Main menu

Background

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများ ပိုမိုအားကောင်းလာ

Thu, 10/13/2022 - 11:56 -- journal_editor

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုကုမ္ပဏီများသည် တစ်နှစ်ပတ်လုံး ကုန်သွယ်မှုအလားအလာနှင့် ပတ်သက်၍ တတိယ သုံးလပတ်အတွင်း ခိုင်မာသောယုံကြည်မှုရှိကြောင်း ပြသခဲ့ပြီး ပိုမိုမြင့်မားသောမျှော်လင့်ချက်ရှိကြောင်း နိုင်ငံ တကာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီက ပြုလုပ်သော စစ်တမ်းတစ်ရပ်က ဖော်ပြခဲ့သည်။ စစ်တမ်းကောက်ယူထားသော ကုမ္ပဏီ အချို့၏ ၃၀ ဒသမ ၃၁ ရာခိုင်နှုန်းက ၎င်းတို့သည် နှစ်စဉ်ကုန်သွယ်မှုပမာဏတွင် ဒုတိယသုံးလပတ်၌ တစ်နှစ်ထက် တစ်နှစ် တိုးတက်မှု ၄ ဒသမ ဝ၉ ရာခိုင်နှုန်းအထိရှိရန် မျှော်လင့်ထားကြောင်း စက်တင်ဘာ၂၉ ရက်ထုတ် စစ်တမ်းအရ သိရသည်။
အသေးစားနှင့် အလတ်စားကုမ္ပဏီများသည် ဒုတိယသုံးလပတ်ထက် ပိုမိုကောင်းမွန်သော မျှော်မှန်းချက်များကို ပြသနေ  သော်လည်း အကြီးစားနှင့် အလတ်စားကုမ္ပဏီများသည် တစ်နှစ်ပတ်လုံး ကုန်သွယ်မှုအလားအလာအပေါ် ပိုမိုအကောင်းမြင် ကြောင်း စစ်တမ်းက တွေ့ရှိခဲ့သည်။ စစ်တမ်းကောက်ယူထားသော ကုမ္ပဏီများသည် တတိယသုံးလပတ်တွင် ပို့ကုန်ပမာဏနှင့် အမြတ်အစွန်းများ တိုးတက်မှုရှိကြောင်း၊ အထူးသဖြင့် တန်ဖိုးမြင့်စက်မှုလုပ်ငန်းများတွင်ဖြစ်ကြောင်း စစ်တမ်း၏တွေ့ရှိချက်များကို ဖော်ပြထားသည်။တတိယသုံးလပတ်တွင် ပြည်ပကုန်သွယ်မှုကုမ္ပဏီများ၏ အမှာစာအသစ်များသည် အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ)၊ ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင် စုတို့ထံမှ ရောက်ရှိလာကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။   

ရင်းမြစ်။CGTN၊ ဒေါက်တာဝေရီလင်း(စီးပွားရေးသံမှူး)