Main menu

Background

ဘိလပ်မြေ

Thu, 02/25/2010 - 08:36 -- Anonymous (not verified)

ယခင်နှစ်ထက် နှစ်ဆပိုတင်သွင်း    ပြည်တွင်းဝယ်လိုအားကြောင့် ဘိလပ်မြေတင်သွင်းရာမှာ ၂၀၀၈-၂၀၀၉ ဧပြီ လကနေ ဒီဇင်ဘာလအထိ ပြည်ပကနေ ကန်ဒေါ် လာ ၁၈ သန်း တင်သွင်းခဲ့ပြီး လက်ရှိ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှာ ဘိလပ်မြေကန်ဒေါ်လာ ၄၃ ဒသမ ၄၀သန်း တင်သွင်းခဲ့တာမို့ ယခင်နှစ်ထက် နှစ်ဆကျော်ပိုမိုပြီး ပြည်တွင်းဈေးကွက် လုပ်ငန်း သုံးစွဲမှုနှင့်အညီ တိုးမြှင့်တင်သွင်း နေကြောင်းသိရပါတယ်။    ယခု ဖေဖော်ဝါရီ ဒုတိယအပတ်တွင်း ဘိလပ်မြေပင်လယ်ရေကြောင်းက တင်သွင်းရာမှာ တန်ချိန် ၁၆၀၀ ကျော်၊ တန်ဖိုးကန် ဒေါ်လာ ၁၃၈၀၀၀ ခန့်ကို တင်သွင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီပထမအပတ်က တန်ချိန် ၇၀၀၀ ကျော်တန်ဖိုး ကန် ဒေါ်လာ ၇၂၀၀၀၀ ကျော်အထိ တင်သွင်းခဲ့တာမို့ ယခင်အပတ် တင်သွင်းမှုထက် တန်ချိန် ၅၄၀၀ တန်ခန့် လျော့နည်းခဲ့ပါတယ်။ဒီတစ်ပတ် ပါကစ္စတန် ဘိလပ်မြေဝင်    ဒီအပတ်အတွင်း ပင်လယ်ရေကြောင်းက သွင်းလာခဲ့တဲ့ အိတ်တွေကတော့ TPI တံဆိပ်၊ ဆင်တံဆိပ်၊ Bluelionတံဆိပ်နဲ့ ီနတမေ တံဆိပ်များဖြစ်ပြီး  ယခင်အပတ်က ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံများဘက်က သွင်းလာခဲ့ပြီး ဒီအပတ်မှာ တော့ ပါကစ္စတန်နိုင်ငံဘက်က တင်သွင်းလာတာတွေ့ရပြီး အင်ဒိုနီးရှားကဝင်လာတာမတွေ့ရပါဘူး။  လကုန်ပိုင်းမှာ ဘိလပ်မြေ သင်္ဘောတွေတန်းစီနေ    ဈေးကွက်ထဲမှာ ဒီအပတ်အတွင်း ဘိလပ်မြေဈေး မြင့်တက်လာပါတယ်။ အဓိကတွေ့ရတာကတော့ ပြီးခဲ့တဲ့ဇန်နဝါရီလပထမ အပတ်ကတည်းက နည်းနည်းချင်း တက်လာရာကနေ ဖေဖော်ဝါရီဒုတိယအပတ်မှာ တစ်အိတ်ကိုလက်လီ ၇၀၀၀ ဝန်းကျင်ဝယ် သုံးခဲ့ရတာမျိုးဖြစ်ခဲ့ပါတယ်။ ပြည်တွင်းဘိလပ်မြေစက်ရုံတချို့ ပြင်ဆင်ခြင်း၊ ကြံံ့ခိုင်မှုရှိစေရန်မွမ်းမံခြင်းတို့နဲ့ ပင်လယ်ရေကြောင်း ကလည်း ဘိလပ်မြေအဝင်နည်းခဲ့တာကြောင့်ပွင့်လင်းရာသီ ဆောက်လုပ်ရေးဈေးကွက် အရှိန်ရချိန်နဲ့ ပေါင်းပြီး ဈေးမြင့်တက်ခဲ့တာ လို့ သိရပါတယ်။ ဒါပေမယ့် ဒီအပတ် အတွင်းနဲ့ လကုန်အထိ  ပြည်တွင်းကိုဝင်လာမဲ့ သင်္ဘောစာရင်းမှာ ဘိလပ်မြေ တင်ဆောင် ထားတဲ့သင်္ဘောတွေလည်း ပါလာတာမို့ လက်ကားဈေးတွေ ပြန်လည် ငြိမ်သွားမယ်လို့ ဆိုပါတယ်။ဈေးနှုန်းနှိုင်းယှဉ်ကြည့်ရင်    ပြည်တွင်းဒေသအသီးသီးရဲ့ လက်လီဈေးကွက်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်-  တိုင်း/ပြည်နယ်                အမျိုးအစား        ဈေးနှုန်း(ကျပ်)ရန်ကုန်                         ဘိလပ်မြေ(ဆင်)      ၇၂၀၀(စော်ဘွားကြီးကုန်း)           ဘိလပ်မြေ(စိန်)      ၇၀၀၀မန္တလေး                       ဘိလပ်မြေ(ကျား)     ၆၄၀၀                                  ဘိလပ်မြေ(စိန်)     ၈၅၀၀တောင်ငူ                       ဘိလပ်မြေ(ဆင်)     ၇၉၀၀                                 ဘိလပ်မြေ(စိန်)      ၇၈၀၀မကွေး                         ဘိလပ်မြေ(ဆင်)      ၈၇၀၀                              ဘိလပ်မြေ(မိချောင်း)    ၈၀၀၀ဧရာဝတီ(ပုသိမ်)             ဘိလပ်မြေ(ဆင်)       ၇၈၀၀ဘိလပ်မြေဈေးနှုန်းအမျိုးအစား           အမှတ်တံဆိပ်            ဈေးနှုန်း (ဒေါ်လာ)ဘိလပ်မြေ                   ဆင်                    ၂ .၈                               ကျား                   ၃ .၂ဘိလပ်မြေ (ဖြူ)            ဆင်                    ၂ .၇                              က                      ၂ .၇ Source: demo. vevosystems.comMIRT (DOBT)