Main menu

Background

မန္တလေးကုန်စည်ဒိုင်၌ ပြောင်းဖူးစေ့  ဈေးမြင့်လာပြီး နှမ်းဈေး အေးနေ

Tue, 12/13/2022 - 11:51 -- journal_editor

နိုဝင်ဘာလ နောက်ဆုံးပတ်တွင်  မန္တလေးကုန်စည်ဒိုင်သို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ပျဉ်းမနား၊ တပ်ကုန်းဘက်မှ ပြောင်းဖူးစေ့အသစ်များ ဝင်ရောက်နေပြီး ရန်ကုန်သင်္ဘောတင်ဝယ်လက်နှင့်  တိရစ္ဆာန်အစာတောင့်စက်ရုံများမှ ဝယ်ယူလျက်ရှိကြောင်း သိရသည်။ 
မန္တလေးကုန်စည်ဒိုင်သို့ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်နှင့်မန္တလေး အနီးတစ်ဝိုက်မှ နှမ်းအသစ်များဝင်ရောက်နေပြီး ဝယ်လက်က အနည်းငယ် ဝယ်ယူမှုရှိကြောင်း၊ ပြည်ပတင်ပို့မှု မရှိသောကြောင့် အရောင်းအဝယ်အေး ဈေးအေးလာကြောင်း သိရသည်။ ရှမ်းပြောင်းဖူးစေ့ ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ  တစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၆၀၅၀ဝ မှ ၆၀ဝ၀ဝ ဈေးရှိခဲ့ပြီး  သုံးတင်းတစ်အိတ်လျှင်   ယခင်တစ်ပတ်ထက် ကျပ် ၂၅၀ဝ မှ ၅၀ဝ၀၊  ယခင်လထက် ကျပ် ၆၅၀ဝ မှ ၇၀ဝ၀ မြင့်တက်လာသည်။ 
စီပီပြောင်း ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ်  ကျပ် ၆၀၅၀ဝ မှ ၆၀ဝ၀ဝဈေးရှိခဲ့ပြီး သုံးတင်းတစ်အိတ်လျှင် ယခင်တစ်ပတ်ထက် ကျပ်၂၅၀ဝမှ ၃၅၀ဝ၊ ယခင်လထက် ကျပ် ၆၅၀ဝ မြင့် တက်လာသည်။ 
ဗမာပြောင်းဖူးစေ့ ၅၄ ပိဿာဝင်  သုံးတင်းတစ်အိတ် ဈေးနှုန်း မှာ ယခုတစ်ပတ် ကျပ် ၅၉၀ဝ၀ ဈေးရှိခဲ့ပြီး သုံးတင်းတစ်အိတ်လျှင်   ယခင်တစ်ပတ်ထက် ကျပ်၂၀ဝ၀ မှ ၄၀ဝ၀၊  ယခင်လထက်  ကျပ် ၅၅၀ဝ မှ ၆၀ဝ၀ မြင့်တက်လာသည်။ 
နှမ်းဖြူ(ရိုးရိုး)   ၄၅ပိဿာဝင်  သုံးတင်း တစ်အိတ်လျှင် ယခုတစ်ပတ် ကျပ်  ၂၃၇၀ဝ၀ ဈေးရှိခဲ့ပြီး   ယခင်တစ်ပတ်ထက်  ကျပ် ၂၁၀ဝ၀မှ ၂၃၀ဝ၀၊ ယခင်လထက် ကျပ်  ၃၈၀ဝ၀ မှ ၄၃၀ဝ၀  ကျဆင်းခဲ့သည်။ နှမ်းညို ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင်  ယခုတစ်ပတ် ကျပ်   ၂၂၀ဝ၀ဝ ဈေးရှိခဲ့ပြီး  ယခင်တစ်ပတ်ထက်  ကျပ် ၅၀ဝ၀၊ ယခင်လထက် ကျပ် ၁၀ဝ၀ဝ မှ ၁၅၀ဝ၀ ကျဆင်းခဲ့သည်။ နှမ်းနက်(စမုံ) ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်  ကျပ် ၂၅၀ဝ၀ဝဈေး ရှိခဲ့ပြီး ယခင် တစ်ပတ်ထက် ကျပ် ၂၀ဝ၀ဝ ၊ယခင် လထက် ၅၀ဝ၀ဝ ကျဆင်းခဲ့သည်။
မြင့်မြင့်လှိုင် (ရတနာပုံကုန်သွယ်မှုဗဟိုဌာန)