်းမြစ်။  ။Theedgemarkets.com