Main menu

Background

ပြောင်းဖူးစေ့ ဆီသန့် (Edible Corn Oil) ထုတ်လုပ်ခြင်း

Wed, 02/24/2010 - 10:06 -- Anonymous (not verified)

    ပြောင်းဖူးစေ့မှ တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်တဲ့ ပြောင်းဖူးစေ့ဆီသန့် (Edible  Corn  Oil) ထုတ် လုပ်ရာမှာ ပြောင်းမျိုးစေ့ (Germ)မှ ပြောင်းဖူးစေ့ဆီကြမ်းကို အရင်ထုတ်ရပါတယ်။ ပြောင်းဖူးစေ့ဆီကြမ်း ထုတ်လုပ်ခြင်းကို Commerce Journal (Vol.10, No.7) မှာ  ဖော်ပြပြီးဖြစ်ပါတယ်။ ပြောင်းဖူးစေ့ဆီကို ဆီကြမ်းအဆင့်မှာပင် စားသုံးနိုင်သော်လည်း   ကမ္ဘာ့စားသုံးဆီဈေး ကွက်မှာ ရောင်းဝယ်နိုင်တဲ့အဆင့်ဖြစ်တဲ့ ပြောင်းဖူးစေ့ဆီသန့် ရရှိတဲ့အထိ ဆီသန့်စင်ခြင်း လုပ်ငန်း အဆင့်ဆင့်ကို တင်ပြမှာဖြစ်ပါတယ်။ပထမဦးစွာ ဆီသန့်စင်ခြင်းနဲ့ ဆီသန့်စင်ခြင်း အကျိုးကျေးဇူးများကို တင်ပြလိုပါတယ်။ ဆီသန့်စင်ခြင်း     ဆီသန့်စင်ခြင်းဆိုသည်မှာ ဆီမှာပါဝင်တဲ့ မလိုလားအပ်တဲ့ မသန့်ရှင်းတဲ့အညစ် အကြေးများ၊ ရောဂါပိုးများအပြင် အရောင်၊ အနံ့၊ အရသာတို့ကိုပါ ဓာတုဗေဒပစ္စည်းများ အသုံးပြုပြီး အဆင့် ဆင့် ဖယ်ရှားသန့်စင်ခြင်းဖြစ်ပါတယ်။    အဲဒီလိုသန့်စင်တဲ့နေရာမှာ စားသုံးသူနှစ်သက်တဲ့ အရောင်၊ အနံ့၊ အရသာကိုပါ ချန်ထားလို့ မရပါဘူး။ အားလုံးဖယ်ရှားရပါ တယ်။ ဘာကြောင့်လဲဆိုရင် ဆီထွက်သီးနှံများဟာ လယ်ယာသီးနှံများဖြစ်တဲ့အတွက် အခြေခံကုန်ကြမ်းကတဲက ပါလာတဲ့ရော ဂါပိုးတွေ၊ မသန့်ရှင်းတဲ့ အညစ်အကြေးတွေဟာ သဘာဝအရောင်၊ အနံ့၊ အရသာတွေနဲ့  ရောနှောနေတဲ့ အတွက်ဖြစ်ပါတယ်။ သဘာဝအရောင်၊ အနံ့၊ အရသာကို မဖယ်ရှားခဲ့ရင် ယင်းတို့နဲ့ယှဉ်တွဲနေတဲ့ ရောဂါပိုးနဲ့ မသန့်ရှင်းတဲ့ အညစ်အကြေးတွေဟာ တွယ်ကပ်ကျန်နေခဲ့ပြီး  ဆီကိုအသုံးပြုပြီး  ကြော်ချက်တဲ့အခါမှာ အမြှုပ်ထခြင်း၊ အငွေ့ထွက်များခြင်း အနံ့ဆိုးထွက်ခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်ပါတယ်။    သို့ပေမယ့် ဆီသန့်စင်ခြင်းလုပ်ငန်းစဉ်မှာ တိုကိုဖီရော (Tocopherol) ကိုတော့ ထိန်းသိမ်း ထားပါတယ်။ တိုကိုဖီရောကို ထိန်းသိမ်းထားနိုင်တဲ့အတွက် သူ့ရဲ့စွမ်းရည်ဖြစ်တဲ့ ဓာတ်တိုး ဆန့်ကျင်တဲ့ စွမ်းရည်ကိုရရှိနိုင်ပြီး၊ စားဆီပျက်ခြင်းကို တားဆီးနိုင် ပါတယ်။ ဒါ့အပြင် တချို့သော တိုကိုဖီရောမှ ဗီတာမင်အီး (Vitamin E) ကိုလည်း ရရှိနိုင်ပါတယ်။ဆီသန့်စင်ခြင်း၏ အကျိုးကျေးဇူး    ဓာတုဗေဒနည်းအားဖြင့်   သန့်စင်ပြီးတဲ့ဆီမှာတော့ သဘာဝရဲ့နှစ်သက်ဖွယ် အရောင်၊ အနံ့၊ အရသာ မရှိတော့ပေမယ့် ဟင်းချက်ဆီ (Cooking Oil) အဖြစ် အသုံးပြုတဲ့အခါ မလို လားအပ်တဲ့ အမြှုပ်ထခြင်း၊ ဆီဝေကျခြင်း၊ ဆီခိုး (အငွေ့) အထွက်များခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ အရသာဆိုး ဖြစ်ပေါ်ခြင်းများမရှိဘဲ ဆီကိုပူရုံနဲ့ ဟင်းစချက်နိုင်ပြီး ဆီသားဆုံးရှုံးမှုနည်း၍ (ဆီမ ခန်း၍) လိုအပ်သမျှသာ တိုင်းတာသုံးစွဲနိုင်ပြီး ဆီအကုန်သက်သာတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။ ဆီကြမ်းသန့်စင်ခြင်း အကြောင်း နောက်အပတ်များတွင် ဆက်လက်တင်ပြပါမည်။