Main menu

Background

မကွေး မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Tue, 03/28/2023 - 16:28 -- journal_editor

မတ် ၁၃ ရက်မှ ၁၇ ရက်အတွင်း မကွေးမြို့ မြို့မဈေးတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည်လျှင် ကျပ် ၅၀ဝ၀ ၊ မြောင်းမြပေါ်ဆန်း တစ်ပြည်လျှင် ကျပ် ၃၅၀ဝ၊ ကုန်းဇောင်း (ဧရာပဒေသာ) တစ်ပြည်လျှင် ကျပ် ၂၈၀ဝ၊ မြောင်းမြ(ဧရာပဒေသာ) တစ်ပြည်လျှင် ကျပ် ၃၀ဝ၀ နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာလျှင်  ကျပ် ၁၈၀ဝ ၊ (လတ်)တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၊ (သေး)တစ်ပိဿာလျှင်  ကျပ် ၁၀ဝ၀၊ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀၊  (ရှမ်း)တစ်ပိဿာလျှင် ကျပ် ၄၅၀ဝ၊ ငရုတ်သီးခြောက် (အရှည်) တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ၀၊ မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ မှ ၇၀ဝ၀အတွင်း၊ ဆားတစ်ပိဿာလျှင် ကျပ် ၅၀ဝ မှ ၁၀ဝ၀ အတွင်း၊  အာလူးတစ်ပိဿာလျှင်  ကျပ် ၂၀ဝ၀ မှ  ၂၂၀ဝ အတွင်း၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ မှ ၁၅၀ဝ နှင့် ကြက်ဥလက်လီဈေးမှာ တစ်လုံးလျှင် ကျပ် ၂၂၀ မှ ၂၆၀ အထိဖြစ်သည်။ 
မြို့မဈေး၏ အသား/ငါးဈေးနှုန်းများမှာ ကြက်သား(CP)တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀ မှ ၁၄၀ဝ၀ ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင်  ကျပ် ၁၄၀ဝ၀ မှ ၁၆၀ဝ၀ ထိ၊ အမဲသား တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ၀မှ ၁၆၀ဝ၀ ထိ၊ ဝက်သား တစ် ပိဿာလျှင် ကျပ် ၁၆၀ဝ၀ မှ ၁၈၀ဝ၀ထိ၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ၀ မှ ၂၀ဝ၀ဝ ထိ၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ် ၈၀ဝ၀ မှ ၁၆၀ဝ၀ ထိ ရောင်းဝယ်နေကြောင်း သိရသည်။
စားသုံးဆီဈေးနှုန်းမှာ ပဲဆီတစ်ပိဿာလျှင် ကျပ် ၁၂၀ဝ၀၊ နှမ်းဆီ တစ် ပိဿာလျှင် ကျပ် ၁၁၅၀ဝ၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၇၂၀ဝ ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးအတွင်းရှိ ဈေးသည်များထံမှ သိရှိရသည်။                                   

မိုးမိုးခိုင်