Main menu

Background

ဘုရင့်နောင်မှာမတ်ပဲနဲ့ ပဲစင်းငုံနီ ခပ်ပါးပါးသာ အရောင်းအဝယ်ဖြစ်

Mon, 04/25/2011 - 07:41 -- Anonymous (not verified)

ဘုရင့်နောင်ကုန်စည်ဒိုင်

စဉ် အမျိုးအမည်        ရေတွက်ပုံ          (ပြည်ပရောင်း)         (ပြည်တွင်းရောင်း)             ပြောင်းလဲမှု

                                                     ယခင်     ယခု              ယခင်    ယခု

၁ မတ်ပဲ(RC)                ၁ တန်       ၇ဝ၂ဝဝဝ- ၆၆၃ဝဝဝ           -           -
၂ မတ်ပဲ(SQRC)            ၁ တန်         ၈၁ဝဝဝဝ-၇၉ဝဝဝဝ          -          -
၃ မတ်ပဲ(ကုန်ကြမ်း)        ၁ ပိဿာ               -                        ၁၁၆ဝ-၁ဝ၈၅
၄ ကုလားပဲဖြူလုံးကြီး       ၁ပိဿာ                -                         ၉ဝဝ-၁ဝဝဝ
၅ ပဲစင်းငုံနီ(သစ်)(RC)     ၁တန်                   -                    ၆၁ဝဝဝဝ-၆ဝ၅ဝဝဝ
၆ ပဲတီစိမ်း(ခရမ်း)          ၁တန်                    -                        ၁၇၁၆-၁၆၈၃

 ဘုရင့်နောင်မှာမတ်ပဲနဲ့ ပဲစင်းငုံနီ ခပ်ပါးပါးသာ အရောင်းအဝယ်ဖြစ်

                   ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်မှာ သြင်္ကန်အပြီး မတ်ပဲနှင့် ပဲစင်းငုံနီက အရောင်းအဝယ်ခပ်ပါးပါးသာဖြစ်နေပြီး ပဲတီစိမ်း(ခရမ်း) ကတော့ အရောင်းအဝယ်အေးသွားတာတွေ့ရပါတယ်။မတ်ပဲ (RC) ကို ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ကုန်သည်ကြီးများက တစ်တန်ကို ၆၆၃ဝဝဝ ကျပ်နဲ့ နေ့စဉ် တန် ၅ဝဝ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီကီ တော့ ဈေးကွက်သို့ အဝင် ပုံမှန်ရှိပေမယ့် အိတ်စပို့ဝယ်လက်တွေက ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို ၆ဝ၅ဝဝဝ ကျပ်နဲ့ နေ့စဉ် တန် ၁ဝဝ ခန့်အဝယ်ရှိခဲ့တယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ပဲတီစိမ်း(ခရမ်း) ကို အိတ်စပို့ဝယ်လက်တွေက အဝယ် အေးသွားတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၁၆၈၃ ကျပ် (တစ်တန်ကို ၁ဝ၃၂၃၃၅ ကျပ်)နဲ့ နေ့စဉ် အိတ် ၄ဝဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်