Main menu

Background

ဘုရင့်နောင်ဈေးကွက်မှာမတ်ပဲဈေးလှုပ်၊ပဲစင်းငုံနီဈေးဆက်လက်မြင့်တက်

Mon, 09/01/2014 - 09:31 -- ydnar

 

ဘုရင့်နောင်ဈေးကွက်မှာဒီတစ်ပတ်ဈေးကွက်စဖွင့်ချိန်အိန္ဒိယဝယ်လက်ကမတ်ပဲ(RC)တစ်တန်ကို၈၁၆၀၀၀ကျပ်ဈေးဖြင့်   ဈေးဖွင့်အဝယ်ရှိခဲ့ရာက သြဂုတ်လ၁၉ရက်နေ့မှာအိန္ဒိယဝယ်လက် ကဈေးပိုပေးပြီး အဝယ်ရှိတာကြောင့် တစ်တန် ကို ၈၂၀၀၀၀ကျပ် အထိဈေးမြင့်ခဲ့ကာ သြဂုတ်လ ၂၀ ရက်နေ့မှာတော့ တစ်တန်ကို ၈၂၉၅၀၀ ကျပ်အထိ ထပ်မံဈေးမြင့်တက် ခဲ့ကြောင်း၊ဈေးကွက်ပိတ်ချိန်မှာတော့တစ်တန်ကို၈၃၀၀၀၀ကျပ်အထိ ဈေးကောင်းရရှိခဲ့ ကြောင်းသိရ

ပါတယ် ။ရောင်းသူ ကုန် သည်တွေထံမှာမတ်ပဲပစ္စည်းလက်ကျန်နည်းလာလို့ ဈေးထိန်းရောင်းမှုတွေရှိနေတယ်လို့ ဈေးကွက်အတွင်းမှ သိရပါ တယ်။ပဲစင်းငုံနီ (RC) အနေဖြင့် ဒီတစ် ပတ်မှာ အိန္ဒိယရဲ့ ဝယ်လိုအားသွက်လာတာကြောင့် ယခင်အပတ်ဖြင့် နှိုင်းယှဉ် ပါက ဈေးသိသာစွာမြင့်လာပြီး တစ်တန်ကို အနိမ့်ဆုံး ၇၃၈၀၀၀ ကျပ်မှ အမြင့်ဆုံး ၇၄၆၀၀၀ ကျပ်အတွင်းအရောင်းရော အဝယ်ပါသွက်ခဲ့ကြောင်းသိရပါတယ်။အိန္ဒိယရဲ့ဝယ်လိုအားသွက်လာတာကြောင့်ပဲစင်းငုံနီဈေးကတစ်ရက်ထက်တစ်ရက်ေ  ဈးပိုရနေလို့ရောင်းသူကုန်သည်တွေကလည်းတက်ဈေးမှာအရောင်းများခဲ့တယ်လို့သိရပါ တယ်။