Main menu

Background

မန္တလေးမှာ ပဲတီစိမ်း(ခရမ်း)၊ ကုလားပဲဖြူလုံးကြီးနဲ့ ပဲစင်းငုံနီဈေးဆင်းလာ

Tue, 04/05/2011 - 04:15 -- Anonymous (not verified)

မန္တလေးကုန်စည်ဒိုင်

စဉ် အမျိုးအမည်               ရေတွက်ပုံ            (ပြည်ပရောင်း)             (ပြည်တွင်းရောင်း)                ပြောင်းလဲမှု
                                                              ယခင်    ယခု                 ယခင်    ယခု
၁ ပဲတီစိမ်းကြီး(အညာ)      ၁တန်                  ၈၇ဝ၈၁၈-၈၁၆၃၁၅          -          -
၂ ပဲတီစိမ်း(ခရမ်း)            ၁ တန်               ၁၁၅၃၇၄၂-၁၁၁ဝ၂၆၃
၃ ကုလားပဲဖြူလုံးကြီး       ၁ ပိဿာ                        -                          ၉၃၄-၉၂၆
၄ ပဲစင်းငုံနီ                     ၁ ပိဿာ                         -                          ၉၅၈-၉၅ဝ
၅ မတ်ပဲ                         ၁ ပိဿာ                         -                        ၁ဝ၇ဝ-၁၁၁၇
ဆက်သွယ်ရန် ဖုန်း-ဝ၂-၃၄၂၇၃
မန္တလေးမှာ ပဲတီစိမ်း(ခရမ်း)၊ ကုလားပဲဖြူလုံးကြီးနဲ့ ပဲစင်းငုံနီဈေးဆင်းလာ

                       ပဲတီစိမ်း(အညာ) ထိပ်စက မန္တလေးဈေးကွက်မှာ အရောင်းအဝယ်အေးနေပြီး ပဲတီစိမ်း(ခရမ်း)ကိုသာ တရုတ်က ဝယ်အားပုံမှန် ရှိခဲ့တယ်လို့ သိရပါတယ်။ မန်းဈေးကွက်သို့ ဝင်လာတဲ့ ပဲတီစိမ်း(ခရမ်း) က အရည်အသွေးညံ့တာကြောင့် တရုတ်ဝယ်လက်က ဈေးချအဝယ် ရှိနေတယ်လို့ မြို့ခံကုန်သည်တစ်ဦးကဆိုပါတယ်။ အရောင်းအဝယ် ဖြစ်မှုက တစ်ပိဿာ ၁၈၁၃ ကျပ်(တစ်တန်ကို ၁၁၁ဝ၂၆၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၅ဝဝ ကြားဖြစ်ခဲ့တယ်လို့သိရပါတယ်။ ကုလားပဲဖြူလုံးကြီးကို သြင်္ကန်အခါနီးလာတာနဲ့အမျှ ဒေသတွင်း ပဲခွဲစက်သမားများက အဝယ်အေးလာတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၂၆ ကျပ်(တစ်တန်ကို ၅၆၇ဝ၇၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၈ဝဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက်က ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံဈေးကျဆင်းနေတာကို အကြောင်းပြပြီး ဈေးလျော့အဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၅ဝ ကျပ်(တစ်တန်ကို ၅ဝ၁၇၇ဝ ကျပ်)နဲ့နေ့စဉ် အိတ် ၂ဝဝဝ ခန့်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံကုန်သည် တစ်ဦးက ဆိုပါတယ်။ မတ်ပဲကိုတော့ ဒေသတွင်းစက်သမားတွေ က တစ်ပိဿာကို ၁၁၁၇ ကျပ်(တစ်တန်ကို ၆၈၄ဝ၃၉ ကျပ်)နဲ့နေ့စဉ် အိတ် ၅ဝဝ ခန့်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။