Main menu

Background

ပြောင်း

Fri, 02/19/2010 - 12:41 -- Anonymous (not verified)

နယ်စပ်ကုန်သွယ်မှု   ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း  မူဆယ်နယ်စပ်သို့ ပြောင်းဖူးစေ့ ၄၃၆၂ တန် ကို တစ်ဖက်နိုင်ငံ ရွှေလီသို့တင်ပို့နိုင်သလို ယခင်အပတ်ထက်  ၂၀ ရာခိုင်နှုန်းနီး ပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်ကနေ ၁၉ တန် တင်ပို့နိုင်ခဲ့ပါတယ်လို့ သိရပါ တယ်။မူဆယ်ဒေသမှာ ဖြစ်ပေါ်နေတဲ့ ပြောင်းဖူးစေ့ တစ်တန် ဈေးနှုန်းအတက် အကျကို အောက်ပါအတိုင်း တွေ့ရပါတယ်-  ယခုအပတ် ယခင်အပတ်  မိမိဘက်ဈေး       (ကျပ်) ၂၇၁၂၀၈ ၂၆၅၈၂၅ တရုတ်ဘက်ဈေး (ဒေါ်လာ) ၂၇၂    ၂၆၄     ပြောင်းဖူးစေ့ကို အရက်ချက်လုပ်ငန်းများ၌ သကာရည်နှင့် ဆန်ကွဲဈေး မြင့်မားမှုကြောင့် အစားထိုးသုံးစွဲရန် စုဆောင်း သိုလှောင်လာခြင်း၊ CP  ကြက်စာလုပ် ငန်းမှ  ကုန်ကြမ်းဝယ်ယူမှုများပြားခြင်းကြောင့် ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းမြင့် တက်နေ ပါတယ်။  တရုတ်နိုင်ငံမှ  ယခင်နှစ်တွင် အမြင့်ဆုံး ၅၀ ကီလို တစ်အိတ် ၈၄ ယွမ်သာပေးခဲ့သော်လည်း ယခု ၉၄ ယွမ်မှ ၉၆ ယွမ်ထိ ဈေးရရှိခဲ့ပါတယ်။ သို့သော်လည်း ပြည်တွင်းဝယ်ဈေးက မြင့်နေတဲ့အတွက် တင်ပို့နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။အဝယ်လိုက်တဲ့ပြောင်း ဈေးဆက်ကောင်း     ယခု ဖေဖော်ဝါရီလဒုတိယပတ်မှာ ပြောင်းအဝယ်လိုက်တဲ့အတွက် ပြည်တွင်း ဈေးကွက်တိုင်းမှာ  ပြောင်းဈေးများ မြင့်တက် လာပါတယ်။ လားရှိုးကုန်သည်တွေ ကလည်း တောင်သူတွေရောင်းချင်တဲ့ ဈေးနှုန်းကို ထိုက်သင့်စွာ မက်လုံးပေးပြီး ဝယ်ယူနေကြ တာကြောင့် တောင်သူတွေ လားရှိုးကုန်စည်ဒိုင်မှာ လာရောက် ရောင်း ချကြတယ်လို့သိရပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာလည်း တရုတ်ဝယ်လက်နဲ့ ဒေသ  တွင်း တိရစ္ဆာန်အစာစပ်လုပ်ငန်းရှင်များမှ ဝယ်လိုအားကောင်းတယ်လို့ သိရပါတယ်။ ပြည်တွင်းပြောင်း ဈေးနှုန်းတွေကို ယခင်ပတ်နဲ့ ယခုပတ်ဈေးနှုန်းများနဲ့ ယခုပတ် အရောင်းအဝယ်ဖြစ်သူတွေကို လေ့လာနိုင်ရန် ဖော်ပြလိုက်ပါတယ်-     မြို့နယ်                    ယခု                 ယခင်               အရောင်းအဝယ်ဖြစ်မှု                         ဈေးနှုန်း(ကျပ်)    ဈေးနှုန်း(ကျပ်) (ပိဿာ) တောင်ကြီး                 ၃၅၀                    ၃၅၀                           ၁၅၀၀၀၀  လားရှိုး                     ၃၉၀                     ၃၈၀                           ၅၀၀၀၀၀ မန္တလေး(ရှမ်း)             ၃၈၉                     ၃၈၁ မန္တလေး (ဗမာ)           ၃၆၇                      ၃၅၂ ထုတ်လုပ်မှုအကျိုးအမြတ်    မန္တလေးတိုင်းအတွင်းမှာ ထုတ်လုပ်မှုကုန်ကျစရိတ်က တစ်ဧကလျှင် ၁၃၃၂၀၀ကျပ်ဖြစ်ပြီး လက်ရှိပေါက်ဈေးအရ တောင်သူက လက်ရှိကွင်းဈေး တစ် ပိဿာ ၂၅၀ကျပ်ရပြီး ကုန်ကျစရိတ် ၁၇၈ ကျပ်ကို နှုတ်ရင် ၇၂ ကျပ်လောက် မြတ်လို့ တစ်တန်ကို ၄၄၀၉၂ ကျပ်အမြတ်ရနေပါတယ်။ လာရှိုးဈေးကွက်မှာတော့ တောင်သူလက်ရှိ ကွင်းဈေး တစ်ပိဿာ ၃၂၉ ကျပ်ဖြစ်ပြီး တောင်ကြီးဈေး ကွက်မှာ တစ်ပိဿာ ၂၇၃ ကျပ်ဈေးပေါက်ပါတယ်။ လားရှိုးဈေးကွက်မှာ တစ်တန်ကို ၆၅၇၄၄ ကျပ်မြတ်ပြီး တောင်ကြီးဈေးကွက် မှာ ၇၄၈၉၁ ကျပ်အမြတ်ရကြပါတယ်။    အိတ်စပိုတာတွေအနေနဲ့ကလည်း တရုတ်နိုင်ငံမှာ ပြောင်းဈေး အနည်းငယ် တက်လာလို့ အထိုက်အလျှောက် အကျိုးအမြတ်ရ နေတယ်လို့ ပြောကြပါတယ်။ပင်လယ်ရေကြောင်းတင်ပို့ရေး   ဒီအပတ် ဖေဖော်ဝါရီလ ဒုတိယပတ်မှာ ပင်လယ်ရေကြောင်းမှ ပြောင်းဖူး စေ့ တန်ချိန် ၄၇၂ တန်၊ တန်ဖိုးအားဖြင့် ၀ ဒသမ ၅၇၅သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။အပြည်ပြည်ဆိုင်ရာမှ ပြောင်းဈေးနှုန်းကောက်နုတ်ချက် ပြောင်းဖူးစေ့ရဲ့ အပြည်ပြည်ဆိုင်ရာ ဈေးနှုန်းတွေကို ယခင်ပတ်နဲ့ ယခုပတ် နှိုင်းယှဉ်လေ့လာကြည့်တဲ့အခါ အောက်ပါအတိုင်းပြောင်းလဲမှုတွေကို တွေ့ရပါတယ်- တန်ဖိုး- ကန်ဒေါ်လာ   နိုင်ငံ     ဈေးကွက်                 ယခုပတ်      ယခင်ပတ်         ပြောင်းလဲမှု အိန္ဒိယ     ဂူဂျာရတ်                ၂၄၂ .၃၉      ၂၂၉ .၃၅            + ၁၃ .၀၄             မန်ဒရာပရာဒတ်ရှ်       ၁၈၉ .၁၃      ၁၉၆ .၀၉            - ၆ .၉၆             တမီနာဒူလ်              ၁၈၉ .၁၃      ၁၈၄ .၇၈            + ၄ .၃၅တရုတ်     နန်နင်း                  ၂၉၀ .၀၁       ၂၉၇ .၃၄             - ၇ .၃၃             ကူမင်း                  ၂၈၅ .၆၂         ၂၈၅ .၆၃            - ၀ .၀၁           ရှန်ဟိုင်း                 ၂၈၈ .၅၅         ၂၈၈ .၅၆             - ၀ .၀၁  Source:www.agmarknet.nic.in