Main menu

Background

တရုတ်နိုင်ငံ၏ ဝန်ဆောင်မှု၊ တင်သွင်းမှုနှင့် ပို့ကုန်တန်ဖိုး မြင့်တက်လာ

Wed, 10/26/2022 - 16:00 -- journal_editor

    တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်မှု တန်ဖိုးသည် ယခုနှစ် ပထမ ရှစ်လတာကာလအတွင်း  ယွမ် ၃ ဒသမ ၉၄ ထရီလီယံ (ဒေါ်လာ ၅၅၀ ဘီလီယံ) ဝန်းကျင်ရှိပြီး  တစ်နှစ်ထက်တစ်နှစ် ၂၀ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီးဌာနက   ၁၀-၁၁-၂၀၂၂ ရက်တွင် ပြောကြားခဲ့ကြောင်း၊ ယင်းကာလအတွင်း ဝန်ဆောင်မှု တင်ပို့မှုမှာ ယွမ် ၁ဒသမ ၉၁ ထရီလီယံရှိခဲ့သော လွန်ခဲ့သည့်နှစ်ကထက် ၂၃ ဒသမ ၁ ရာခိုင်နှုန်းတိုးလာပြီး သွင်းကုန် ယွမ် ၂ ဒသမ ဝ၃ ထရီလီယံ အရ နှစ်စဉ် ၁၇ဒသမ ၉ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ဝန်ဆောင်မှု တင်ပို့မှု ကြီးထွားမှုနှုန်းသည် သွင်းကုန်ထက် ၅ ဒသမ ၂ ရာခိုင်နှုန်း မြင့်မားခဲ့ပြီး ယွမ် ၁၂၁ဒသမ ဝ၈ ဘီလီယံ တန်ဖိုးရှိ ဝန်ဆောင်မှု ကုန်သွယ်မှုလိုငွေမှာ ယခုနှစ်အတွင်း တစ်နှစ်ထက်တစ်နှစ် ၂၉ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
     သြဂုတ်လတစ်လတည်းတွင် တရုတ်နိုင်ငံ၏ ပို့ကုန်နှင့်သွင်းကုန် ပေါင်းစပ်ဝန်ဆောင်မှုများ တန်ဖိုးမှာ ယွမ် ၅၄၃ ဒသမ ၇၉ ဘီလီယံ ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၇ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဇန်နဝါရီမှ သြဂုတ်လ အတွင်း ဝန်ဆောင်မှုလုပ်ငန်းများတွင် အသိ ပညာ အလေးပေးသော ဝန်ဆောင်မှုကုန်သွယ်မှု Knowledge-intensive trade in services   သည် တဖြည်းဖြည်း ကြီးထွားလာခဲ့ သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက  ပြော ကြားခဲ့သည်။
    အသိပညာ အလေးပေးသော ဝန်ဆောင်မှုများတွင် ကုန်သွယ် မှုသည် တစ်နှစ်ထက်တစ်နှစ် ၁၁ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယွမ် ငွေ ၁ဒဿမ ၆၄ ထရီလီယံအထိ ရှိခဲ့ကြောင်း အသိပညာအထူးပြု ဝန်ဆောင်မှုများ တင်ပို့မှုမှာ ယွမ် ၉၂၉ ဒသမ ၇၉ ဘီလီယံရှိပြီး နှစ်စဉ် ၁၅ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း  tဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ပို့ကုန်တိုးတက်မှု၊ ဆက်သွယ်ရေးကွန်ပျူတာများနှင့် သတင်းအချက်အလက် ဝန်ဆောင်မှုများသည် ၂၄ ရာခိုင်နှုန်းနှင့် ၁၈ ဒသမ ၄ ရာခိုင်နှုန်း အသီးသီးရှိပြီး အခြားစွမ်းဆောင်ရည်ထက် သာလွန်ကြောင်း  အသိပညာအထူးပြု ဝန်ဆောင်မှုများ တင်သွင်းမှု ပမာဏသည် ယွမ် ၇၁၃ ဒသမ ၄၈ ဘီလီယံရှိပြီး နှစ်စဉ် ၆ ဒသမ ၂ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း၊ ယင်းတို့အနက် အာမခံဝန်ဆောင်မှု တင်သွင်းမှုသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုနှုန်း ၆၄ ဒသမ ၄ ရာခိုင်နှုန်းဖြင့် အလျင်မြန်ဆုံး တိုးတက်လာခဲ့ကြောင်း၊ ခရီးသွားဝန် ဆောင်မှု ကုန်သွယ်မှုတွင် ယခုနှစ် ပထမရှစ်လအတွင်း ယွမ် ၅၄၂ ဒသမ ၆၆ ဘီလီယံအထိရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်ကထက် ၇ ဒသမ ၁ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ခရီးသွားဝန်ဆောင်မှုများ မပါဝင်ပါက တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုများ တင်သွင်းခြင်းနှင့် တင်ပို့ခြင်းမှာ တစ်နှစ်လျှင် ၂၂ ဒသမ ၈ ရာခိုင်နှုန်း တိုးလာကြောင်း၊ ၂၀၁၉ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ပထမ ရှစ်လတာကာလ အတွင်း ဝန်ဆောင်မှု တင်သွင်းမှုနှင့် ပို့ကုန်များ ၅၁ ဒသမ ၉ ရာခိုင် နှုန်း တိုးတက်ခဲ့ရာ  ပို့ကုန် ၆၇ ဒသမ ၈ ရာခိုင်နှုန်း တိုးလာပြီး ခရီး သွားဝန်ဆောင်မှုများ မပါဝင်ပါက သွင်းကုန် ၃၆ ဒသမ  ရာခိုင်နှုန်း တိုးလာသည်။
ရင်းမြစ် - ဃ့ငညေိငေူပ.ခသာ.ခည
ဒေါက်တာဝေရီလင်း (စီးပွားရေးသံမှူး)