Main menu

Background

မန္တလေးကုန်စည်ဒိုင်၏ ကုလားပဲဈေးနှုန်းမြင့်တက်လာ

Tue, 02/28/2023 - 15:06 -- journal_editor

ဖေဖော်ဝါရီလ တတိယပတ်အတွင်း မန္တလေးကုန်စည် ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံ  အရောင်းအဝယ်ဖြစ်လျက်ရှိရာ ကုလားပဲအုပ်စုအနေဖြင့် ပြည်တွင်းသုံးစွဲမှု မြင့်မားလာကာ၊ ပြည်ပပို့ကုန်သမားများ ဝယ်ယူနေခြင်း၊ ပြည်တွင်းပဲခွဲစက်များ အဝယ်လိုက်နေခြင်း၊ ပို့ကုန်ပဲများကို တရုတ်နှင့်  အိန္ဒိယမှ ဝယ်ယူနေသောကြောင့် ဈေးမြင့်လာခြင်းနှင့်အတူ ပြည်တွင်း သုံးပဲများလည်း ဈေးကောင်းရရှိနေကြောင်း မန္တလေးကုန်စည် ဒိုင် ဈေးကွက်မှသိရသည်။
ကုလားပဲဖြူလုံးကြီး (V-2) ၅၆.၂၅ ပိဿာဝင် သုံးတင်း တစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၁၈၈၀ဝ၀ မှ ယခင်တစ် ပတ် ကျပ် ၁၈၅၀ဝ၀ မှ ၁၈၆၀ဝ၀၊ ယခင်လ ကျပ် ၁၈၄၀ဝ၀ မှ ၁၈၅၀ဝ၀ ဖြစ်ခခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀ဝ၀ မှ ၃၀ဝ၀၊ ယခင်လထက် ကျပ် ၃၀ဝ၀ မှ ၄၀ဝ၀ မြင့်တက် လာသည်။
ကုလားပဲ (ထိုင်ဝမ်)  ၅၇.၂၅ ပိဿာဝင် သုံးတင်းတစ် အိတ်လျှင် ယခုတစ်ပတ် ကျပ် ၁၈၂၀ဝ၀၊ ယခင်တစ်ပတ် ကျပ် ၁၇၇၀ဝ၀၊ ယခင်လ ကျပ် ၁၆၈၀ဝ၀ ဖြစ်ခဲ့သည်။ ယခင်တစ် ပတ်ထက် ကျပ် ၅၀ဝ၀ ၊ ယခင်လ ကျပ် ၁၄၀ဝ၀ မြင့်တက်လာ သည်။
ကုလားပဲ(၉၂၉) ၅၆.၂၅ ပိဿာဝင် သုံးတင်း တစ်အိတ် လျှင် ယခုတစ်ပတ် ကျပ်  ၁၈၀၅၀ဝ၊ ယခင်တစ်ပတ် ကျပ် ၁၈၁၀ဝ၀၊ ယခင်လ ကျပ် ၁၇၁၀ဝ၀ မှ ၁၇၂၀ဝ၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀ဝ  နိမ့်ကျလာပြီး၊ ယခင်လထက် ကျပ် ၈၅၀ဝ မှ ၉၅၀ဝ မြင့်တက်လာသည်။
ကုလားပဲဖြူလုံးကြီး(V-7) ၅၇.၂၅ ပိဿာဝင် သုံးတင်း တစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၁၈၆၀ဝ၀၊  ယခင်တစ်ပတ် ကျပ် ၁၈၅၀ဝ၀ မှ ၁၈၆၀ဝ၀၊ ယခင်လ ကျပ် ၁၈၇၀ဝ၀ ဖြစ်ခဲ့ သည်။  ယခင်တစ်ပတ်ထက် ကျပ် ၁၀ဝ၀ မြင့်တက်လာပြီး ယခင်လထက် ကျပ် ၁၀ဝ၀ နိမ့်ကျလာသည်။

မြင့်မြင့်လှိုင်(ရတနာပုံကုန်သွယ်မှုဗဟိုဌာန)