Main menu

Background

ဖြိုးကြီးရဲ့ 'တမ်းတဖော်' VCD ထွက်ပြီ

Wed, 02/17/2010 - 13:18 -- Anonymous (not verified)

 အဆိုတော် ဖြိုးကြီးရဲ့ ''တမ်းတဖော်''လို့ အမည်ပေးထားတဲ့ တေးစီးရီးကို ရတနာမြိုင်တေးသံသွင်းက ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖြန့်ချိမှာ ဖြစ်ပါတယ်။   တမ်းတဖော်တေးစီးရီးမှာ ဖြိုးကြီးနဲ့အတူ ဆုန်သင်းပါရ်၊ ယုဇန၊ ရှင်ဖုန်း၊ ဖြူဖြူကျော်သိန်း၊ ရေဗက္ကဝင်း၊ မေစံပယ်ညို၊ ကြိုးကြာတို့က စုံတွဲပါဝင်သီဆိုထားပါတယ်။   ဒီတေးစီးရီး VCD ကို ဒါရိုက်တာလူမင်းခေါင်က ရိုက်ကူးပေးထားပြီး အဆိုတော်တွေကိုယ်တိုင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။    ပရိုမိုးရှင်း အနေနဲ့ ၁၂-၂-၂ဝ၁ဝ နေ့လယ် ၁နာရီမှာHappy World၊ ညနေ ၄ နာရီမှာ  လှည်းတန်း  စိန်ဂေဟာ၊ ညနေ ၆ နာရီ ဗစ်တိုးရီးယားကုန်တိုက်မှာ အမှတ်တရ လက်မှတ် ရေးထိုးပြီး သီဆိုဖျော်ဖြေမယ်လို့ ထပ်မံ သိရပါတယ်။