Main menu

Background

မန္တလေးဈေးကွက်မှာ ပဲတီစိမ်း(ခရမ်း) ကုလားပဲဖြူလုံးကြီးနဲ့ ပဲစင်းငုံနီ အရောင်းအဝယ်ပုံမှန်ဖြစ်

Thu, 03/31/2011 - 06:30 -- Anonymous (not verified)

မန္တလေးကုန်စည်ဒိုင်

စဉ် အမျိုးအမည်           ရေတွက်ပုံ      (ပြည်ပရောင်း)    (ပြည်တွင်းရောင်း)              ပြောင်းလဲမှု

                                                   ယခင်     ယခု         ယခင်    ယခု

၁ ပဲတီစိမ်းကြီး(အညာ)    ၁တန်          ၉၂၅၃၂၁-၈၇ဝ၈၁၈      -         -
၂ ပဲတီစိမ်း(ခရမ်း)          ၁ တန်       ၁၁၅၆၈ဝ၄-၁၁၅၃၇၄၂
၃ ကုလားပဲဖြူလုံးကြီး      ၁ ပိဿာ                -                    ၉၄ဝ-၉၃၄
၄ ပဲစင်းငုံနီ                  ၁ ပိဿာ                 -                 ၁ဝဝ၈-၉၅၈
၅ မတ်ပဲ                      ၁ ပိဿာ                 -                 ၁ဝ၈ဝ-၁ဝ၇ဝ

ဆက်သွယ်ရန် ဖုန်း-ဝ၂-၃၄၂၇၃

မန္တလေးဈေးကွက်မှာ ပဲတီစိမ်း(ခရမ်း) ကုလားပဲဖြူလုံးကြီးနဲ့ ပဲစင်းငုံနီ အရောင်းအဝယ်ပုံမှန်ဖြစ်

                ပဲတီစိမ်း(အညာ) ထက်စာရင် ပဲတီစိမ်း(ခရမ်း)ကို တရုတ် ဝယ်လက်က တစ်ပိဿာကို ၁၈၈၄ ကျပ် (တစ်တန်ကို ၁၁၅၃၇၄၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၅ဝဝ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ် နဲ့စာရင် ဈေးအနည်းငယ်ကျနေကြောင်း မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်နဲ့ ပဲခွဲ စက်သမားများက တစ်ပိဿာကို ၉၃၄ ကျပ်(တစ်တန်ကို ၅၁၇၉၇၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝဝ မှ ၂၅ဝဝ ကြားအဝယ်ပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ပဲစင်းငုံနီက မန္တလေးဈေးကွက်သို့ အဝင်ပုံမှန်ရှိပေမဲ့ ရန်ကုန်ဝယ်လက်က အဆွဲပြန်အေးတာကြောင့် ယခင်သီတင်းပတ်နဲ့ စာရင် ဈေးအကျဘက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။အရောင်း အဝယ် ဖြစ်မှုက တစ်ပိဿာ ၉၅၈ ကျပ်(တစ်တန်ကို ၅၈၆၆၆၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝဝ ခန့် ဖြစ်ခဲ့တယ်လို့သိရပါတယ်။ မတ်ပဲကို မြို့ခံ ပဲခွဲစက်လုပ်ငန်းရှင်များက တစ်ပိဿာ ၁ဝ၇ဝ ကျပ်(တစ်တန်ကို ၆၅၅၂၅၇ ကျပ်)နဲ့နေ့စဉ်အိတ် ၇ဝဝ ခန့်သာ အဝယ်ရှိခဲ့ပြီး ယခင်အ ပတ်နဲ့စာရင် ဈေးအနည်းငယ်ကျနေတယ်လို့ ပဲခွဲစက်လုပ်ငန်းရှင် တစ်ဦးကဆိုပါတယ်။