Main menu

Background

ဗီယက်နမ်က ချည်မျှင်နဲ့ ဆိုးဆေးလုပ်ငန်း စက်မှုဥယျာဉ်မြို့တော်ထူထောင်မည်

Sat, 02/06/2010 - 10:49 -- Anonymous (not verified)

    ဗီယက်နမ်အမျိုးသား ချည်မျှင်နဲ့အထည် လုပ်ငန်းအုပ်စု (Vinatex) က မဲခေါင်မြစ်ဝကျွန်း ပေါ် ဒေသ ထရာဗင်းပြည်နယ်နဲ့ မြောက်ပိုင်းဒေသရှိ သိုင်းဘင်းပြည်နယ်နှစ်ခုမှာ ချည်မျှင်နဲ့ဆေးဆိုး လုပ်ငန်း အထူးပြုစက်မှုဥယျာဉ် မြို့တော်နှစ်ခုကို ထူထောင်ဖို့ စီစဉ်လျက်ရှိပါတယ်။ ဒီမြို့တော် နှစ်ခုရဲ့ အကျယ်အဝန်းဟာ တစ်ခုလျှင် ဟက်တာ ၁၅ဝ ရှိမှာဖြစ်ပြီး ပြည်တွင်း ပြည်ပ ရင်းနှီး မြုပ်နံှသူများကို ဖိတ်ခေါ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။    စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေးစီမံကိန်းကို စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနက အတည်ပြုထားပြီး (Vinatex) က အသေးစိတ် အစီအစဉ်တွေ ရေးဆွဲ အစိုးရကို တင်ပြရမှာဖြစ်ပါ တယ်။ တည်ဆောက်ရေး လုပ်ငန်းနှစ်ခုစလုံးကို ယခုနှစ်မှ စတင်ဆောင်ရွက်မှာဖြစ်ပြီး ငါးနှစ် အတွင်း ပြီးစီးမှာဖြစ်ကြောင်း (Vinatex) ရဲ့ အထွေထွေညွန်ကြားရေးမှူး ဗူဒတ်ဂျိုင်းက ပြောကြား ပါတယ်။ အဲဒီအချိန်ရောက်ရင် စက်ရုံများမှ တစ်နှစ်ကို ချည်ထည် စတုရန်းမီတာ သန်း ၂ဝဝ ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။  VNS