Main menu

Background

မကွေးဈေးကွက်မှာ ပဲစင်းငုံနီပစ္စည်း လက်ကျန် နည်းနေပေမယ့် ရန်ကုန်ဝယ်လိုအား ပုံမှန်ရှိ

Thu, 03/12/2015 - 20:05 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၀)

မကွေးဈေးကွက်မှာ  ဒီတစ်ပတ်   ပဲစင်းငုံနီကိုExport  အတွက် ဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်က ဝယ်လိုအားပုံမှန်ရှိ ပေမယ့် ရောင်းသူကုန်သည်ဘက်မှာတော့ ပစ္စည်းလက်ကျန်နည်း နေကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ကို ၁၄၆၀ ကျပ် (တစ်တန်ကို ၈၉၄၀၈၉ ကျပ်)ဈေးဖြင့် တစ်ရက် ကို အိတ် ၂၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။ မြို့ခံပဲခွဲစက် လုပ်ငန်းရှင်များက ကုလားပဲ (ထိုင်ဝမ်)(အသစ်)ကို တစ်ပိဿာ ၈၅၀ ကျပ် (တစ်တန်ကို ၅၂၀၅၃၁ ကျပ်) ဈေးဖြင့် ဝယ်ယူလိုပေ မယ့် ရောင်းသူကုန်သည်များက ဈေးအမြင့်မှန်းထားတာကြောင့် အရောင်းအဝယ်အေးခဲ့တယ်လို့  ဈေးကွက်အတွင်းမှ သိရပါ တယ်။