Main menu

Background

ဗန်းမော်-မန္တလေး ရေကြောင်းလိုင်း ဧရာဝတီမြစ်ရေကျချိန်သယ်ယူစရိတ်ပြောင်းလဲ

Tue, 02/23/2010 - 08:33 -- Anonymous (not verified)

    ဧရာဝတီမြစ်ရေသည် ယခင်နှစ်ကထက်စောပြီး  ရေနည်းကာ သဲသောင် ဖြစ်ထွန်းမှုများကြောင့် ဗန်းမော်-မန္တလေး ရေကြောင်းလိုင်းမှာ ပုံမှန်ပြေးဆွဲနေ သောသင်္ဘောကြီးများနဲ့ သယ်ဆောင်မှု မပြုလုပ်နိုင်တော့ဘဲ ဖေဖော်ဝါရီလဆန်း ၅ ရက်နေ့ခန့်ကစပြီး ပုဂ္ဂလိက စက်လှေငယ်ဖြစ်တဲ့ မော်တော်များနဲ့ သယ်ယူပို့ဆောင် မှုများ လုပ်ဆောင်ကြရပြီဖြစ်ပါတယ်။   ယခင်က သင်္ဘောကြီးနဲ့သယ်ဆောင်စဉ်က ကားကြီး ခုနစ်စီးမှ ရှစ်စီးစာ တင်ဆောင်နိုင်သော်လည်း စက်လှေငယ်များနဲ့ သယ်ဆောင်ရာ မှာတော့ ကားကြီးသုံးစီးစာသာ တင်ဆောင်နိုင်တဲ့အတွက် တန်ဆာခများ၊ သယ်ယူစရိတ်များ ယခင် ကထက် အနည်းငယ်ပိုလာလျက်ရှိကြောင်း သိရ ပါတယ်။ ယခင်ကကားခုနစ်စီး၊  ရှစ်စီးစာ ပျမ်းမျှတင်ခ ကျပ်သိန်း ၃ဝခန့်ရှိပြီး စက်လှေငယ်များနဲ့ ကားသုံးစီးစာ သယ်ယူခ ကျပ် ၁၅ သိန်းမျှ ပေးချေရ လျက်ရှိတယ်လို့ သိရပါတယ်။