Main menu

Background

ပြည်ပဝယ်လက် ပြန်သွက်တဲ့ ချင်းခြောက်

Thu, 03/11/2010 - 06:35 -- Anonymous (not verified)

     စစ်တွေနယ်စပ်မှာ ဇန်နဝါရီလလယ်က  ပြည်ပဝယ်လက်အေးသွားတဲ့ ချင်းခြောက်ဈေး တစ်ပိဿာ ၁၄ဝဝ ကျပ်နဲ့ တစ်လလုံး ဈေးငြိမ်ခဲ့သလို ဖေဖော်ဝါရီလလယ်မှာ ရန်ကုန်၊ စစ်တွေ ဝယ်လက်တွေ ရှိလာလို့ ချင်းခြောက်တစ်ပိဿာ ၁၅၅ဝ ကျပ်နဲ့ လကုန်မှာ ၁၆၅ဝ ကျပ်ထိ ဈေးမြင့်လာပါတယ်။ မတ်လဆန်းမှာ တစ်ပတ်အတွင်း ချင်းခြောက် အသစ်အဟောင်း ပိဿာချိန် ၈ သောင်းခန့်ကို တစ်ပိဿာ ၁၈ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ပြီး၊ ပြည်ပဈေးကွက်အတွက် ရန်ကုန်ဝယ်လက် က ဝယ်လာတယ်လို့ သိရပါတယ်။      ရွှေစင်