Main menu

Background

မန္တလေးကုန်စည်ဒိုင်၏ မြေပဲဆန်နှင့်နှမ်း ဈေးနှုန်းဈေးကွက်အခြေအနေ

Mon, 11/28/2022 - 14:17 -- journal_editor

နိုဝင်ဘာလ တတိယပတ်တွင် မန္တလေးကုန်စည်ဒိုင်သို့ မကွေး၊ နတ်မောက်၊ စစ်ကိုင်း၊ ဝက်လက်၊ နွားထိုး၊ မြင်းမူ၊ ကျောက်ဆည်၊ မလှိုင်၊ မြင်းခြံ၊ ပခုက္ကူဘက်မှ မြေပဲဆန်အသစ် များ ဝင်ရောက်လျက်ရှိပြီး မြေပဲလုံးဆန်နီများကို တရုတ်ဝယ် လက်က ဝယ်ယူလျက်ရှိ၍ ဈေးမြင့်လာကာ ဆီဆန်များကို ဆီ စက်များက ဝယ်ယူ လျက်ရှိကြောင်း သိရသည်။ မန္တလေးကုန် စည်ဒိုင်သို့ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နှင့် မန္တလေးအနီးတစ် ဝိုက်မှ နှမ်းအသစ်များ ဝင်ရောက်နေပြီး အရောင်းဝယ်အေး ဈေးအေးနေကာ တရုတ်ဝယ်လက်က အနည်းငယ် ဝယ်ယူမှုရှိ ကြောင်း သိရသည်။  နှမ်းဖြူနှင့် နှမ်းညိုမှာ ယခင်တစ်ပတ် အတိုင်း ဈေးငြိမ်နေပြီး ယခင်လထက် ဈေးကျဆင်းခဲ့သည်။ နှမ်းနက်(စမုံ)မှာ ယခင် တစ်ပတ်ထက် ကျပ် ၁၀ဝ၀ဝ မှ ကျပ် ၁၅၀ဝ၀ ထိ ဈေးမြင့်လာပြီး ယခင်လထက် ဈေးကျဆင်းလာခဲ့ သည်။
မြေပဲလုံးဆန်(ဖြူ) တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင် ကျပ် ၅၃၀ဝ မှ ၅၄၀ဝ ဈေးရှိပြီး ယခင်တစ်ပတ်ထက် ကျပ် ၁၀ဝ မြင့်တက်လာကာ ယခင်လထက်ကျပ် ၄၀ဝ ကျဆင်းခဲ့ သည်။
မြေပဲလုံးဆန်(အနီ) တစ်ပိဿာဈေးမှာ ယခုတစ်ပတ် တွင် ကျပ် ၅၇၀ဝ မှ ၆၀ဝ၀ ဈေးရှိပြီး ယခင်တစ်ပတ်ထက် ကျပ် ၅၀ဝ မှ၇၀ဝ၊  ယခင်လထက် ကျပ် ၂၀ဝ မြင့်တက်လာ သည်။
မြေပဲ(ဆီဆန်) တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင် ကျပ် ၄၈၀ဝ မှ ၅၁၀ဝ ဈေးရှိပြီး ယခင်တစ်ပတ်ထက် ကျပ် ၁၀ဝ မြင့်တက်လာကာ ယခင်လထက် ကျပ် ၄၀ဝ ကျဆင်းခဲ့ သည်။ 
နှမ်းဖြူ(ရိုးရိုး) ၄၅ ပိဿာဝင် သုံးတင်း တစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၇၀ဝ၀ဝ ဈေးရှိပြီး ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေကာ ယခင်လထက် ကျပ် ၁၀ဝ၀ဝ ကျဆင်းလာသည်။
နှမ်းညို ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခု တစ်ပတ် ကျပ် ၂၂၅၀ဝ၀ ဈေးရှိပြီး ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေကာ  ယခင်လထက် ကျပ် ၁၀ဝ၀ဝ မှ ၁၅၀ဝ၀ ကျဆင်းလာခဲ့သည်။
နှမ်းနက်(စမုံ) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၅၀ဝ၀ဝ မှ ၃၀ဝ၀ဝ၀ ဈေးရှိပြီး ယခင် တစ်ပတ်ထက် ကျပ် ၁၀ဝ၀ဝ မှ ၁၅၀ဝ၀၊ ယခင်လထက် ကျပ် ၁၀ဝ၀ဝ မှ ၂၀ဝ၀ဝ ကျဆင်းလာခဲ့သည်။
 မြင့်မြင့်လှိုင် (ရတနာပုံကုန်သွယ်မှုဗဟိုဌာန)