Main menu

Background

ပြောင်း

Wed, 02/24/2010 - 10:09 -- Anonymous (not verified)

မလေးရှားကို အများဆုံးသွားတဲ့မြန်မာ့ပြောင်း    ယခုအပတ် ဖေဖော်ဝါရီလ တတိယပတ်မှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှု ကနေ ပြောင်းတန်ချိန် ၂၃၀ မက်ထရစ်တန်သာ စင်ကာပူနိုင်ငံကိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၄၇၂ တန် တင်ပို့နိုင်ခဲ့တာထက် ထက်ဝက်လျော့နည်းခဲ့တာ တွေ့ရ ပါတယ်။ ယခုဘဏ္ဍာနှစ်စမှ ဖေဖော်ဝါရီလ တတိယပတ်အထိ ပင်လယ် ရေကြောင်း ကနေ ပြောင်းတန်ချိန် စုစုပေါင်း ၁၁၂၀၆တန် ၊ တန်ဖိုးအားဖြင့် ၃ဒသမ ၃၄သန်း ဖိုးတင်ပို့နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ပြောင်းတစ်တန် FOB ပေါက်ဈေးကတော့ ၂၀၀ ဒေါ်လာ -၂၂၀ဒေါ်လာဈေးဖြစ်ပြီး ယခင်အပတ်က အတိုင်းဈေးနှုန်း မပြောင်းလဲ ဘူးလို့သိရပါတယ်။    အများဆုံးတင်ပို့တဲ့ဈေးကွက်ကတော့ မလေးရှားနိုင်ငံဖြစ်ပြီး တန်ချိန် ၅၄၀၀ ကျော်နဲ့စင်ကာပူနိုင်ငံကို တန်ချိန် ၂၅၀၀ကျော်တင်ပို့နိုင်ခဲ့ပါတယ်။အခြားပို့ကုန် ဈေးကွက်တွေမှာ ဂျပန်၊တရုတ်၊ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ဖြစ်ပါတယ်။    နယ်စပ်ကုန်သွယ်မှုအနေနဲ့ ယခုဘဏ္ဍာနှစ်စမှ ဇန်နဝါရီလကုန်ထိ နှံစားပြောင်း တန်ချိန် ၁၆၆၅၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၇၂၆ သန်းဖိုး တင်ပို့ခဲ့ပြီး ဖြစ်ပါတယ်။ မူဆယ်နယ်စပ်စခန်းက အများဆုံး တင်ပို့ပြီး ဒီတစ်ပတ် မှာတော့ တရုတ်နှစ်သစ်ကူးပွဲတော်ချိန်အတွင်းဖြစ်လို့ တင်ပို့မှုမရှိဘူးလို့ သိရပါ တယ်။ MIRT(DOBT)တောင်ကြီးမှာ ဒီတစ်ပတ်လည်း ပြောင်းဈေးကကောင်းဆဲ    တောင်ကြီးဈေးကွက်မှာ ပြောင်းဈေးက ကောင်းနေတုန်းပါဘဲ။ အထွက်နှုန်း ကလည်း မနှစ်ကထက် အနည်းငယ်လျော့ပေမဲ့ စိုက်ဧကတိုးတော့ သိသိသာသာ လျော့မသွားပါဘူး။ ကြံဈေးမကောင်းလို့ ကြံခင်းတွေမှာ ပြောင်းနဲ့ ပဲစင်းငုံကို အစားထိုးပြီး စိုက်ကြတယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်ထဲကို ဆီဆိုင်၊ ဆိုက်ခေါင်၊ နန့်ပန်၊ အင်းလေးဒေသ စံကားကျေးရွာတွေက ဝင်နေတဲ့အပြင် အထွက်နှုန်းမြင့်တဲ့ တောင်နီ၊ ပင်ဖြစ်၊ စတဲ့မြို့နယ်တွေကလဲ ဝင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ပြောင်းဈေးဟာ ၃၂၅ ကျပ်၊ ၃၃၀ ကျပ်ရှိပြီး ဖေဖော်ဝါရီလဆန်းမှာ ၃၃၀ ကျပ်၊ ၃၃၅ ကျပ်ထိတက်လာပါတယ်။ ဖေဖော်ဝါရီလ ပထမပတ်မှာ ၃၄၀ ကျပ်၊ ၃၄၅ ကျပ်ဈေးရှိလာပြီ တိရစ္ဆာန် အစာစပ်ရုံနဲ့ မန္တလေးဝယ်လက်တွေကပါ ဝယ်ယူနေလို့ ဖေဖော်ဝါရီလ ဒုတိယ ပတ်မှာ တစ်ပိဿာ ၃၅၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်သွက်ပါတယ်။  ဈေးကွက် ထဲမှာ ပြောင်းသီးနှံဟာ အင်နဲ့အားနဲ့ မရှိတော့ပေမယ့် လှောင်လက်တွေက ဈေး ကောင်း ရချိန်ထိ စောင့်နေကြလို့  နောက်တစ်ရာသီ ပေါ်တဲ့အထိ ရှိအုန်းမှာ ဖြစ်တယ်လို့ ဒေသခံကုန်သည်တွေက ခန့်မှန်းထားပါတယ်။         ဧဧခိုင်နိုင်ငံတကာပြောင်းဈေးနှုန်း သိပ်အတက်အကျမများ    ပြောင်းဖူးစေ့ရဲ့ နိုင်ငံတကာဈေးနှုန်းတွေကို လေ့လာနိုင်ရန် ယခင်ပတ်နဲ့ ယခုပတ်ဈေးနှုန်းတွေကို ယှဉ်တွဲ ဖော်ပြလိုက်ပါတယ် -                                                                       တန်ဖိုး- ကန်ဒေါ်လာ    နိုင်ငံ                 ဈေးကွက်        ယခုပတ်        ယခင်ပတ်        ပြောင်းလဲမှု    အိန္ဒိယ            ဂူဂျာရတ်          ၂၂၆ .၀၈        ၂၄၂ .၃၉        - ၁၆ .၃၁                    မန်ဒရာပရာဒတ်ရှ်      ၁၈၆ .၉၅        ၁၈၉ .၁၃        - ၂ .၁၈                       တမီနာဒူလ်         ၁၉၃ .၄၈        ၁၈၉ .၁၃        + ၄ .၃၅    တရုတ်              နန်နင်း           ၂၉၀ .၀၃        ၂၉၀ .၀၁        + ၀ .၀၂                          ကူမင်း             ၂၈၅ .၆၃        ၂၈၅ .၆၂        + ၀ .၀၁                         ရှန်ဟိုင်း            ၂၈၈ .၅၆        ၂၈၈ .၅၅        + ၀ .၀၁        Source:www.agmarknet.nic.in,www.jcichina.comMIRT(DOBT)