Main menu

Background

ပြောင်းဖူးစေ့ဆီကြမ်း (CrudeCornOil) ထုတ်လုပ်ခြင်း

Fri, 02/19/2010 - 08:17 -- Anonymous (not verified)

    ပြောင်းဖူးစေ့မှ တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်တဲ့ ပြောင်းဖူးစေ့ဆီသန့် (Edible Corn Oil) ထုတ်လုပ်ရန်အတွက် အခြေခံဖြစ်တဲ့ ပြောင်းဖူးစေ့ဆီကြမ်း (Crude  Corn Oil) ကို ပြောင်းဖူးစေ့သန့်စင်ခြင်းလုပ်ငန်းမှ ရရှိလာတဲ့ပြောင်းမျိုးစေ့ (Germ) ကနေ ပြောင်း ဖူးစေ့ဆီကြမ်း (Crude Corn  Oil) ထုတ်လုပ်ခြင်းအကြောင်းကိုတင်ပြမှာဖြစ်ပါတယ်။    ပဏာမအနေနဲ့ ပြောင်းကြိတ်ခွဲထုတ်လုပ်မှုအပိုင်းမှာ သိရှိရန်လိုအပ်တဲ့ ပြောင်းဖူးစေ့တစ်စေ့မှာ ဖွဲ့စည်းပါဝင်နေတဲ့ အစိတ် အပိုင်းများ အကြောင်းကို တင်ပြလိုပါတယ်။ပြောင်းဖူးစေ့ တစ်စေ့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ     ပြောင်းဖူးစေ့ရဲ့ အပြင်ဆုံးအလွှာဟာ အခွံ (Hull) ဖြစ်ပါတယ်။ အခွံရဲ့ အလေးချိန်ဟာ ပြောင်းဖူးစေ့ အလေးချိန်ရဲ့ ၆% ရှိပြီး၊ အစားအစာထုတ်လုပ်မှု အပိုင်းအတွက် အခြေခံကျတဲ့ ပါဝင်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ပြောင်းမျိုးစေ့ (Germ) ကတော့ အပင် လောင်းပိုင်းဖြစ်ပြီး ဆီပါရှိတဲ့ အပိုင်းဖြစ်ပါတယ်။ ဆီပါဝင်မှုက ၁၁.၅% ရှိပါတယ်။ ကျန်အစိတ် အပိုင်းများကတော့ အစေ့တွင်းစာ များဖြစ်ပြီး အစေ့တွင်းစာ (၂)မျိုး ပါဝင်ပါတယ်။ ပုံမှာ အဖြူရောင်ပြထားတဲ့ အစေ့တွင်းစာပိုင်း တစ်မျိုးက နူးညံ့ပျော့ပျောင်းတဲ့ စတာ့ချ် (Starch) များဖြစ်ပြီး ခွဲထုတ်ရန်လွယ်ကူပါတယ်။ ပုံမှာ အစက်အပြောက်များနဲ့ ဖေါ်ပြထားတဲ့ ကျန်အစေ့တွင်းစာ တစ်မျိုးကတော့ စတာ့ချ် (Starch)၊ ပရိုတိန်း (Protein)၊ ကော်ဓါတ် (Gluten)တို့နဲ့ အလွယ်တကူ ခွဲထုတ်မရနိုင်အောင် တစ်သားတည်း ရောနှောဖွဲ့စည်းထားပါတယ်။ ဒီလိုဖွဲ့စည်းထားတဲ့ ပြောင်းဖူးစေ့ရဲ့ အတွင်းပိုင်းမှာရှိတဲ့ ပြောင်းမျိုးစေ့ (Germ) ကို ပြောင်းသန့်စင်ခြင်းလုပ်ငန်းမှ အဆင့်ဆင့်ခွဲထုတ်ပြီး (ပြောင်းမှတန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် အဆင့်ဆင့်သန့်စင် ခြင်း၊ Commerce Journal, Vol. 9, No. 45 မှာ ဖေါ်ပြပြီး) ရရှိပါတယ်။ပြောင်းဖူးစေ့ ဆီကြမ်း ထုတ်လုပ်ခြင်းအဆင့် (၁)    သန့်စင်ပြီး အခြောက်ခံပြီးတဲ့ ပြောင်းမျိုးစေ့ (Germ) မှာ ဆီပါဝင်မှုဟာ ၄၅% ကနေ ၅၀% အထိရှိတဲ့အတွက် ဖိအားနဲ့ညှစ်ပြီး ဆီထုတ်စက် (Expeller) သုံးပြီး ဆီထုတ်ယူပါတယ်။ ဖိအားနဲ့ညှစ်ပြီး ဆီထုတ်စက် (Expeller) မှာ အပူပေးထားတဲ့ လွန် (Screw Press) နဲ့ ဖိညှစ်ဆီထုတ်ခြင်းဖြင့် ပြောင်းမျိုးစေ့ (Germ) မှာပါဝင်တဲ့ ဆီပမာဏရဲ့ ၅၀% ခန့်ရှိတဲ့ ပြောင်းဖူးစေ့ဆီကြမ်း (Crude Corn  Oil) ကိုရရှိ ပါတယ်။     ပြောင်းမျိုးစေ့ (Germ) မှာ ပါဝင်တဲ့ဆီရဲ့ ၅၀% ကိုသာ ထုတ်ယူနိုင်ပြီး ကျန်တဲ့ဆီတွေကတော့ ဆီကြိတ်ဖတ် (Press Cake) ထဲမှာကျန်ခဲ့ပါတယ်။ ကျန်နေတဲ့ဆီကို အဆင့် (၂) မှာ ဆက်လက်ထုတ်ယူမှာဖြစ်ပါတယ်။ပြောင်းဖူးစေ့ ဆီကြမ်းထုတ်လုပ်ခြင်းအဆင့် (၂)     ဆီကြိတ်ဖတ် (Press Cake) ထဲမှာကျန်တဲ့ဆီကို ဖျော်ရည်အသုံးပြုပြီး ဆီထုတ်နည်း (Extraction) နဲ့ ထုတ်ယူရမှာဖြစ်ပါ တယ်။ ဖျော်ရည်အဖြစ် ဓါတ်ပျံဆီ (Hexane) ကို အသုံးပြုပါတယ်။     ပြောင်းဖူးစေ့ဆီကြိတ်ဖတ်မှ ပြောင်းဖူးစေ့ဆီထုတ်ရာမှာ ဒေါင်လိုက်လည်ပတ်နိုင်တဲ့ Percolation စနစ်သုံး ဆီထုတ်အိုး (Extractor) ကို အသုံးများပါတယ်။ ယင်းဆီထုတ်အိုးကို ပုံမှာဖေါ်ပြထားပါတယ်။ ဆီထုတ်အိုးရဲ့ အောက်ခြေက ဇကာပေါက် ပါတဲ့အခင်းပေါ်မှာ ဆီကြိတ်ဖတ်များကို ဖြည့်ထည့်ပြီး ဟက်ဇိန်းဖျော်ရည်ကို ဖြတ်သန်းစီးဆင်းစေပါတယ်။ ၎င်းဖျော်ရည်ဟာ ဆီကြိတ်ဖတ်ထဲမှာပါတဲ့ ဆီများကို ဆွဲစုပ်ယူသွားပြီး ဆီနဲ့ဖျော်ရည်အရော (Misclla) အဖြစ်နဲ့ ဇကာကိုဖြတ်စီး သွားပါတယ်။ ဆီထုတ်ပြီး ဆီကြိတ်ဖတ်များသာ ဆီထုတ်အိုးထဲမှာ ကျန်ခဲ့ပါတယ်။ ဆီနဲ့ဖျော်ရည်အရောကို အမှုန်အနည်များဖယ်ထုတ်ရန် ဆီစစ် (Filter)ကို ဖြတ်ရပါတယ်။ ရလာတဲ့ဆီအရောထဲက ဖျော်ရည် (Hexane) ကို အငွေ့ပျံတဲ့နည်းနဲ့ ဖယ်ထုတ်ပြီး အအေးခံ စနစ်နဲ့ အရည်ပြန်ဖွဲ့ရယူကာ ထုတ်လုပ်မှုဖြစ်စဉ်မှာ ပြန်လည်အသုံးပြုနိုင်ပါတယ်။ ဆီအရောထဲက (Hexane) ကို ခွဲထုတ်ပြီးတဲ့ အခါ ဆီသား ၉၅% ပါတဲ့ ပြောင်းဖူးစေ့ဆီကြမ်း (Crude  Corn Oil) ကိုရရှိပါတယ်။    ဆီကြမ်းထုတ်လုပ်ခြင်းအဆင့် (၁) နဲ့ အဆင့် (၂) က ရရှိတဲ့ ဆီအားလုံးဟာ ပြောင်းဖူးစေ့ဆီကြမ်း (Crude  Corn Oil) များ ဖြစ်ပါတယ်။ ပြောင်းဖူးစေ့ဟာ အဆိပ်အတောက်နည်းပြီး ပါဝင်ပစ္စည်းအားလုံးဟာ စားသုံးနိုင်တဲ့အတွက် ပြောင်းဖူးစေ့ဆီကို ဆီကြမ်း (Crude Oil) အဆင့်မှာပင် တိုက်ရိုက်စားသုံးနိုင်ပါတယ်။     ပြောင်းဖူးစေ့ဆီကြမ်းထုတ်လုပ်ခြင်းအဆင့် (၁) ၊ အဆင့် (၂) တို့နဲ့ ဆီထုတ်ပြီး ကျန်တဲ့ ဆီကြိတ်ဖတ်တွေမှာ ဆီလက်ကျန် အနည်းငယ်၊ ဟက်ဇိန်း (Hexane) ဖျော်ရည်လက်ကျန်အနည်းငယ်ကျန်နေပါတယ်။ ကျန်နေတဲ့ ဟက်ဇိန်းကို Desolventizer-Toaster (D.T) ယူနစ်ကိုဖြတ်ပြီး အငွေ့ပျံစေကာ ဖယ်ထုတ်ပါတယ်။ ဟက်ဇိန်းကင်းစင်တဲ့ ဆီထုတ်ပြီးပြောင်းဖတ်ဟာ ပရိုတိန်းပြည့်ဝတဲ့ စားသောက်ကုန်ပစ္စည်းများထုတ်လုပ်ဖို့အခြေခံကုန်ပစ္စည်းအဖြစ်အသုံးပြုနိုင်ပါတယ်။    ပြောင်းဖူးစေ့မှာ သဘာဝထဲကိုက ဓါတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) ပါဝင်တဲ့အတွက် ပြောင်းဖူးစေ့ဆီကြမ်းကို အချိန် အကြာကြီးသိုလှောင်ထားရင်လည်း ပျက်စီးမှုနည်းပါတယ်။ သိုလှောင်တဲ့အခါမှာ ရေငွေ့နဲ့အငွေ့ပျံနိုင်တဲ့ပစ္စည်းများ (Moisture & Volatile  Matter) ဝ.၄ % အောက်မှာပါဝင်တဲ့ ပြောင်းဖူးစေ့ ဆီကြမ်းကို အပူချိန် ၄ ံC အောက်မှာ ထားသိုရမှာဖြစ်ပါတယ်။    ပြောင်းဖူးစေ့ဆီကြမ်းကို တိုက်ရိုက်စားသုံးနိုင်သော်လည်း ကမ္ဘာ့စားသုံးဆီ ဈေးကွက်မှာ စားဆီများရောင်းဝယ်တဲ့အခါ ဓါတု ဗေဒနည်းနဲ့ သန့်စင်ပြီးမှသာ ရောင်းဝယ်ကြတဲ့အတွက် ပြောင်းဖူးစေ့ဆီကြမ်းကို ကမ္ဘာ့ဈေးကွက်ဝင် သန့်စင်ပြီး ပြောင်းဖူးစေ့ဆီ (Edible  Corn  Oil) အဆင့်ထိ သန့်စင်ခြင်းလုပ်ငန်းကို ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။