မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်ခရိုင် မြစ်သား မြို့နယ်တွင် နနွင်း ကို အများအပြား စိုက်ပျိုးကြသည်။ ယခင်နှစ် ဇွန်၊ ဇူလိုင်လများတွင် စိုက် ပျိုးခဲ့သည့် နနွင်းများကို ယခုနှစ် ဇန်န ဝါရီလဆန်းပိုင်းတွင် စတင်တူးဖော်ခဲ့ပြီး ဖေဖော်ဝါရီလတွင် လှိုင်လှိုင်ထွက်ပေါ် လာပြီဖြစ်ကြောင်း သိရသည်။
နနွင်းတစ်ဧကလျှင် မျိုး၊ သွင်း အားစု၊ လုပ်အားခ စုစုပေါင်းကျပ် ၂၅ သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧက အထွက်နှုန်းမှာ မြေဆီနှင့် မြေသြဇာ ထည့်သွင်းမှုပေါ် မူတည်ပြီး အထွက် နှုန်း ကွာခြားကြောင်း၊ နနွင်းတက်အစို လှည်း ၁၀ စီးမှ ၁၃ စီးခန့်ထိ ထွက်ရှိပြီး တစ်စီးလျှင် ၂၅ တင်း ဝင်ဆံ့သော ကြောင့် တစ်ဧကလျှင် တင်း ၂၅၀ မှ ၃၂၅ တင်းရရှိကြောင်း၊ လတ်တလော တွင် စိုက်ခင်းဈေး နနွင်းအစိုတစ်တင်း လျှင် ကျပ် ၂၃၀ဝ၀ ခန့် ဖြင့် ရောင်းချနေ ရကြောင်း မြစ်သားမြို့နယ်၊ မင်းစုရွာ နနွင်းစိုက် တောင်သူများထံမှ သိရ သည်။
ရောင်းဝယ်မှုအနေဖြင့် ကုန်သည် များက စိုက်ခင်းအရောက် လာရောက် ဝယ်ယူပြီး မန္တလေးနှင့် ရန်ကုန်ပွဲရုံများ သို့ တင်ပို့မှုရှိကြောင်း၊ အချို့စိုက်ခင်းရှင် များကိုယ်တိုင် မြစ်သား၊ ကူမဲ၊ ကျောက် ဆည်နှင့် မန္တလေးပွဲရုံများသို့ တင်ပို့ ရောင်းချမှုရှိကြောင်း သိရသည်။
နနွင်းမှာ ပြည်တွင်း၊ ပြည်ပ ဈေး ကွက်ရှိခြင်း၊ အခြားသီးနှံထက် ဈေး ကောင်းရခြင်း၊ အကျိုးအမြတ် သေချာ ခြင်း စသည့် အကျိုးကျေးဇူးများကြောင့် တိုးချဲ့စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုး ဖြစ်ကြောင်း ကျောက်ဆည်ခရိုင် နနွင်း စိုက်တောင်သူများ၏ ပြောကြားချက် အရ သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် ပဲပုပ်ကို မိုးသီးနှံအဖြစ် မေလနှင့် ဇွန်လများတွင် စိုက်ပျိုး၍ သြဂုတ်နှင့် စက်တင်ဘာလ များတွင် ထွက်ပေါ်ပြီး ဆောင်းသီးနှံကို နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် စိုက် ပျိုးကာ ဖေဖော်ဝါရီနှင့် မတ်လများတွင် ထွက်ပေါ်လေ့ရှိသည်။ ပဲပုပ်သည် ပြည် တွင်းစားသုံးမှုရှိသည့် သီးနှံဖြစ်သည့် အပြင် ပြည်ပသို့လည်း တင်ပို့လျက်ရှိ သည်။
မန္တလေးကုန်စည်ဒိုင် ဈေးကွက် သို့ ရှမ်းပြည်နယ်မှ စိုက်ပျိုးထွက်ရှိသည့် ပဲပုပ်များအပြင် တိုင်းအတွင်း ထွက်ရှိ သည့် ပဲပုပ်များပါဝင်ရောက်၍ ရောင်း ဝယ်ကြသည်။ ယခုနှစ် သီးနှံရာသီတွင် ဆောင်းသီးနှံ ပဲပုပ်အသစ်များ ဇန်န ဝါရီလဆန်းပိုင်းမှ စတင်ဝင်ရောက် လျက်ရှိပြီး ဖေဖော်ဝါရီလတွင် အဝင် လှိုင်လာပြီး အရောင်းအဝယ်ဖြစ်နေ ကြောင်းသိရသည်။
ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ပဲပုပ်(ဗမာ)အသစ် ၅၃ ဒသမ ၂၅ ပိဿာဝင် သုံးတင်း တစ်အိတ်လျှင် ကျပ် ၂၈၅၀ဝ၀ မှ ၂၉၀ဝ၀ဝ၊ ယခင်တစ်ပတ် ကျပ် ၂၈၀ဝ၀ဝ မှ ၂၈၅၀ဝ၀၊ ယခင်လ ကျပ် ၃၀ဝ၀ဝ၀ ဖြစ်သည်။ ယခင်တစ် ပတ်ထက် ကျပ် ၅၀ဝ၀၊ ယခင်လထက် ကျပ် ၁၀ဝ၀ဝ မှ ၁၇၀ဝ၀ ဈေးမြင့်လာ ကြောင်း သိရသည်။
ပဲပုပ်(ကာဘိုး) ၅၃ ဒသမ၂၅ ပိဿာ ဝင် သုံးတင်းတစ်အိတ်လျှင် ဖေဖော်ဝါရီ လ နောက်ဆုံးပတ်တွင် ကျပ် ၃၂၀ဝ၀ဝ မှ ၃၂၅၀ဝ၀၊ ယခင်တစ်ပတ် ကျပ် ၃၃၀ဝ၀ဝ၊ယခင်လ ကျပ် ၃၁၀ဝ၀ဝ ဖြစ် သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀ဝ၀မှ ၁၀ဝ၀ဝ ဈေးနိမ့်လာပြီး ယခင် လထက် ကျပ် ၁၀ဝ၀ဝ မှ ၁၅၀ဝ၀ ဈေး မြင့်လာသည်။
ပဲပုပ်(ရှမ်း) ၅၃ ဒသမ၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ကျပ် ၃၃၀ဝ၀ဝ မှ ၃၄၀ဝ၀ဝ၊ ယခင်တစ်ပတ် ကျပ် ၃၃၀ဝ၀ဝ မှ ၃၃၅၀ဝ၀၊ ယခင်လတွင် ကျပ် ၃၂၀ဝ၀ဝမှ ၃၂၅၀ဝ၀ ဖြစ်သည်။ ယခင် တစ်ပတ်ထက် ကျပ် ၅၀ဝ၀၊ ယခင်လ ထက် ကျပ် ၁၀ဝ၀ဝ ဈေးမြင့်လာ ကြောင်း ဈေးကွက်အတွင်းမှ သိရ သည်။
Myantrade-မန္တလေး)