Main menu

Background

မန္တလေးကုန်စည်ဒိုင် မြေပဲဆန်၊ ပြောင်းဖူးစေ့နှင့် နှမ်းဈေးကွက်

Tue, 12/20/2022 - 12:19 -- journal_editor

မန္တလေးကုန်စည်ဒိုင်သို့   နွားထိုး၊ အောင်လံ၊ မြင်းမူဘက်မှ   မြေပဲဆန်များ၊ ရှမ်းပြည်နယ်ဘက်မှ ရှမ်းမြေပဲများ ဝင်ရောက်လျက်ရှိကြောင်း၊ အညာကျွန်းဘက်မှ စိုက်ပျိုးမည့် မျိုးမြေပဲများ ဝယ်ယူနေပြီး ဆီဆန်များကို ဆီစက်များမှ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
မြေပဲလုံးဆန်(ဖြူ)တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင် ကျပ် ၅၃၀ဝမှ ၅၁၀ဝ၊ ယခင်တစ်ပတ်ကကျပ် ၅၄၅၀ မှ ၅၃၀ဝ၊ ယခင်လက ကျပ် ၅၄၀ဝ မှ ၅၃၀ဝ ဖြစ်သည်။ ယခင်တစ်ပတ် ထက် ကျပ် ၁၅၀ မှ ၂၀ဝ၊ ယခင်လထက် ကျပ် ၁၀ဝ မှ ၂၀ဝ နိမ့်ကျလာသည်။
မြေပဲလုံးဆန်(အနီ)တစ်ပိဿာဈေးမှာ ယခုတစ်ပတ် တွင်  ကျပ် ၅၅၀ဝ မှ ၅၈၀ဝ ၊ ယခင်တစ်ပတ်က ကျပ် ၅၅၀ဝမှ ၅၈၀ဝ၊ ယခင်လက ကျပ် ၅၇၀ဝ မှ ၆၀ဝ၀ ဖြစ်သည်။ ယခင် တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး   ယခင်လထက် ကျပ် ၂၀ဝ နိမ့်ကျလာသည်။
မြေပဲ(ဆီဆန်)တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင် ကျပ်၄၆၀ဝ မှ ၄၇၀ဝ ယခင်တစ်ပတ်က ကျပ် ၄၈၀ဝ မှ ၅၀ဝ၀၊ ယခင်လက ကျပ် ၄၈၀ဝ မှ ၅၁၀ဝ ဖြစ်သည်။ ယခင်တစ်ပတ် ထက် ကျပ် ၂၀ဝ မှ ၃၀ဝ၊ ယခင်လထက်  ကျပ် ၂၀ဝ မှ ၄၀ဝ နိမ့်ကျလာသည်။ 
ရှမ်းပြောင်းဖူးစေ့ ၅၄ ပိဿာဝင်  သုံးတင်းတစ်အိတ် ဈေးနှုန်းမှာ တစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၅၅၀ဝ၀ မှ ၅၆၀ဝ၀၊ ယခင် တစ်ပတ်က   ကျပ် ၅၅၀ဝ၀ မှ ၅၇၀ဝ၀ ၊ ယခင်လက ကျပ် ၅၈၀ဝ၀ မှ ၅၉၀ဝ၀ ဖြစ်သည်။ ယခင်တစ် ပတ်ထက် ကျပ် ၁၀ဝ၀၊ ယခင်လထက် ကျပ် ၃၀ဝ၀ နိမ့်ကျ လာသည်။ 
စီပီပြောင်း ၅၄ ပိဿာဝင်သုံးတင်း တစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ်တွင်   ကျပ် ၅၆၀ဝ၀၊  ယခင်တစ်ပတ်က ကျပ် ၅၆၀ဝ၀ မှ ၅၇၀ဝ၀၊  ယခင်လက ကျပ် ၅၈၀ဝ၀ မှ ၅၉၀ဝ၀ ဖြစ်သည်။  ယခင်တစ်ပတ်ထက် ကျပ် ၁၀ဝ၀၊ ယခင်လထက် ကျပ် ၂၀ဝ၀ မှ ၃၀ဝ၀ နိမ့်ကျလာသည်။  ဗမာပြောင်းဖူးစေ့ ၅၄ ပိဿာဝင်သုံးတင်း တစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ် တွင် ကျပ် ၅၄၀ဝ၀မှ ၅၅၀ဝ၀၊ ယခင်တစ်ပတ်ကကျပ် ၅၅၀ဝ၀ မှ ၅၆၀ဝ၀၊ ယခင်လက ကျပ် ၅၆၅၀ဝ မှ ၅၇၀ဝ၀ ဖြစ်သည်။  ယခင်တစ်ပတ်ထက် ကျပ် ၁၀ဝ၀၊ ယခင်လထက်  ကျပ် ၂၀ဝ၀ မှ ၂၅၀ဝ နိမ့်ကျလာသည်။
နှမ်းဖြူ(ရိုးရိုး) ၄၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခု တစ်ပတ်တွင်  ကျပ် ၂၅၀ဝ၀ဝ၊ ယခင်တစ်ပတ်က ကျပ် ၂၄၃၀ဝ၀ မှ ၂၅၂၀ဝ၀၊ ယခင်လက ကျပ် ၂၆၅၀ဝ၀မှ၂၇၀ဝ၀ဝ ဖြစ်သည်။ ယခင်တစ်ပတ်ထက်   ကျပ် ၂၀ဝ၀ ၊ ယခင်လ ထက်ကျပ် ၂၀ဝ၀ဝ နိမ့်ကျလာသည်။
နှမ်းညို ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခု တစ်ပတ်တွင် ကျပ် ၂၁၀ဝ၀ဝ မှ၂၀၅၀ဝ၀၊ ယခင်တစ်ပတ်က ကျပ် ၂၀ဝ၀ဝ၀ မှ ၂၀၅၀ဝ၀၊ ယခင်လက ကျပ် ၂၂၀ဝ၀ဝ မှ ၂၂၅၀ဝ၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်   ကျပ် ၅၀ဝ၀ မြင့်တက်လာပြီး ယခင်လထက် ကျပ်၁၀ဝ၀ဝမှ၁၅၀ဝ၀နိမ့်ကျ လာသည်။နှမ်းနက်(စမုံ) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၅၅၀ဝ၀ မှ ၂၁၀ဝ၀ဝ ယခင်တစ်ပတ် က ကျပ် ၂၅၅၀ဝ၀ မှ ၂၁၀ဝ၀ဝ၊ ယခင်လက ကျပ် ၂၅၀ဝ၀ဝ မှ ၃၀ဝ၀ဝ၀ ဖြစ်သည်။ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေ ပြီး ယခင်လထက် ၄၀ဝ၀ဝ မှ ၄၅၀ဝ၀ နိမ့်ကျလာသည်။
မြင့်မြင့်လှိုင်(ရတနာပုံကုန်သွယ်မှုဗဟိုဌာန)