Main menu

Background

အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအား အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်ပေးရန် ထိုင်းအစိုးရကို တောင်းဆိုထား

Tue, 11/07/2023 - 13:21 -- journal_editor

ထိုင်းနိုင်ငံ၊ အငယ်စားနှင့်   အလတ်စား စီးပွားရေးလုပ်ငန်းများ ပို့ကုန်စွမ်းရည် တိုးမြှင့်ရေး ကို အရှိန်မြှင့်တင်ဆောင်ရွက်ရန်၊ ပြည်တွင်းတိုက် ရိုက်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ပေးရန်နှင့် ယှဉ်ပြိုင်မှု နှင့် အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များ၏ဝင်ငွေ တိုးမြှင့်စေမည့်    ကုန်သွယ်ရေးနှင့် အမှတ်တံဆိပ်အေဂျင်စီ      တည်ထောင်ပေးရန် စသည်တို့အတွက် ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးနှင့်    အငယ်စားနှင့် အလတ်စား  စီးပွားရေးလုပ်ငန်းများအသင်းချုပ် တို့တွေ့ဆုံစဉ်က  အသင်းချုပ်ဥက္ကဋ္ဌ Mr. Sangchai Theerakulvanich က အဆိုပြု   တောင်းဆိုထား သည်။
ကုန်သွယ်ရေးနှင့်   အမှတ်တံဆိပ်အေဂျင်စီ သည် အစိုးရ-ပုဂ္ဂလိက  ပူးပေါင်းဆောင်ရွက်မှုပုံစံ ဖြစ်ကြောင်း၊     ယင်းအေဂျင်စီသည်    ဈေးကွက် အချက်အလက်များ စုစည်းခြင်းနှင့် ရောင်းခြင်း/ ဝယ်ခြင်းနှင့် အခြေခံစီးပွားရေးတွင် အရေးပါသော အငယ်စား စိုက်ပျိုးရေး သမဝါယမ အပါအဝင် အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ၏    ထောက်ပံ့မှု     ကွင်းဆက်စီမံခန့်ခွဲမှုတို့တွင် အထောက်အပံ့ပေးသွားမည်ဖြစ်ကြောင်း၊လုပ်ငန်း ငယ်များ၏ ပို့ကုန်များ  တင်ပို့ရာတွင် ကြုံတွေ့ရ သည့် ဘာသာစကား အခက်အခဲများ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ   မြှင့်တင်ခြင်းနှင့် တီထွင်ဖန်တီး သည့် စီးပွားရေးတွင် ပါဝင်နိုင်ခြင်း စသည်တို့တွင် ကူညီပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အေဂျင်စီသည်  ရောင်းခြင်း/ဝယ် ခြင်းတို့ကို စုစည်းပေးခြင်းအပြင် ထိုင်းထုတ်ကုန် များအတွက် တံဆိပ်တီထွင်ခြင်းကိုလည်း  ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊    ကနဦးဘဏ္ဍာငွေကို အစိုးရမှ ထုတ်ပေးသင့်ကြောင်း၊  အဓိကထုတ်ကုန် များကို       ရွေးချယ်ပြီး      ပို့ကုန်တိုးမြှင့်နိုင်မည့် ဝန်ဆောင်မှုများပေးမည့်အစိုးရနှင့်       ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ပိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့်   China Oil and Foodstuffs Corporation (Cofco)သည် ဆန်နှင့် စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် တင်သွင်းခြင်း တွင် ဦးဆောင်နေပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ဘတ် ၁၀၁ ဘီလီယံ အမြတ်ရရှိသည်ဟု အစီရင်ခံ စာ ထုတ်ပြန်ခဲ့ပါကြောင်Mr. Sangchai  က ဖြည့် စွက်ပြောကြားသည်။
စီးပွားရေးတိုးတက်ရန်နှင့် ဝင်ငွေတိုးပွားရန် အတွက်     ပြည်သူပိုင်အဖွဲ့အစည်းနှင့်    လူမှုရေး အသင်းအဖွဲ့များ   တည်ထောင်ခြင်းဖြစ်ကြောင်း၊ ှစေ နှင့် စားသောက်ဆိုင်ကဏ္ဍရှိ လုပ်ငန်းများကို ကူညီနိုင်မည်ဖြစ်ကြောင်း၊    ထိုင်းနိုင်ငံ၏ Soft powerကို    မြှင့်တင်နိုင်မည့်     ထိုင်းယဉ်ကျေးမှု အထည်နှင့် ဖက်ရှင်များကို    ကမ္ဘာတစ်လွှားသို့ တင်ပို့နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြော ကြားသည်။
ထိုင်းလုပ်ငန်းရှင် ၂၂၀ဝ၀ သည် တိုက်ရိုက် တင်ပို့သူများဖြစ်ကြောင်း၊  စုစုပေါင်း ပို့ကုန်တန်ဖိုး ၏ ၁၃ ရာခိုင်နှုန်းသည်   ဘတ် ၁ ထရီလီယံဖြစ်ပြီး အငယ်စားနှင့်   အလတ်စားစီးပွားရေးလုပ်ငန်းမှ ဖြစ်ကြောင်း၊    ကိုယ်တိုင်ရေရှည်တည်တံ့နိုင်ပြီး စီးပွားရေးအရ မျှခြေရှိနိုင်ရန် ပြည်တွင်းထုတ်ကုန် များကိုလည်း အသုံးပြုရန်  လိုအပ်ကြောင်း၊ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပြည်တွင်း ကုန်ကြမ်းများအသုံးပြုမှုကို မြှင့်တင်ရန် နှင့် ထိုင်းရင်းနှီးမြှုပ်နှံမှုများကို ကုန်ကျစရိတ် သက် သာသော ရန်ပုံငွေ အရင်းအမြစ်များ၊ နည်းပညာ နှင့် တီထွင်ဖန်တီးမှုအသိပညာများ ထောက်ပံ့ပေး ရန်နှင့် အရည်အသွေးမီ ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း    အကြံပြုထား သည်။ အနာဂတ်တွင်   ပို့ကုန်များအပေါ် ကာဗွန် ထုတ်လွှတ်မှုကို  တွက်ချက်ရန်   လိုအပ်ချက်အရ လယ်သမားများနှင့်  အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ကာဗွန်ခရက်ဒစ် အစီ အစဉ်တွင် ပါဝင်ရန် အစိုးရအနေဖြင့် တွန်းအား ပေးရန်နှင့်     ကာဗွန်ခရက်ဒစ်ရန်ပုံငွေကိုလည်း တည်ထောင်ပေးသင့်ကြောင်း၊   Trust Mark  နှင့် Thai SELECT  ကဲ့သို့သော နည်းလမ်းများသုံး၍ ထိုင်းထုတ်ကုန်များ၏ အရည်အသွေးမြင့်မားစေ ရန် မြှင့်တင်ပေးသင့်ကြောင်း   ဖြည့်စွက်အကြံပြု ထားသည်။
ပြီးခဲ့သည့် နှစ်အတွင်း ထိုင်းနိုင်ငံ၏GDP  စုစုပေါင်း ဘတ် ၁၇ ဒသမ ၄ ထရီလီယံတွင် ဘတ် ၁၁ ဒသမ ၃ထရီလီယံ(၆၅ရာခိုင်နှုန်း)သည် အကြီး စား စီးပွား‌ရေးလုပ်ငန်းများနှင့် ဘတ် ၆ ဒသမ ၁ ထရီလီယံ (၃၅ ရာခိုင်နှုန်း)သည်   အငယ်စားနှင့် အလတ်စား  စီးပွားရေးလုပ်ငန်းများတို့မှ ပါဝင် ကြောင်း အသင်းချုပ်က ထုတ်ပြန်ထားသည်။
အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ် ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အစိုးရနှင့် ပုဂ္ဂလိ က ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အချက်တစ်ခုဖြစ်သည့် ကာဗွန်ခရက်ဒစ်  တွက် ချက်မှုသည်လည်း ပို့ကုန်ကဏ္ဍတွင် အရေးပါလာ သည့်အချက်တစ်ခုဖြစ်ကြောင်း သိရသည်။

သီတာဝင်း(စီးပွားရေးသံမှူး)
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။