လွယ်လွန်းလို့ Lwei Loon Loh ဟင်းချက်အနှစ်မှုန့်လုပ်ငန်း ထုတ်လုပ်မှုတာဝန်ခံ ဒေါ်သဇင်မြင့်သူနှင့် တွေ့ဆုံမေးမြန်းခြင်း
ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းသည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်ပြီး ပုဂ္ဂလိက စီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အလတ်စား လုပ်ငန်းများ အများဆုံးပါဝင်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့်လည်း အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီပေးလျက်ရှိသည်။ သို့ဖြစ်ရာ ပြည်တွင်း ဈေးကွက်ထဲတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် သဘာဝနည်းဖြင့် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် အသေးစား၊ အလတ်စားလုပ်ငန်းဖြစ်သည့် လွယ်လွန်းလို့ (ူတနူ ူသသည ူသ့) ဟင်းချက်အနှစ် မှုန့်လုပ်ငန်း ထုတ်လုပ်မှုတာဝန်ခံ ဒေါ်သဇင်မြင့်သူနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။
ဟင်းချက်အနှစ်မှုန့် ထုတ်လုပ်တဲ့လုပ်ငန်း စတင် တည်ထောင် ဖြစ်ပုံလေး ပြောပြပေးပါဦး။
ဒီလုပ်ငန်းကို စပြီးလုပ်ကိုင်ဖြစ်တာကတော့ နှစ်နှစ်လောက် တော့ ရှိပြီပေါ့နော်။ ဒါပေမဲ့ ဈေးကွက်ထဲကို စပြီးထိုးဖောက်တာ ကတော့ တစ်နှစ်လောက်ပဲရှိသေးတယ်။ အခုဆိုရင် Capital စူပါမားကတ်မှာတော့ တင်ထားပါပြီ။ အခြားသော Modern trade တွေထဲမှာလည်း တင်ဖို့အတွက် ပြင်ဆင်လျက်ရှိပါတယ်။ လက်ရှိ မှာလည်း အသေးစား၊ အလတ်စား ဈေးရောင်းပွဲတော်တွေမှာ ဝင်ရောက်ပြသရောင်းချ ပေးလျက်ရှိပါတယ်။
ဒီထုတ်ကုန်တွေမှာ ဘယ်လိုမျိုး ထူးခြားချက်တွေပါဝင်ပါသလဲ။
လွယ်လွန်းလို့ထုတ်ကုန်မှာ ကချင်ချက်အရသာ ဟင်းချက် အနှစ်မှုန့်ထုပ်နဲ့ သက်သတ်လွတ် ဟင်းအချက်အရသာ ဗမာချက် ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ ကချင်ချက်မှာဆိုရင် ကချင်အရသာ အကုန်ပါပြီးသားအပြင် ကြက်သွန်အနီ၊ အဖြူတွေ အရသာအမှုန့် တွေ အကုန်ပါပြီးသားဖြစ်ပါတယ်။ ဘာမှထပ်ထည့်စရာ မလို တော့ပါဘူး။ ကချင်ဟင်းတစ်ခွက်ချက်ဖို့ဆိုရင် အသားငါး တစ် ဆယ်သားနဲ့ ဒီဟင်းချက်အနှစ်မှုန့်ကိုထည့် ဆီလေးကို လိုသ လောက်လေးထည့်ကာ နယ်ပြီးခဏနှပ်ထားပါ။ ပြီးရင် လုံးချက် ပုံစံမျိုး ချက်လိုက်တာနဲ့ ရပြီပေါ့။ အသားလေးရယ်၊ ဆီလေးရယ် နှစ်မျိုးပဲလိုအပ်မှာ ဖြစ်ပါတယ်။ သက်သတ်လွတ် ဟင်းချက် အနှစ်မှုန့်ကကျတော့ ဗမာအရသာပေါ့။ ဗမာဆီပြန်ဟင်းအရသာ ပါ။ ချက်မယ် ဆိုရင် ကိုယ်ချက်ချင်တဲ့ အသားငါးနဲ့ ဟင်းချက်အနှစ် မှုန့်ကိုထည့် ဆီလေးနဲ့နယ်ပြီး ခဏနှပ်ထားပါ။ ပြီးတော့မှ ရေလေး ထည့်ပြီး လုံးချက်ချက်လိုက်ရုံပါပဲ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ နနွင်း၊ အရောင်တင်မှုန့်၊ တိုင်းရင်းသား ှစငခန အရသာ အားလုံးပါဝင်ပြီး ဖြစ်ပါတယ်။ ဒီထဲမှာ သက်သတ်လွတ် ဗမာအရ သာ ဟင်းချက်အနှစ်မှုန့်ကကျတော့ ဒီထဲက ပါဝင်ပစ္စည်းတွေ အားလုံးက သက်သတ်လွတ်တယ်လို့ ပြောချင်တာပေါ့။ ကြက်၊ ဝက်၊ ပုစွန် အသားငါးတွေနဲ့လည်းချက်လို့ရသလို အသီးအနှံတွေနဲ့ လည်း ချက်လို့ရပါတယ်။ သက်သတ်လွတ်စားတဲ့ ရက်ဆိုရင် ဟင်းချက်အနှစ်မှုန့်လေးနဲ့ အာလူး၊ ခရမ်းသီး ချက်စားလို့ရပါ တယ်။
ဒီထုတ်ကုန်လေးတွေကို ထုတ်လုပ်ရတဲ့ ရည်ရွယ်ချက်လေး သိပါ ရစေ။
ဒီထုတ်ကုန်လေးတွေကို ထုတ်လုပ်ရတဲ့ ရည်ရွယ်ချက်က အလုပ်အရမ်းများတဲ့ အိမ်ရှင်မတွေ အလုပ်ကနေပြန်လာပြီးတော့ အလုပ်ပင်ပန်းလာတဲ့အချိန်မှာ ကြက်သွန်တွေ မကိုင်ချင်ဘူး။အနံ့တွေစွဲတယ်။ အဲအချိန်မှာ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူနဲ့ ဒီဟင်းချက် အနှစ်မှုန့်နဲ့ ချက်လိုက်မယ်ဆိုလို့ရှိရင် သူတို့အနေနဲ့ မပင်ပန်းတော့ဘူး။ နောက်တစ်ချက်က နိုင်ငံခြားကို ရောက်နေ တဲ့သူတွေ၊ ကျောင်းတက်နေတဲ့သူတွေ၊ အလုပ်လုပ်နေတဲ့သူတွေ အနေနဲ့ သူတို့က မြန်မာအရသာကို ချက်စားချင်တယ်။ကြက် သွန်တွေလှီးပြီး ချက်ဖို့အတွက် အလုပ်ရှုပ်တဲ့အခါကျတော့ ဟင်း ချက်အနှစ်မှုန့်နဲ့ လုံးချက်ချက်လိုက်ရင် အခုလိုမျိုး အရသာလေး ရသွားပါတယ်။ အဲဒီအတွက်ကို ရည်ရွယ်ပြီးတော့ ထုတ်လုပ်ထား တာဖြစ်ပါတယ်။
လက်ရှိမှာရော ဈေးကွက်ထဲ ထိုးဖောက်မှုအခြေအနေ ဘယ်လိုရှိပါ သလဲ။
ဈေးကွက်ထိုးဖောက်တဲ့နေရာမှာ Modern trade တွေ တင်ဖို့အတွက်ကတော့ ညှိနှိုင်းပြီးတော့ သွားရတယ်။ အဓိကတော့ ကျွန်မတို့ဆီကို ဂျပန်ကိုယ်စားလှယ်တွေလည်း လာပြီး ဆက်သွယ် ကြတယ်။ အဲဒါလေးတွေအတွက်လည်း ချိတ်ဆက်ပြီးတော့ လုပ် နေပါတယ်။ ဒီထက်ပိုပြီးတော့လည်း အဆင်ပြေအောင် လုပ်ကိုင် ကြိုးပမ်းနေပါတယ်။ တချို့ကတော့ ကချင် ချက်ကြိုက်တဲ့သူရှိသလို ဗမာချက် ကြိုက်တဲ့သူလည်းရှိပါတယ်။ အလုပ်များတဲ့သူတွေက တော့ ဒီဟင်းချက်အနှစ်မှုန့်ကို တော်တော် သဘောကျ ကြတယ်။တချို့ကျတော့ အိမ်မှာနေရင်း ချက်စားလို့လည်းရသလို လွယ်လင့် တကူ ချက်စားလို့ရတာကြောင့် ကြိုက်နှစ်သက်မှု များပါတယ်။ အရမ်းအလုပ်များတဲ့သူတွေအတွက် ဟင်းချက်အနှစ်မှုန့်က အရမ်းကိုလွယ်ကူစေပါတယ်။ တချို့က ကချင်ချက်ဟင်းတွေဖြစ် တဲ့ ငါးကချင်ပေါင်း၊ ကြက်ကချင်ချက်၊ ငါးကချင်ချက်တွေကို အရမ်းစားချင်ကြတယ်။ ဒါပေမဲ့ တချို့က ကချင်ချက်ဟင်းကို မချက်တတ်ကြဘူး။ ဒီဟင်းချက်အနှစ်မှုန့်နဲ့ကျတော့ အဆင်ပြေ တယ်လို့ ်feedback တွေ ပြန်လာပါတယ်။
ပြည်ပကနေရော မှာယူတာမျိုးရှိပါသလား။
ဟုတ်ကဲ့ရှိပါတယ်။ ပြည်ပကနေလည်း မှာယူတာတွေ ရှိပါ တယ်။ တချို့တွေကလည်း အသေးစား၊ အလတ်စား ဈေးရောင်း ပွဲတော်တွေကို သွားရင်းနဲ့မှ နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့ အလုပ်လုပ်နေတဲ့သူတွေအတွက် ပို့ဖို့ဆိုပြီးတော့ လတ်လတ် ဆတ်ဆတ် ဟာလေးတွေကို မှာယူကြတာတွေရှိပါတယ်။ အဲဒါ လေးတွေကို ပို့ပေးရပါတယ်။ ဒါကြောင့်မို့လည်း အသေးစား၊ အလတ်စား ထုတ်ကုန်ပြပွဲတွေမှာ ဝင်ရောက်ပြသရောင်းချဖြစ်ရ တဲ့အကြောင်းရင်းကတော့ အများပြည်သူအတွက် ဟင်းချက် အနှစ်မှုန့်ကို သိလာစေရေး ရည်ရွယ်ပါတယ်။ နောက်ပိုင်းကျရင် တော့ ထုတ်ကုန်တွေကိုModern Trade တွေကနေ သွားမှာဖြစ်ပါ တယ်။
ဖြည့်စွက်ပြောချင်တာများရှိပါသလား။
ထုတ်ကုန်တွေက အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) အသိအမှတ်ပြု လက်မှတ်ရရှိထားပြီးသားဖြစ်ပါ တယ်။ နောက်ပြီးတော့ ထုတ်ကုန်တွေမှာ အချိုမှုန့် လုံးဝမသုံးထား ပါဘူး။ တာရှည်ခံဆေးတွေလည်း လုံးဝမသုံးထားပါဘူး။အရောင် တင်မှုန့်တောင်မှပဲ ဆိုးဆေးလွတ်တဲ့ အရောင်တင်မှုန့်ကိုပဲ အဓိက ထားပြီးသုံးထားပါတယ်။ ဒီဟင်းချက်အနှစ်မှုန့်ရဲ့ ကုန်ကြမ်းကို အဓိကအားဖြင့် ပြည်တွင်းကထွက်ရှိတဲ့ ကုန်ကြမ်းတွေနဲ့ပဲ သုံး ပေးထားပါတယ်။ အချိုကိုကျတော့ မုန်လာဖူးကနေမှ ဂျပန်နည်း ပညာနဲ့ အချိုကိုလုပ်ပြီးတော့မှ အဲဒီကအချိုကို ရယူသုံးစွဲထား တာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ လွယ်လွန်းလို့ ဟင်းချက် အနှစ်မှုန့်ကို မှာယူမယ်ဆိုရင် စူပါးမားကတ်ကသော် လည်း ကောင်း ၊ အွန်လိုင်းလူမှုကွန်ရက်က နေသော်လည်းကောင်း မှာယူ လို့ရပါတယ်။ ပြောချင်တာကတော့ ဒီဟင်းချက်အနှစ်မှုန့်က အလုပ်အရမ်းရှုပ်နေတဲ့ အိမ်ရှင်မတွေအတွက်ကို ရည်ရွယ်ပါ တယ်။ ဟင်းသိပ် မချက်တတ်တဲ့သူတွေ၊ နိုင်ငံခြားမှာ အလုပ်လုပ် ကိုင်နေတဲ့သူတွေ ဟင်းချက်ဖို့ ခက်ခဲနေတာတွေအတွက် ဟင်း ချက် တတ်စရာမလိုပါဘူး။ အသားထဲကို ဟင်းချက်အနှစ်မှုန့် ထည့် ဆီလေးတစ်ဇွန်း၊ နှစ်ဇွန်း လိုသလောက်လေးထည့်ပြီးတော့ မှ ရေလေးထည့်ပြီး ချက်လိုက်ရုံနဲ့ အဆင်ပြေပါတယ်။အဲဒီအတွက် ကြောင့်မို့ ကိုယ်တိုင်ချက်ပြုတ်လို့ရအောင် ရည်ရွယ်ထုတ်လုပ် ထားတာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
တိဗ္ဗ
