Main menu

Background

ဘိလပ်မြေ

Fri, 03/05/2010 - 18:19 -- Anonymous (not verified)

ပါကစ္စတန် ဘိလပ်မြေ ပါဝင်လာ    ဘိလပ်မြေပြည်တွင်းမှာ ဖြန့်ဖြူးဖို့အတွက် ရေကြောင်းကတင်သွင်းလာရာမှာ ဖေဖော်ဝါရီလ တတိယအပတ်အတွင်း ပါကစ္စတန် ဘိလပ်မြေတန်ချိန် တစ်ထောင် (တန်ဖိုး ကန်ဒေါ်လာ ၈၅ဝဝဝ)ကိုတင်သွင်းလာကြောင်း တွေ့ရပါတယ်။ ပြည်တွင်းမှာ ပွင့်လင်း ရာသီချိန်မို့ ဆောက်လုပ်ရေးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတာကြောင့် ၂ဝ၁ဝ နှစ်ဆန်း ဇန်နဝါရီလက ဘိလပ်မြေ တန်ချိန် တစ်သိန်း နှစ်သောင်းနီးပါးကို တင်သွင်းခဲ့ပြီး ယခု ဖေဖော်ဝါရီလတတိယပတ်အထိ ဘိလပ်မြေ တန်ချိန် တစ်သိန်းသုံး သောင်းခန့်တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။     မနှစ်ကတစ်နှစ်လုံးအတွင်း တစ်လပျမ်းမျှတင်သွင်းမှုက တန်ချိန် လေးငါး သောင်းခန့်ရှိတာမို့ ဒီနှစ်နှစ်ဦးပိုင်း တင်သွင်းမှုက မနှစ်ကပျမ်းမျှနဲ့ယှဉ်ရင်များနေ ပါတယ်။                                                                                   MIRT (DOT)ဆိပ်ကမ်းတွေမှာ ခပ်စိတ်စိတ်ဝင်လာ    ပင်လယ်ရေကြောင်းကနေ ပါကစ္စတန်ဘက်က ဝင်လာတဲ့ ဘိလပ်မြေက Portland Cement (ပါဝါ) တံဆိပ်ဖြစ်ပြီး ဘိလပ်မြေ တင်သွင်းမှုဘက်မှာ ပြည်တွင်း ကုန်သွယ်လုပ်ငန်းရှင်တွေ အနေနဲ့ ခပ်စိတ်စိတ်ပဲတင်သွင်းလာနေတာ တွေ့ရပါ တယ်။ ပြီးခဲ့တဲ့ အပတ်က ဆူးလေဆိပ်ကမ်းအမှတ် (၁) နဲ့ အမှတ် (၄) မှာ ဘိလပ်မြေတန်ချိန် ၁၆ဝဝဝ ကျော်ကုန်ချခဲ့ပြီးတဲ့အပြင် ဆူးလေ (၂) နဲ့ (၃) မှာလည်း တန်ချိန် ၁ဝဝဝဝ ကျော်ကုန်ချခဲ့ပါတယ်။ ဒါ့အပြင်အေးရှားဝေါနဲ့ မြန်မာ့စက်မှု ဆိပ်ကမ်းတွေမှာလဲ ဘိလပ်မြေတွေ ဒီအပတ်အတွင်း ခပ်စိတ်စိတ်ဝင်လာပါတယ်။    ပြည်တွင်းဈေးကွက်မှာ အသုံးများတဲ့ ထိုင်းနိုင်ငံထုတ် ဆင်တံဆိပ်ဘိလပ်မြေ  စက်ရုံကလည်း ဇန်နဝါရီလအတွင်း ထုတ်လုပ်မှု ပိုင်းဆိုင်ရာမှာ အနည်းငယ်ခိုျ့ယွင်း တဲ့အတွက် အရောင်းတုံ့နှေးသွားခဲ့တယ်လို့ ဆိုပါတယ်။ ယခုအခါအဆိုပါစက်ရုံ ကပုံမှန်ပြန် လည် လည်ပတ်နေပြီမို့ အလုံးအရင်းနဲ့ဝင်လာတော့မှာ ဖြစ်တဲ့အတွက် ဈေးနှုန်းသိပ်ပြီး ကြာကြာမမြင့်နိုင်ပါဘူးလို့ လက်ကားကုန် သည်တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာလဲ မြန်မာ့ေြွကထည်မြေထည်လုပ်ငန်းက ဦးဆောင်တည်ထောင်ခဲ့တဲ့ ဘိလပ် မြေစက်ရုံ (နေပြည်တော်) နှင့် လယ်ဝေး မြို့နယ် တောင်ဖီလာမှာ တည်ဆောက်ထားတဲ့ မက်(စ်) ဘိလပ်မြေစက်ရုံများကို လည်း သွင်းကုန်အစားထိုးလုပ်ငန်းများအဖြစ် တိုးခဲျ့တည်ဆောက်ထားပြီးဖြစ်သလို မကြာမီ မိမိတို့ပြည်တွင်းစက်ရုံတွေကလည်း စွမ်းအား ပြည့်ပြန်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ လက်လီ ဈေးနှုန်းကတော့ အမြင့်တန်းကနေ ပြန်ဆင်းရန် နှေးနေတဲ့ ပုံပေါ်နေပါတယ်။ ပြည် တွင်း လက်လီဈေးနှုန်းကို ဖော်ပြလိုက်ပါတယ် -တိုင်း/ပြည်နယ်    အမိုျးအစား           ရေတွက်ပုံ   ဈေးနှုန်း(ကျပ်)ရန်ကုန်        ဘိလပ်မြေ(ဆင်)         ၁ အိတ်       ၈ဝဝဝ                  ဘိလပ်မြေ(စိန်)         ၁ အိတ်      ၇၉ဝဝ                  ဘိလပ်မြေ(TPI)         ၁ အိတ်      ၇၇ဝဝ               ဘိလပ်မြေ(Blue Lion) ၁ အိတ်      ၇၅ဝဝမန္တလေးတိုင်း  ဘိလပ်မြေ(AAA)         ၁ အိတ်     ၇၅ဝဝ                  ဘိလပ်မြေ(စိန်)         ၁ အိတ်     ၈၇ဝဝဧရာဝတီ       ဘိလပ်မြေ(ဆင်)         ၁ အိတ်     ၈၇ဝဝမကွေး         ဘိလပ်မြေ(ဆင်)         ၁ အိတ်     ၈၇ဝဝတောင်ငူ      ဘိလပ်မြေ (မိချောင်း)    ၁ အိတ်     ၈ဝဝဝ             ဘိလပ်မြေ    (AAA)         ၁ အိတ်     ၈ဝဝဝ                ဘိလပ်မြေ (ဆင်)         ၁ အိတ်     ၈ဝဝဝ                ဘိလပ်မြေ (စိန်)         ၁ အိတ်      ၈၈ဝဝ                   MIRT (DOT)တရုတ်နဲ့ ထိုင်းနယ်စပ်က ပိုမို တင်သွင်းနေ    ဖေဖေါ်ဝါရီလ နောက်ဆုံးအပတ်မှာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ကနေ ဘိလပ်မြေ တန်ချိန်  ၃၁၇၄ ဒသမ ၆တန်၊ တန်ဖိုး ၂၆၆၂၂၂ ဒေါ်လာဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ၁၄ဝ၃ ဒသမ ၁၅ တန်ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။    ဒီတစ်ပတ် တင်သွင်းမှုကိုကြည့်ရင် မူဆယ်စခန်းက ၁၂၉၁ တန်၊ တန်ဖိုး ၁ဝ၂၈၇၇ ဒေါ်လာ၊ ကန်ပိုက်တီးစခန်းက တန်ချိန် ၂ဝဝ၊ တန်ဖိုး ဒေါ်လာ ၁၅ဝဝဝ၊ ကော့သောင်းစခန်းက ၇၆ ဒသမ ၆ တန်၊ တန်ဖိုး ဒေါ်လာ ၇ဝဝဝ၊ မြိတ်စခန်းက ၉၅ဝ တန်၊ တန်ဖိုး ၈၅၅ဝဝ ဒေါ်လာနဲ့ တာချီလိတ်စခန်းက ၆၅၇ တန်၊ တန်ဖိုး ၅၅၈၄၅ ဒေါ်လာဖိုး အသီးသီးတင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်ဒေသ တွေမှာ ဖြစ်ပေါ်နေတဲ့ ဘိလပ်မြေ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ဈေးကွက်ပေါက်ဈေးတွေကို နှိုင်းယှဉ်လေ့လာနိုင်ရန် ဖေါ်ပြလိုက်ပါ တယ်-                                                           တစ်တန်ပေါက်ဈေးနယ်စပ်စခန်း   တံဆိပ်       မိမိဘက်(ကျပ်)     တစ်ဘက်နိုင်ငံ(ဒေါ်လာ)မူဆယ်     ဆင်/ကမ္ဘာလုံး      ၇၈၆၇၂              ၇ဝ.ဝဝကော့သောင်း   ဆင်            ၉ဝဝဝဝ              ၇၈.၄၅    တာချီလိတ်    ကျား            ၈ဝဝဝဝ              ၆၃.၅ဝမြိတ်             ဆင်           ၁၁ဝဝဝဝ              ၆၅.ဝဝ                                                    MIRT (DBOT)