Main menu

Background

မကွေးမှာ ပဲစင်းငုံနီဈေးကျပြီး နှမ်းဖြူဈေးငြိမ်

Mon, 04/25/2011 - 07:49 -- Anonymous (not verified)

မကွေးကုန်စည်ဒိုင်

စဉ် အမျိုးအမည်            ရေတွက်ပုံ            ဈေးနှုန်း(ကျပ်)             ပြောင်းလဲမှု
                                                   ယခင်အပတ် ယခုအပတ်
၁ ကုလားပဲ                       ၁ ပိဿာ          ၈၃၂       ၈၆ဝ
၂ ပဲတီစိမ်းကြီး                   ၁ ပိဿာ         ၁၂၁၁       ၁၂၁၁
၃ နှမ်းဖြူ                          ၁ ပိဿာ         ၁၇၃၄        ၁၇၃၄
၄ ပဲစင်းငုံနီ                       ၁ ပိဿာ           ၉၅ဝ        ၉၄ဝ
ဆက်သွယ်ရန် ဖုန်း-ဝ၆၃-၂၃၆၅၅

 မကွေးမှာ ပဲစင်းငုံနီဈေးကျပြီး နှမ်းဖြူဈေးငြိမ်

           ပဲစင်းငုံနီကို မကွေးဈေးကွက်သို့ အဝင်နည်းလာသလို ရန်ကုန်ဝယ်လက်ကလည်း ဈေးလျော့အဝယ်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၄ဝ ကျပ် (တစ်တန်ကို ၅၇၅၆၄၆ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်အဝယ် ရှိခဲ့ကြောင်း သိရပါတယ်။ နှမ်းဖြူကို ရန်ကုန်-မန္တလေးဝယ်လက် ကဝယ်အားအထိုက်အလျောက်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်ေ့ နတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၁၇၃၄ ကျပ်(တစ်တန်ကို ၁ဝ၆၁၈၈၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၅၅ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်တစ်ဦး ကဆိုပါတယ်။